ၾကားသိရသမွ်

မိခင်လည်း အရူးတစ်ပိုင်းလို ဖြစ်စေခဲ့ပြီး တစ်ရွာလုံးလဲ ဝမ်းနည်းပတ်လက် ဖြစ်ခဲ့ရပြန်ပြီ… တရွာလုံး ဝမ်းနည်း ခဲ့ရတယ် …။(ယုံကြည်မှုလွန်ကဲခြင်းရဲ့ ပေးဆပ်မှု)

မိခင်လည်း အရူးတစ်ပိုင်းလို ဖြစ်စေခဲ့ပြီး တစ်ရွာလုံးလဲ ဝမ်းနည်းပတ်လက် ဖြစ်ခဲ့ရပြန်ပြီ…

တရွာလုံး ဝမ်းနည်း ခဲ့ရတယ် …။(ယုံကြည်မှုလွန်ကဲခြင်းရဲ့ ပေးဆပ်မှု)

အသက်က ၁၈ နှစ်ပဲရှိသေးတယ် …။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဖအေက ကင်ဆာရောဂါနဲ့ ဆုံးသွားခဲ့ပြီး …၊

သားမိနှစ်ယောက်ကျန်ခဲ့ပြီး ကွယ်လွန်ခဲ့တဲ့ ခင်ပွန်းပေါ်နဲ့ တစ်ဦးသော သားလိမ္မာလေးအပေါ် သစ္စာရှိစွာ နောက်အိမ်ထောင်မပြုပဲ ရိုးသားကြိုးစားကြတဲ့ သားနဲ့ အမေ / အမေနဲ့သားကမ္ဘာလေး …၊

သားလေးကို ဖခင်လိုတစ်မျိုး ရင်နင့်သဲချာ သားရတနာလိုတစ်ဖုံ ရင်အုပ်မကွာ မိခင်တို့ရဲ့ မေတ္တာစစ်နဲ့ အစားထိုး ဖွယ်မရှိချစ်ခဲ့ရတဲ့သားလေးနဲ့ သားမိနှစ်ယောက် လူလောကကို ဖြက်သန်းရင်း …၊

တနေ့မှာတော့ ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ ကျန်ခဲ့တဲ့ မိခင်လည်း အရူးတစ်ပိုင်းလို ဖြစ်စေခဲ့တယ်။

တစ်ရွာလုံးလဲ ဝမ်းနည်းပတ်လက် ဖြစ်ခဲ့ရတယ် …။

အရမ်းလိမ္မာတဲ့ကလေး တစ်ရွာလုံးကလည်း ချစ်ကြတယ်။ မိခင်အပေါ် သိတက်သလို ရပ်ရွာအပေါ်လည်း သာရေးနာရေး ဘာသာရေးများပါမကျန် မရှောင်တမ်းခွန်အားတွေပေးစပ်သူ …၊

အဲဒီနေ့က ဝမ်းရေးအတွက် ကိုင်းထဲမှာ ကျူတွေခုတ် ကျူစီးတွေ သားမိနှစ်ယောက် ထမ်းပိုးထားခဲ့ပြီအပြန် …၊

အမေ သွားနှင့်နော် သားရေချိုးဦးမယ်ဟု ဆိုကာ အတူအလုပ် လုပ်ကြတဲ့သူငယ်ချင်း ၃ ယောက်နဲ့ ရေချိုးကျန်ခဲ့တော့ …၊

အမေလုပ်သူက သားလေး စောစော ပြန်ခဲ့နော်လို့ တစ်တွတ်တွတ်မှာရင်း သားလေးရဲ့ သက်ရှိထင်ရှားမျက်နှာကို နောက်ဆုံး တွေ့ခဲ့စကားပြောခဲ့ရတဲ့ အမေနဲ့သား …။

သားနဲ့အမေရဲ့ကမ္ဘာလေးတစ်ခုမှာ ကျန်ခဲ့သူ မိခင်ရဲ့ ရင်ထဲ ဘယ်လောက်အထိ ကြေကွဲနေလိုက်မလဲဟု postရေးသူ ခံစား၍ ဤ post ကို ရေးခြင်းဖြစ်ပါတယ် …။

တောသူတောင်သား ဧရာဝတီသားတွေမို့ ငယ်စဉ်ထဲက ရေကူးကျွမ်းကျင်ခဲ့ကြတယ် …။

ဧရာဝတီမြစ်ဘေးမှာနေထိုင်ပြီး ဝမ်းရေးတွက် စိုက်ပျိုး စားသောက်အသက်ဝမ်းကြောင်းပြုကြသည့် ရိုးသားသူ တွေလဲဖြစ်ကြပါတယ် …။

အဲဒီနေ့က ရေချိုးဖို့ သူငယ်ချင်းတွေ အတူကျန်ခဲ့ပြီး ချောင်း၏အလယ် ကမ်းစပ်နဲ့ခပ်ဝေးဝေး ရေလယ်ခေါင် မှာရှိတဲ့ ကျောက် ဗုတ်တိုင်ကြီးဆီကို သူငယ်ချင်းတွေ အပြိုင်ကူးကြ ရေချိုးကြရင်း …။

ကမ်းစပ်ကို ပြန်ကူးရောက်ရှိလာတဲ့ သူငယ်ချင်း ၃ ဦးကနောက်က ပါမလာသော သူတို့ သူငယ်ချင်းကို ရေလယ်က ကျောက် ဗုတ်တိုင်မှာ ပုံးကွယ် ကျန်ခဲ့ပြီးဟု အထင်နဲ့

ကမ်းစပ်က လှမ်းအော်ခေါ်သောလဲ ပြန်ထူးသံ မကြား ဒီကောင်နောက်နေတာပဲဟု အထင်ဖြင့် ကမ်းစပ်မှာ အမောဖြေကာ ကျောက် ဗုတ်တိုင်စီပြန်ကူးသွားကြတော့ သူတို့ သူငယ်ချင်းကို မတွေ့ကြရတော့ပါဘူး …။

ရေက နက်ပီး မောနေတာကတစ်ကြောင်း အတွေ့အကြုံမရှိတဲ့ လူငယ်လေးတွေမို့ ရေငုပ်ရှာဖွေဖို့ကလဲပဲ မလုပ်ရဲကြတော့ ကမ်းစပ်ကို ပြန်ကူးလာကြပြီး …၊

ကျေးရွာထဲကို အော်ဟစ်အကူညီတောင်းခံခဲ့ကြတဲ့အတွက် တစ်ရွာလုံးနီးပါးရောက်ရှိလာကြပီး လူကြီးတွေက အင်တိုက်အားတိုက် ရေငုတ်ရှာဖွေခဲ့ကြပြီး တွေ့ရှိချိန်မှာတော့ အသက်ပါ မလာတော့ပါဘူး …။

တွေ့ရှိအချိန်မှာ လူငယ်လေးဟာ အကျီက နှစ်ထပ်(လက်ရှည်) ပုဆိုးက ကျောပတ်ထားတာက အပိုတစ်ထည် ဒီရေ ဝိတ်တွေကို ချောင်းရေသေမှာ တောင့်မခံနိုင်ခဲ့သလို …၊

ယခုလို မဖြစ်ခင် ရက်များအတွင်းက ကြွက်တက်တက်နေလို့ ကျန်းမာရေးဆရာနဲ့တောင် ပြနေရသည်ဟု သိရှိရပြီး …၊

သေဆုံးခြင်းက ရေကူး၍ မောပန်း နွမ်းနယ်ချိန် ရေကနက် ကြွက်ကတက်တဲ့အချိန် ခုလို ရေနစ်သွားခဲ့ရတာလို့ အားလုံးက သုံးသပ်ကြရင်း ဝမ်းနည်းပတ်လက် ဖြစ်ခဲ့ကြရတဲ့ ကြေကွဲစရာနေ့တစ်နေ့ပါ …။

ရေကူးကျွမ်းတယ်ဟု မိမိ ကိုယ်ကို ယုံကြည်မှုလွန်ပီး ဝေးလန်တဲ့ ရေလယ်ခေါင်ကို ရေကူးဖို့ အကျီအဝတ်အစား အပိုတွေကို မချွတ်ခြင်းက မိမိရဲ့အသက်ကို ပေးဆပ်လိုက်ရတာဟု …၊

ထိုကလေးရဲ့ နာရေးကို အအေးခေါင်းစင်ခြင်းကုသိုလ် ကူညီမှုပေးခဲ့ရတဲ့ Post ရေးသူ ကျွန်တော်မှ သုံးသပ်ရင်း ညီငယ်လေးရဲ့ နာရေးအား ကားမရှိသေး၍ လူနဲ့ထမ်း ချခဲ့ရသည်အား အကို တာဝန်မကျေပါကြောင်း …၊

ဝမ်းနည်းခြင်းများစွာဖြင့် ကောင်းရာ သုဂတိလားပါစေ ညီလေးရေ …။ ။

ကိုမျိုးဆက် / မျိုးဆက် လူမှုကူညီရေး ချောင်းကြီး / 09782727207=09407832339

naethitmyanmar

မိခင္လည္း အ႐ူးတစ္ပိုင္းလို ျဖစ္ေစခဲ့ၿပီး တစ္႐ြာလုံးလဲ ဝမ္းနည္းပတ္လက္ ျဖစ္ခဲ့ရျပန္ၿပီ…

တ႐ြာလုံး ဝမ္းနည္း ခဲ့ရတယ္ …။(ယုံၾကည္မႈလြန္ကဲျခင္းရဲ႕ ေပးဆပ္မႈ)

အသက္က ၁၈ ႏွစ္ပဲရွိေသးတယ္ …။ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က ဖေအက ကင္ဆာေရာဂါနဲ႔ ဆုံးသြားခဲ့ၿပီး …၊

သားမိႏွစ္ေယာက္က်န္ခဲ့ၿပီး ကြယ္လြန္ခဲ့တဲ့ ခင္ပြန္းေပၚနဲ႔ တစ္ဦးေသာ သားလိမၼာေလးအေပၚ သစၥာရွိစြာ ေနာက္အိမ္ေထာင္မျပဳပဲ ႐ိုးသားႀကိဳးစားၾကတဲ့ သားနဲ႔ အေမ / အေမနဲ႔သားကမာၻေလး …၊

သားေလးကို ဖခင္လိုတစ္မ်ိဳး ရင္နင့္သဲခ်ာ သားရတနာလိုတစ္ဖုံ ရင္အုပ္မကြာ မိခင္တို႔ရဲ႕ ေမတၱာစစ္နဲ႔ အစားထိုး ဖြယ္မရွိခ်စ္ခဲ့ရတဲ့သားေလးနဲ႔ သားမိႏွစ္ေယာက္ လူေလာကကို ျဖက္သန္းရင္း …၊

တေန႔မွာေတာ့ ကံဆိုးမိုးေမွာင္ က်ခဲ့ရတယ္။ က်န္ခဲ့တဲ့ မိခင္လည္း အ႐ူးတစ္ပိုင္းလို ျဖစ္ေစခဲ့တယ္။

တစ္႐ြာလုံးလဲ ဝမ္းနည္းပတ္လက္ ျဖစ္ခဲ့ရတယ္ …။

အရမ္းလိမၼာတဲ့ကေလး တစ္႐ြာလုံးကလည္း ခ်စ္ၾကတယ္။ မိခင္အေပၚ သိတက္သလို ရပ္႐ြာအေပၚလည္း သာေရးနာေရး ဘာသာေရးမ်ားပါမက်န္ မေရွာင္တမ္းခြန္အားေတြေပးစပ္သူ …၊

အဲဒီေန႔က ဝမ္းေရးအတြက္ ကိုင္းထဲမွာ က်ဴေတြခုတ္ က်ဴစီးေတြ သားမိႏွစ္ေယာက္ ထမ္းပိုးထားခဲ့ၿပီအျပန္ …၊

အေမ သြားႏွင့္ေနာ္ သားေရခ်ိဳးဦးမယ္ဟု ဆိုကာ အတူအလုပ္ လုပ္ၾကတဲ့သူငယ္ခ်င္း ၃ ေယာက္နဲ႔ ေရခ်ိဳးက်န္ခဲ့ေတာ့ …၊

အေမလုပ္သူက သားေလး ေစာေစာ ျပန္ခဲ့ေနာ္လို႔ တစ္တြတ္တြတ္မွာရင္း သားေလးရဲ႕ သက္ရွိထင္ရွားမ်က္ႏွာကို ေနာက္ဆုံး ေတြ႕ခဲ့စကားေျပာခဲ့ရတဲ့ အေမနဲ႔သား …။

သားနဲ႔အေမရဲ႕ကမာၻေလးတစ္ခုမွာ က်န္ခဲ့သူ မိခင္ရဲ႕ ရင္ထဲ ဘယ္ေလာက္အထိ ေၾကကြဲေနလိုက္မလဲဟု postေရးသူ ခံစား၍ ဤ post ကို ေရးျခင္းျဖစ္ပါတယ္ …။

ေတာသူေတာင္သား ဧရာဝတီသားေတြမို႔ ငယ္စဥ္ထဲက ေရကူးကြၽမ္းက်င္ခဲ့ၾကတယ္ …။

ဧရာဝတီျမစ္ေဘးမွာေနထိုင္ၿပီး ဝမ္းေရးတြက္ စိုက္ပ်ိဳး စားေသာက္အသက္ဝမ္းေၾကာင္းျပဳၾကသည့္ ႐ိုးသားသူ ေတြလဲျဖစ္ၾကပါတယ္ …။

အဲဒီေန႔က ေရခ်ိဳးဖို႔ သူငယ္ခ်င္းေတြ အတူက်န္ခဲ့ၿပီး ေခ်ာင္း၏အလယ္ ကမ္းစပ္နဲ႔ခပ္ေဝးေဝး ေရလယ္ေခါင္ မွာရွိတဲ့ ေက်ာက္ ဗုတ္တိုင္ႀကီးဆီကို သူငယ္ခ်င္းေတြ အၿပိဳင္ကူးၾက ေရခ်ိဳးၾကရင္း …။

ကမ္းစပ္ကို ျပန္ကူးေရာက္ရွိလာတဲ့ သူငယ္ခ်င္း ၃ ဦးကေနာက္က ပါမလာေသာ သူတို႔ သူငယ္ခ်င္းကို ေရလယ္က ေက်ာက္ ဗုတ္တိုင္မွာ ပုံးကြယ္ က်န္ခဲ့ၿပီးဟု အထင္နဲ႔

ကမ္းစပ္က လွမ္းေအာ္ေခၚေသာလဲ ျပန္ထူးသံ မၾကား ဒီေကာင္ေနာက္ေနတာပဲဟု အထင္ျဖင့္ ကမ္းစပ္မွာ အေမာေျဖကာ ေက်ာက္ ဗုတ္တိုင္စီျပန္ကူးသြားၾကေတာ့ သူတို႔ သူငယ္ခ်င္းကို မေတြ႕ၾကရေတာ့ပါဘူး …။

ေရက နက္ပီး ေမာေနတာကတစ္ေၾကာင္း အေတြ႕အႀကဳံမရွိတဲ့ လူငယ္ေလးေတြမို႔ ေရငုပ္ရွာေဖြဖို႔ကလဲပဲ မလုပ္ရဲၾကေတာ့ ကမ္းစပ္ကို ျပန္ကူးလာၾကၿပီး …၊

ေက်း႐ြာထဲကို ေအာ္ဟစ္အကူညီေတာင္းခံခဲ့ၾကတဲ့အတြက္ တစ္႐ြာလုံးနီးပါးေရာက္ရွိလာၾကပီး လူႀကီးေတြက အင္တိုက္အားတိုက္ ေရငုတ္ရွာေဖြခဲ့ၾကၿပီး ေတြ႕ရွိခ်ိန္မွာေတာ့ အသက္ပါ မလာေတာ့ပါဘူး …။

ေတြ႕ရွိအခ်ိန္မွာ လူငယ္ေလးဟာ အက်ီက ႏွစ္ထပ္(လက္ရွည္) ပုဆိုးက ေက်ာပတ္ထားတာက အပိုတစ္ထည္ ဒီေရ ဝိတ္ေတြကို ေခ်ာင္းေရေသမွာ ေတာင့္မခံႏိုင္ခဲ့သလို …၊

ယခုလို မျဖစ္ခင္ ရက္မ်ားအတြင္းက ႂကြက္တက္တက္ေနလို႔ က်န္းမာေရးဆရာနဲ႔ေတာင္ ျပေနရသည္ဟု သိရွိရၿပီး …၊

ေသဆုံးျခင္းက ေရကူး၍ ေမာပန္း ႏြမ္းနယ္ခ်ိန္ ေရကနက္ ႂကြက္ကတက္တဲ့အခ်ိန္ ခုလို ေရနစ္သြားခဲ့ရတာလို႔ အားလုံးက သုံးသပ္ၾကရင္း ဝမ္းနည္းပတ္လက္ ျဖစ္ခဲ့ၾကရတဲ့ ေၾကကြဲစရာေန႔တစ္ေန႔ပါ …။

ေရကူးကြၽမ္းတယ္ဟု မိမိ ကိုယ္ကို ယုံၾကည္မႈလြန္ပီး ေဝးလန္တဲ့ ေရလယ္ေခါင္ကို ေရကူးဖို႔ အက်ီအဝတ္အစား အပိုေတြကို မခြၽတ္ျခင္းက မိမိရဲ႕အသက္ကို ေပးဆပ္လိုက္ရတာဟု …၊

ထိုကေလးရဲ႕ နာေရးကို အေအးေခါင္းစင္ျခင္းကုသိုလ္ ကူညီမႈေပးခဲ့ရတဲ့ Post ေရးသူ ကြၽန္ေတာ္မွ သုံးသပ္ရင္း ညီငယ္ေလးရဲ႕ နာေရးအား ကားမရွိေသး၍ လူနဲ႔ထမ္း ခ်ခဲ့ရသည္အား အကို တာဝန္မေက်ပါေၾကာင္း …၊

ဝမ္းနည္းျခင္းမ်ားစြာျဖင့္ ေကာင္းရာ သုဂတိလားပါေစ ညီေလးေရ …။ ။

ကိုမ်ိဳးဆက္ / မ်ိဳးဆက္ လူမႈကူညီေရး ေခ်ာင္းႀကီး / 09782727207=09407832339

naethitmyanmar