ယနေ့မှ စပြီး ဇူလိုင်လ ၁ရက်နေ့ထိ ရက်ဝေးခန့်မှန်းချက် ပေးလိုက်တဲ့ မိုးမင်းသမီးလေး စုစုစံ
ဇွန်လ ၂၄ရက်ယနေ့ မှာ ဧရာဝတီတိုင်းရန်ကုန်တိုင်း ၊ပဲခူးတိုင်းအရှေ့ပိုင်း ၊နေပြည်တော် ၊ရှမ်းပြည်နယ်
ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်၊ဒေသတွေမှာမိုးရွာသွန်းနိုင်ပြီး
မွန်ပြည်နယ် ကရင်ပြည်နယ်ဒေသတွေမှာ မိုးအနည်းငယ်မှအသင့်အတင့်အထိမိုးရွာနိုင်ပါတယ်။
ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ကျောက်တံခါး ပဲနွယ်ကုန်း ကညွှတ်ကွင်းဖြူး တောင်ငူ ဒေသများမိုးရွာနိုင်ပါတယ်။
ကချင်ပြည်နယ် ဖားကန့် မိုးဆက်တိုက်ကောင်းနိုင်သဖြင့်တနိုင်း ကံဆီးလုံးခင်းဖားကန့်
မြေပြိုနိုင်သောနေရာနေထိုင်သူများအထူးသတိထားကြစေလိုပါတယ်။
၂၀၂၂ ဇွန်လ ၂၉ရက်နေ့ ၃၀ရက်နေ့တွေသည်စစ်ကိုင်းတိုင်း မိုးရွာနိုင်သဖြင့်
နွေစပါးရိတ်သိမ်းကြမည်သူများအတွက် သတိပြုရမည့် နေ့ရက်များပဲ ဖြစ်တယ်လို့ခန့်မှန်းပေးထားပါတယ်။
၂၀၂၂ ဇွန်လ ၃၀ရက်နေ့နှင့် ဇူလိုင်လ၁ရက်နေ့တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း
ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပြီး မန္တလေးတိုင်းအရှေ့ပိုင်းစစ်ကိုင်းတိုင်းနှင့်
မန္တလေးတိုင်းမြောက်ပိုင်းဒေသတွေမှာမိုးအသင့်အတင့်အနည်းငယ်ပိုမိုးရွာသွန်းနိုင်ကာ
မကွေးတိုင်းဒေသကြီးမှာတော့နေရာကွက်ကျားမိုးအသင့်အတင်ရွာသွန်းနိုင်ပါတယ် ။
source Su Su San
Credit
source Su Su San
Credit