အြန္လိုင္းေပၚမွာ ေဟာ့ျဖစ္ခဲ့တဲ့ ႐ြံစရာ ပုစြန္ေျခာက္ လုပ္နည္း ဗီဒီယိုဖိုင္နဲ႔ ပတ္သက္ၿပီး လူအေတာ္မ်ားမ်ားမွာ ေျပာစရာေတြ ရွိေနမယ္ ထင္ပါတယ္။
ပုစြန္ေျခာက္ကို ညစ္တီးညစ္ပတ္ လုပ္ေနတဲ့ပုံေတြကို မ်က္ဝါးထင္ထင္ ျမင္ရတဲ့အခါ ပုစြန္ေျခာက္ အလြန္ ႀကိဳက္တတ္ၿပီး အစိမ္းစားေလ့ ရွိတဲ့သူေတြအတြက္ ေအာ့ႏွလုံးနာစရာေတြ ျဖစ္ခဲ့ၾကပါတယ္။
ၿမိတ္ေဒသက ပုစြန္ေျခာက္ လုပ္ငန္းရွင္ေတြကလည္း ပုံမွန္လုပ္ငန္းစဥ္ေတြကို ဓာတ္ပုံေတြနဲ႔တကြ အလ်င္အျမန္ ေဖာ္ျပခဲ့ေပမယ့္လည္း ျမန္မာျပည္ ပုစြန္ေျခာက္ ေဈးကြက္ကို အနည္းနဲ႔ အမ်ားဆိုသလို ထိခိုက္သြားၿပီ ျဖစ္ပါတယ္။
အဆိုပါ ဗီဒီယိုဖိုင္မွာ လူေတြ မသိေသးတဲ့ အခ်က္တခ်က္ကေတာ့ ဗီဒီယိုထဲမွာ ပုစြန္ေတြကို တံျမက္စည္းနဲ႔ လွည္းေနတဲ့ အခ်ိန္မွာ ဝတ္ထားတဲ့ ဖိနပ္ပဲ ျဖစ္ပါတယ္။
အြန္လိုင္းေပၚက တခ်ိဳ႕သူေတြက ပုစြန္ေျခာက္လုပ္တဲ့ ဗီဒီယိုဖိုင္မွာ တံျမက္စည္းလွည္းေနတဲ့သူက ပုစြန္ေျခာက္လုပ္ဖို႔ သီးသန႔္ထားတဲ့ ဖိနပ္ကို စီးထားတယ္လို႔ ေျပာထားပါတယ္။
ဒါေပမယ့္ ဗီဒီယိုဖိုင္တင္သူရဲ႕ ေဖ့ဘုတ္ေပ့ကို ဝင္ေရာက္ ၾကည့္ရႉတဲ့အခါမွာေတာ့ ပုစြန္ေျခာက္လုပ္တုန္းက စီးထားတဲ့ ဖိနပ္ကိုပဲ ေနရာစုံမွာ စီးထားတာကို ေတြ႕ရပါတယ္။ ပုံတပုံမွာေတာ့ လိုင္းကားၾကမ္းျပင္ ညစ္ပတ္တဲ့ ေနရာေတြမွာ စီးထားတာကိုလည္း ေတြ႕ရပါတယ္။ (ပုံေတြကို ႏႈိင္းယွဥ္ျပထားပါတယ္)
အဲဒါေၾကာင့္ အဆိုပါ ဖိနပ္နဲ႔ပဲ ပုစြန္ေျခာက္လုပ္တဲ့ ဗီဒီယိုကို ႐ိုက္ကူးခဲ့တာ ေသခ်ာပါတယ္။ အဲဒါအခ်က္ကို သိလိုက္တာေၾကာင့္ နဂိုကတည္းက ႐ြံစရာ ျဖစ္ေနတဲ့ ပုစြန္ေျခာက္ လုပ္နည္းကို ပိုမိုစက္ဆုပ္ ႐ြံရွာသြားပါတယ္။
“ငါးခုံးမ တေကာင္ေၾကာင့္ တေလွလုံး ပုတ္” ဆိုသလို နာမည္ႀကီးခ်င္တဲ့သူ တေယာက္ေၾကာင့္ ၿမိတ္ေဒသရဲ႕ ပုစြန္ေျခာက္ လုပ္ငန္းႀကီးတခုလုံး အႀကီးအက်ယ္ ထိခိုက္သြားပါၿပီ။
လုပ္ငန္းရွင္ေတြအေနနဲ႔ ႏိုင္ငံတကာ စံခ်ိန္စံၫႊန္းနဲ႔ အညီ ထုတ္လုပ္တဲ့ပုံေတြကို ျပသၿပီး ေရာင္းမွသာ ေရာင္းထြက္ႏိုင္မယ့္ အေျခအေန ျဖစ္သြားပါၿပီ။ ျပည္သူေတြအေနနဲ႔လည္း ပုစြန္ေျခာက္ကို သံသယကင္းကင္းနဲ႔ စားႏိုင္ဖို႔ ႏွစ္အေတာ္ၾကာ အခ်ိန္ယူရမယ့္ အေျခအေန ျဖစ္သြားၿပီဆိုတဲ့အေၾကာင္း ေဖာ္ျပလိုက္ရပါတယ္ ခင္ဗ်ာ။
Unicode
အွန်လိုင်းပေါ်မှာ ဟော့ဖြစ်ခဲ့တဲ့ ရွံစရာ ပုစွန်ခြောက် လုပ်နည်း ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး လူအတော်များများမှာ ပြောစရာတွေ ရှိနေမယ် ထင်ပါတယ်။
ပုစွန်ခြောက်ကို ညစ်တီးညစ်ပတ် လုပ်နေတဲ့ပုံတွေကို မျက်ဝါးထင်ထင် မြင်ရတဲ့အခါ ပုစွန်ခြောက် အလွန် ကြိုက်တတ်ပြီး အစိမ်းစားလေ့ ရှိတဲ့သူတွေအတွက် အော့နှလုံးနာစရာတွေ ဖြစ်ခဲ့ကြပါတယ်။
မြိတ်ဒေသက ပုစွန်ခြောက် လုပ်ငန်းရှင်တွေကလည်း ပုံမှန်လုပ်ငန်းစဉ်တွေကို ဓာတ်ပုံတွေနဲ့တကွ အလျင်အမြန် ဖော်ပြခဲ့ပေမယ့်လည်း မြန်မာပြည် ပုစွန်ခြောက် ဈေးကွက်ကို အနည်းနဲ့ အများဆိုသလို ထိခိုက်သွားပြီ ဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင်မှာ လူတွေ မသိသေးတဲ့ အချက်တချက်ကတော့ ဗီဒီယိုထဲမှာ ပုစွန်တွေကို တံမြက်စည်းနဲ့ လှည်းနေတဲ့ အချိန်မှာ ဝတ်ထားတဲ့ ဖိနပ်ပဲ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်က တချို့သူတွေက ပုစွန်ခြောက်လုပ်တဲ့ ဗီဒီယိုဖိုင်မှာ တံမြက်စည်းလှည်းနေတဲ့သူက ပုစွန်ခြောက်လုပ်ဖို့ သီးသန့်ထားတဲ့ ဖိနပ်ကို စီးထားတယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ဗီဒီယိုဖိုင်တင်သူရဲ့ ဖေ့ဘုတ်ပေ့ကို ဝင်ရောက် ကြည့်ရှူတဲ့အခါမှာတော့ ပုစွန်ခြောက်လုပ်တုန်းက စီးထားတဲ့ ဖိနပ်ကိုပဲ နေရာစုံမှာ စီးထားတာကို တွေ့ရပါတယ်။ ပုံတပုံမှာတော့ လိုင်းကားကြမ်းပြင် ညစ်ပတ်တဲ့ နေရာတွေမှာ စီးထားတာကိုလည်း တွေ့ရပါတယ်။ (ပုံတွေကို နှိုင်းယှဉ်ပြထားပါတယ်)
အဲဒါကြောင့် အဆိုပါ ဖိနပ်နဲ့ပဲ ပုစွန်ခြောက်လုပ်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့တာ သေချာပါတယ်။ အဲဒါအချက်ကို သိလိုက်တာကြောင့် နဂိုကတည်းက ရွံစရာ ဖြစ်နေတဲ့ ပုစွန်ခြောက် လုပ်နည်းကို ပိုမိုစက်ဆုပ် ရွံရှာသွားပါတယ်။
“ငါးခုံးမ တကောင်ကြောင့် တလှေလုံး ပုတ်” ဆိုသလို နာမည်ကြီးချင်တဲ့သူ တယောက်ကြောင့် မြိတ်ဒေသရဲ့ ပုစွန်ခြောက် လုပ်ငန်းကြီးတခုလုံး အကြီးအကျယ် ထိခိုက်သွားပါပြီ။
လုပ်ငန်းရှင်တွေအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ ထုတ်လုပ်တဲ့ပုံတွေကို ပြသပြီး ရောင်းမှသာ ရောင်းထွက်နိုင်မယ့် အခြေအနေ ဖြစ်သွားပါပြီ။ ပြည်သူတွေအနေနဲ့လည်း ပုစွန်ခြောက်ကို သံသယကင်းကင်းနဲ့ စားနိုင်ဖို့ နှစ်အတော်ကြာ အချိန်ယူရမယ့် အခြေအနေ ဖြစ်သွားပြီဆိုတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။