ၾကားသိရသမွ်

မိုင္းဖုန္းဆရာေတာ္၏ (၃)ႏွစ္ (၃)လ (၃)ရက္ ဂူတြင္းတရားက်င့္ႀကံမႈ အဓိ႒ာန္ထြက္မည္၊ မိုင္းက်က္ဂူသို႔ လာေရာက္ၿပီး ဖူးေျမာ္ႏိုင္

မိုင္းဖုန္းဆရာေတာ္၏ (၃)ႏွစ္ (၃)လ (၃)ရက္ ဂူတြင္း တရားက်င့္ႀကံမႈ ဇူလိုင္လ(၃၁)ရက္ေန႔ အဓိ႒ာန္ ထြက္မည္

ဂူတြင္း (၃)ႏွစ္ (၃)လ (၃)ရက္ အဓိ႒ာန္ဝင္ေနသည့္ သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ

မိုင္းဖုန္းဆရာေတာ္ ဘဒၵႏၲဉာဏသံဝရသည္ ၂၀၂၂ခုႏွစ္ ဇူလိုင္လ(၃၁)ရက္ေန႔တြင္ ဂူတြင္းမွ အဓိ႒ာန္ထြက္မည္ျဖစ္ေၾကာင္း

ေတာင္တန္း သာသနာျပဳဆရာေတာ္ ဦးသုခမိႏၵ (စဝ္ဆုခမ္း)မွ ဇြန္လ(၃၀)ရက္ေန႔၏ အသိေပးထားခ်က္အရ သိရသည္။

မိုင္းဖုန္းဆရာေတာ္သည္ ၂၀၂၂ခုႏွစ္ ဇူလိုင္လ(၃၁)ရက္ေန႔တြင္ ဂူအတြင္းမွ အဓိ႒ာန္ထြက္မည္ျဖစ္ၿပီး ဆရာေတာ္သည္

မိုင္းက်က္ေအာက္ ဂူတြင္ ဩဂုတ္လ(၄)ရက္ေန႔အထိ (၅)ရက္တိုင္တိုင္ အပူေဇာ္ခံမည္ျဖစ္သည့္အတြက္

မိုင္းက်က္ဂူသို႔လည္း လာေရာက္ၿပီး ဖူးေျမာ္ႏိုင္ေၾကာင္း အသိေပးထားရွိသည္။

ဆက္လက္၍ ဩဂုတ္လ(၅)ရက္ေန႔တြင္ ဆရာေတာ္သည္ မိုင္းက်က္မွ တဆင့္ မိုင္းဆတ္ – တာခ်ီလိတ္

ကားလမ္းအတိုင္း တာခ်ီလိတ္သို႔ ျပန္လည္ႂကြေရာက္မည္ျဖစ္ၿပီး မိုင္းဖုန္း(က)ေက်း႐ြာအုပ္စုရွိ

မိုင္းဖုန္းဆရာေတာ္၏ ေက်ာင္းတိုက္ျဖစ္သည့္ လြန္းလိန္းေက်ာင္းသို႔ ႂကြေရာက္မည္ျဖစ္ရာဆရာေတာ္အား

ႏွီးဘုရားေက်ာင္းသို႔ ဘုရားဝတ္တက္ခ်ိန္တြင္လည္း ဖူးႏိုင္ေၾကာင္း သိရသည္။

မိုင္းဆတ္မွ တာခ်ီလိတ္သို႔ျပန္လည္ ႂကြခ်ိန္တြင္ အကယ္၍ မိုင္းဖုန္းဆရာေတာ္သည္ တာခ်ီလိတ္ၿမိဳ႕

ဆန္ဆိုင္း(က)ရက္ကြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရွိ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္သို႔ ဝင္ေရာက္ၿပီး

နဂါးႏွစ္ေကာင္ဆရာေတာ္အား ဝင္ဖူးပါက မိုင္းဖုန္းဆရာေတာ္ကို ဖူးႏိုင္ေၾကာင္းလည္း အသိေပးထားရွိသည္။

မိုင္းဖုန္းဆရာေတာ္သည္ ၂၀၁၉ခုႏွစ္ ဧၿပီလ(၂၈)ရက္ေန႔က စၿပီး မိုင္းဆတ္ခ႐ိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္အတြင္း မိုင္းက်က္႐ြာ၊

မဟာမုနိစုမ့္မိုင္း မိုင္းက်က္ဂူအတြင္း တရားက်င့္ အဓိဌာန္ဝင္ခဲ့ၿပီးေနာက္ ဇူလိုင္လ(၂၁)ရက္ေန႔တြင္ အဓိဌာန္ထြက္မည္ျဖစ္သည္။

မိုင္းဖုန္းဆရာေတာ္ အဓိဌာန္ထြက္သည့္အခါ တရားေတာ္ေဟာၾကားႏိုင္ရန္ ႏွင့္ ဆရာေတာ္ စံျမန္းႏိုင္ရန္ အပါအဝင္

လာေရာက္ဖူးေျမာ္လိုသူမ်ား သြားေရး လာေရးအဆင္ေျပေရးအတြက္ ဆရာေတာ္၏

အက်ိဳးေတာ္ေဆာင္မ်ားက လမ္းမ်ား၊ အေဆာက္အဦးမ်ား၊ ေက်ာင္းကန္မ်ား ေဆာက္လုပ္ေနသည့္အျပင္

လမ္းတံတား(ေခ်ာင္းႀကိဳးတံတား)မ်ားလည္း ေစတနာရွင္အလႉရွင္မ်ား၏ လႉဒါန္းမႈမ်ားျဖင့္ လုပ္ေဆာင္ေနလွ်က္ရွိေၾကာင္းလည္း သိရသည္။

မိုင္းဖုန္းဆရာေတာ္သည္ ၂၀၂၂ခုႏွစ္ ဇန္နဝါရီလအတြင္းက သက္ေတာ္ (၅၈)ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္သည္။ Crd- Tachileik News Agency

zawgyi,

မိုင်းဖုန်းဆရာတော်၏ (၃)နှစ် (၃)လ (၃)ရက် ဂူတွင်း တရားကျင့်ကြံမှု ဇူလိုင်လ(၃၁)ရက်နေ့ အဓိဋ္ဌာန် ထွက်မည်

ဂူတွင်း (၃)နှစ် (၃)လ (၃)ရက် အဓိဋ္ဌာန်ဝင်နေသည့် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ကြောင်း

တောင်တန်း သာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)မှ ဇွန်လ(၃၀)ရက်နေ့၏ အသိပေးထားချက်အရ သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် ဂူအတွင်းမှ အဓိဋ္ဌာန်ထွက်မည်ဖြစ်ပြီး ဆရာတော်သည်

မိုင်းကျက်အောက် ဂူတွင် ဩဂုတ်လ(၄)ရက်နေ့အထိ (၅)ရက်တိုင်တိုင် အပူဇော်ခံမည်ဖြစ်သည့်အတွက်

မိုင်းကျက်ဂူသို့လည်း လာရောက်ပြီး ဖူးမြော်နိုင်ကြောင်း အသိပေးထားရှိသည်။

ဆက်လက်၍ ဩဂုတ်လ(၅)ရက်နေ့တွင် ဆရာတော်သည် မိုင်းကျက်မှ တဆင့် မိုင်းဆတ် – တာချီလိတ်

ကားလမ်းအတိုင်း တာချီလိတ်သို့ ပြန်လည်ကြွရောက်မည်ဖြစ်ပြီး မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ

မိုင်းဖုန်းဆရာတော်၏ ကျောင်းတိုက်ဖြစ်သည့် လွန်းလိန်းကျောင်းသို့ ကြွရောက်မည်ဖြစ်ရာဆရာတော်အား

နှီးဘုရားကျောင်းသို့ ဘုရားဝတ်တက်ချိန်တွင်လည်း ဖူးနိုင်ကြောင်း သိရသည်။

မိုင်းဆတ်မှ တာချီလိတ်သို့ပြန်လည် ကြွချိန်တွင် အကယ်၍ မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မြို့

ဆန်ဆိုင်း(က)ရက်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ဝင်ရောက်ပြီး

နဂါးနှစ်ကောင်ဆရာတော်အား ဝင်ဖူးပါက မိုင်းဖုန်းဆရာတော်ကို ဖူးနိုင်ကြောင်းလည်း အသိပေးထားရှိသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၉ခုနှစ် ဧပြီလ(၂၈)ရက်နေ့က စပြီး မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်း မိုင်းကျက်ရွာ၊

မဟာမုနိစုမ့်မိုင်း မိုင်းကျက်ဂူအတွင်း တရားကျင့် အဓိဌာန်ဝင်ခဲ့ပြီးနောက် ဇူလိုင်လ(၂၁)ရက်နေ့တွင် အဓိဌာန်ထွက်မည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော် အဓိဌာန်ထွက်သည့်အခါ တရားတော်ဟောကြားနိုင်ရန် နှင့် ဆရာတော် စံမြန်းနိုင်ရန် အပါအဝင်

လာရောက်ဖူးမြော်လိုသူများ သွားရေး လာရေးအဆင်ပြေရေးအတွက် ဆရာတော်၏

အကျိုးတော်ဆောင်များက လမ်းများ၊ အဆောက်အဦးများ၊ ကျောင်းကန်များ ဆောက်လုပ်နေသည့်အပြင်

လမ်းတံတား(ချောင်းကြိုးတံတား)များလည်း စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် လုပ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်းက သက်တော် (၅၈)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ Crd- Tachileik News Agency