ၾကားသိရသမွ်


ဒါမျိုးတွေက ရုပ်ရှင် ထဲမှာပဲ တွေ့ဖူးတာပါ တကယ်အပြင်မှာ တွေ့တော့ ရင်ထဲ မကောင်းလိုက်တာဗျာ

မိသားစုတစ်ခုအတွက် ပေးဆပ် လုပ်ကိုင်ခဲ့ရပြီး အိုမင်းမစွမ်း ဖြစ်လာချိန်တွင် အရုပ်လေး တစ်ရုပ်ကို အဖော်ပြုကာ အိမ်နောက်ဖေး အဆောင်လေး တစ်ခုအတွင်း နေထိုင်နေရသော အဘွားဒါမျိုးတွေက ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတာပါ တကယ်အပြင်မှာ တွေ့တော့ ရင်ထဲ မကောင်းလိုက်တာဗျာ

ဘ၀ တစ်လျောက်လုံး မိသားစုတစ်ခုအတွက် ပေးဆပ် လုပ်ကိုင်ခဲ့ရပြီး အိုမင်းမစွမ်း ဖြစ်လာချိန်တွင် အရုပ်လေး တစ်ရုပ်ကို အဖော်ပြုကာ အိမ်နောက်ဖေး အဆောင်လေး တစ်ခုအတွင်း နေထိုင်နေခဲ့ရသော အသက် ၈၇ နှစ်အရွယ် အဘွားဒေါ်တင်တင်….

သူမကို တာဝန် မယူနိုင်တော့ဟုဆိုကာ ဆည်းဆာရိပ်သို့ အပ်နှံတော့လည်း တသက်လုံး သူများစိတ်နှင့် ကိုယ့်ကိုယ် နေခဲ့ရသော အဘွားက ကြည်ကြည်ဖြူဖြူ လက်ခံခဲ့သည်။ ဆည်းဆာရိပ်မှ လာရောက်ခေါ်ယူသူများကို အဘွားက အလုပ်တော့ မလုပ်နိုင်တော့ဘူးနော်ဟု ပြောနေသဖြင့် အလုပ်လုပ်ရန် မဟုတ်ဘဲ အပြုစုခံဘဝနှင့်သာ နေရမည်ဖြစ်ကြောင်း နားလည်အောင် ရှင်းပြရသေးသည်။

သူမ၏ အဖော် ကလေး လေးကို ခေါ်လာလို့ ရမလား၊ သူက ထမင်းမစားပါဘူး၊ အမြဲတမ်း ပြုံးနေတာပါဆိုပြီး မေးလို့ ခေါ်လို့ရပါတယ် ဆိုသည့် အခါ အဘွား မှာ သူမ၏ အရုပ်ကလေး ကို ယူကာ ဝမ်းသာ အားရစွာဖြင့် ဆည်းဆာရိပ်သို့ လိုက်ပါလာခဲ့ပါတော့သည်။

Photo : ဆည်းဆာဘိုးဘွာရိပ်သာ

Credit Original writer






