ဒီကနေ့ ဇွန် ၂၅ ရက်အရေးပေါ်အခြေအနေကြောင့်ကြေညာချက်ပါ လမ်းပိုင်းအားပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန်မေတ္တာရပ်ခံပါသည်။
ByD3timesMyanmar
ဒီကနေ့ ဇွန် ၂၅ ရက်အရေးပေါ်အခြေအနေကြောင့်ကြေညာချက်ပါ လမ်းပိုင်းအားပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန်မေတ္တာရပ်ခံပါသည်။
မုံရွာ-မန္တလေးလမ်းကိုယနေ့နံနက်ပိုင်းမှစ၍ ဖြတ်သန်းသွားလာခြင်းလုံးဝမပြုလုပ်ရန် PDF သတိပေး
-အောင်ဇေယျ/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ရန် Moe Nyo Revolution Force က သတိပေးကြေညာသည်။
ယနေ့(ဇွန်လ၂၅ရက်နေ့)နံနက်မှစ၍ နောက်ထပ်အသိပေးချက် ထပ်မံမထုတ်ပြန်မချင်း မုံရွာ-မန္တလေးလမ်းမကြီး၊စစ်ကိုင်း-မြင်းမူ-မုံရွာလမ်းပိုင်းအား လုံးဝအသုံးပြုခြင်း မလုပ်ကြရန် Moe Nyo Revolution က အသိပေးသည်။
သွားလာခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပေါ်လာပါက တာဝန်ယူနိုင်မည်မဟုတ်ကြောင်း Moe NyoRevolution Forceက သတိပေးသည်။
“ပြည်သူများအတွက် အန္တရာယ်များ လို့ယာယီပိတ်ထားတာပါ။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ရှိသူကပြောသည်။
ယနေ့နံနက် ၆နာရီခန့်က ချောင်းဦးမြို့ဘက်မှစစ်ကောင်စီတပ်များ လိုက်ပါလာသော ကားလေးစီးသည် မုံရွာ-မန္တလေးလမ်း၊ မြင်းမူမြို့နယ် ဂွေးပင်တောရွာ၊ဘိုးမင်းကြီးကင်းရွာ ကားလမ်းဘေးများတွင် ကင်းပုန်းပတ်ချခဲ့သည်။
ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာ ကားလမ်းဘေးများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းပုန်းချထားကြောင်း၊ မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာ ရွှေဂူဘုန်းကြီးကျောင်းတွင်းရှိ အကြမ်းဖက်စစ်တပ်သည်လည်း အလ္လကပ္ပနှင့် ဝမ်းပြည့်ရွာကြား ကင်းပုန်းဝပ်ရန်ထွက်သွားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။
ယနေ့စစ်ကောင်စီတပ်ကကင်းပုန်းဝပ်နေသောနေရာများအပါအဝင်မုံရွာ-မန္တလေးလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီတပ်များလိုက်ပါလာသောယာဉ်များအား ဒေသခံPDF များကမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။
ဒီကေန႔ ဇြန္ ၂၅ ရက္အေရးေပၚအေျခအေနေၾကာင့္ေၾကညာခ်က္ပါ လမ္းပိုင္းအားျပည္သူမ်ား လမ္းအသုံးျပဳျခင္း ေခတၱရပ္နားၾကရန္ေမတၱာရပ္ခံပါသည္။
ByD3timesMyanmar
ဒီကေန႔ ဇြန္ ၂၅ ရက္အေရးေပၚအေျခအေနေၾကာင့္ေၾကညာခ်က္ပါ လမ္းပိုင္းအားျပည္သူမ်ား လမ္းအသုံးျပဳျခင္း ေခတၱရပ္နားၾကရန္ေမတၱာရပ္ခံပါသည္။
မုံ႐ြာ-မႏၲေလးလမ္းကိုယေန႔နံနက္ပိုင္းမွစ၍ ျဖတ္သန္းသြားလာျခင္းလုံးဝမျပဳလုပ္ရန္ PDF သတိေပး
-ေအာင္ေဇယ်/People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာ-မႏၲေလးလမ္းမႀကီးေပၚတြင္ယေန႔နံနက္ပိုင္းမွစတင္ကာ ျဖတ္သန္းသြားလာျခင္း လုံးဝမျပဳလုပ္ရန္ Moe Nyo Revolution Force က သတိေပးေၾကညာသည္။
ယေန႔(ဇြန္လ၂၅ရက္ေန႔)နံနက္မွစ၍ ေနာက္ထပ္အသိေပးခ်က္ ထပ္မံမထုတ္ျပန္မခ်င္း မုံ႐ြာ-မႏၲေလးလမ္းမႀကီး၊စစ္ကိုင္း-ျမင္းမူ-မုံ႐ြာလမ္းပိုင္းအား လုံးဝအသုံးျပဳျခင္း မလုပ္ၾကရန္ Moe Nyo Revolution က အသိေပးသည္။
သြားလာျခင္းေၾကာင့္ တစ္စုံတစ္ရာ ထိခိုက္မႈျဖစ္ေပၚလာပါက တာဝန္ယူႏိုင္မည္မဟုတ္ေၾကာင္း Moe NyoRevolution Forceက သတိေပးသည္။
“ျပည္သူမ်ားအတြက္ အႏၲရာယ္မ်ား လို႔ယာယီပိတ္ထားတာပါ။”ဟု Moe Nyo Revolution Forceအဖြဲ႕ တာဝန္ရွိသူကေျပာသည္။
ယေန႔နံနက္ ၆နာရီခန္႔က ေခ်ာင္းဦးၿမိဳ႕ဘက္မွစစ္ေကာင္စီတပ္မ်ား လိုက္ပါလာေသာ ကားေလးစီးသည္ မုံ႐ြာ-မႏၲေလးလမ္း၊ ျမင္းမူၿမိဳ႕နယ္ ေဂြးပင္ေတာ႐ြာ၊ဘိုးမင္းႀကီးကင္း႐ြာ ကားလမ္းေဘးမ်ားတြင္ ကင္းပုန္းပတ္ခ်ခဲ့သည္။
ေခ်ာင္းဦးၿမိဳ႕နယ္ နတ္ေရကန္ေက်း႐ြာႏွင့္ ငါးယွန္ေက်း႐ြာ ကားလမ္းေဘးမ်ားတြင္လည္း အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ား ကင္းပုန္းခ်ထားေၾကာင္း၊ ျမင္းမူၿမိဳ႕နယ္ အလႅကပၸေက်း႐ြာ ေ႐ႊဂူဘုန္းႀကီးေက်ာင္းတြင္းရွိ အၾကမ္းဖက္စစ္တပ္သည္လည္း အလႅကပၸႏွင့္ ဝမ္းျပည့္႐ြာၾကား ကင္းပုန္းဝပ္ရန္ထြက္သြားေၾကာင္း ျမင္းမူၿမိဳ႕နယ္သတင္းမွန္ျပန္ၾကားေရးက အသိေပးထားသည္။
ယေန႔စစ္ေကာင္စီတပ္ကကင္းပုန္းဝပ္ေနေသာေနရာမ်ားအပါအဝင္မုံ႐ြာ-မႏၲေလးလမ္းမႀကီးတစ္ေလွ်ာက္အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားလိုက္ပါလာေသာယာဥ္မ်ားအား ေဒသခံPDF မ်ားကမၾကာခဏမိုင္းဆြဲတိုက္ခိုက္ခံရေလ့ရွိသည္။