တပတ်တည်းနဲ့ တပ်ဆင်ပြီး အိမ်ခြေ ၆၀ ကို ၂၄ နာရီ မီးပေးနိုင်တဲ့ဝဲကတော့တာဘိုင် နည်းပညာ (ရုပ်/သံ)
Video အောက်ဆုံးတွင်ပါဝင်သည်
ဒီ တာဘိုင်တစ်ခုဟာ အိမ်ခြေပေါင်း ဒါဇင်များစွာကို ၂၄ နာရီ မီးပေးနိုင်ပါတယ်။
မြစ်ချောင်းတွေနဲ့တူးမြောင်းတွေမှာတည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။
ဒီနည်းပညာနဲ့လျှပ်စစ်ဓာတ်အားပေးစက်ဟာကမ္ဘာအနှံ့က ကျေးလက်ဒေသတွေကို
အဖိုးနှုန်း ချိုသာတဲ့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးအတွက် ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဝဲကတော့ တာဘိုင်ဟာ အိမ်ခြေထောင်ပေါင်းများစွာအတွက် တစ်ရက်ကို ၂၄ နာရီ မပြတ် မီးပေးနိုင်တာပါ။
Belgian ကုမ္ပဏီက တီထွင်တဲ့ Turbulent တာဘိုင်တွေဟာ ကျေးလက်ဒေသတွေအတွက်
လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဖြေရှင်းချက် ဖြစ်ပေမယ့် မြစ်နားချောင်းနားက အိမ်ခြေတွေအတွက်ပဲ ပေးနိုင်မှာတော့ ဖြစ်ပါတယ်။
မြစ်ချောင်းနဲ့ တူးမြောင်းတွေမှာ တာဘိုင်တွေကို တပ်ဆင်ပြီး ရေကို စီးဆင်းစေလို့ ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ
အိမ်ခြေ ၆၀ လောက်ကို လုံလုံလောက်လောက် လျှပ်စစ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။
Crd
Zawgyi
Crd