အခ်စ္နွင့္ဘဝ

ေယာကၤ်ားတစ္ေယာက္ မိန္းမတစ္ေယာက္ကုိ တကယ္ခ်စ္မိၿပီဆုိရင္

၁ ။ လုပ္ငန္းခြင္မွာ ဘယ္ေလာက္ေတာ္ေတာ္ ၊ ဘယ္ေလာက္ပဲ စမတ္က်က်

ေယာကၤ်ားတစ္ေယာက္ဟာ မိ္န္းမတစ္ေယာက္ကုိ တကယ္ခ်စ္မိၿပီဆုိရင္ အေျပာအဆုိေတြႏုလာၿပီး တခါတရံ အျပဳအမူေတြဟာ ကေလးဆန္သြား တတ္တယ္ ။

၂ ။ တစ္ခါတရံ ခ်စ္သူရဲ ႔ဆုိးႏြဲ ႔မႈေတြ သီးမခံႏုိင္ေအာင္ျဖစ္တတ္ေပမယ့္

ခ်စ္သူ မိန္းကေလးရဲ ႔ မူယာမာယာအနည္းငယ္မိလုိက္တာနဲ႔ အပူဒါဏ္ထိတဲ့ ေရခဲတုံးလုိ အရည္ေပ်ာ္က်သြား တတ္တယ္ ။

၃ ။ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဆုံေနခ်ိန္ ကုိယ့္ ခ်စ္သူမိန္းကေလး ဖုန္းတတီတီဆက္ၿပီး အာရုံေနာက္ေအာင္လုပ္ေနတာမ်ဳိး ,ေယာကၤ်ားေလး သူငယ္ခ်င္းေရွ ႔ အေနခက္အက်ပ္ေတြ႔တာ ရွိေပမယ့္ ဖုန္းခ်ၿပီးသြားရင္ ကုိယ့္ခ်စ္သူစိတ္ဆုိးသြားၿပီလားဆုိတဲ့ အေတြးနဲ႔

သူငယ္ခ်င္းေျပာသမွ်စကား စိတ္မဝင္စား မၾကားခ်င္ေတာ့ ။ စိတ္ေတြက ခ်စ္သူမိန္းကေလးဆီကုိသာ ေရာက္ေနတတ္တယ္ ။

၄ ။ သူငယ္ခ်င္းေတြက အတင္းတုိက္တြန္းလုိ႔ ခ်စ္သူမိန္းကေလးမႀကဳိက္တဲ့ အရာမ်ဳိး လုပ္မိေတာ့မယ္ ။ မုသားမပါ လကၤာမေခ်ာ လိမ္ေျပာခဲ့ေပမယ့္ ေနာက္ဆုံး အလိမ္ေတြ ေပၚေပၚသြားတတ္တယ္ ။ အဲ့က်ရင္ မိန္းကေလးေတြ ကုိယ့္ခ်စ္သူေကာင္ေလးကုိ နားလည္ေပးဖုိ႔ အလြန္အေရးႀကီးတယ္ ။ ဒီလုိအခ်ိန္မ်ဳိးမွာ ေယာကၤ်ားတစ္ေယာက္ရဲ ႔ ေၾကာက္ရႊံ ႔မႈက မ်က္ရည္ပါ က်သြားႏုိင္လုိ႔ပါ ။

၅ ။ ေယာကၤ်ားေတြဟာ ကုိယ္ယူတဲ့မိန္းမ အပ်ဳိစင္စစ္ ျဖစ္ၿပီး ငါေျပာသမွ် ျငိမ္ေနရမယ္ ၊ အိမ္မႈကိစၥႏုိင္ရမယ္ ဘယ္လုိပဲေျပာခဲ့ေျပာခဲ့

တကယ္တမ္း ခ်စ္တဲ့သူနဲ႔ ေတြတဲ့အခါက် ၊ အတိတ္က ဘာပဲျဖစ္ခဲ့ျဖစ္ခဲ့ ကုိယ့္လက္ထဲမွာ ကုိယ့္ကုိ ခ်စ္ၿပီး ၊ နားလည္မႈအျပည့္ေပးႏုိင္တဲ့သူ ျဖစ္ရင္ၿပီးေရာ ေက်နပ္ေနတတ္တယ္ ။

အခ်က္ေတြအားလုံးကေတာ့ မတူညီႏုိင္ပါဘူး မိန္းကေလးဘက္က နားလည္မႈ အျပည့္ေပးခဲ့ရၿပီး လုပ္ခ်င္တုိင္းလုပ္တတ္တဲ့ ေယာကၤ်ားမ်ဳိးနဲ႔ ဘဝလက္တြဲေဖာ္အျဖစ္ ေရာက္ရွိသြားတာ ေတြရွိသလို ၊ ခ်စ္သူဘဝမွာ အရမ္းခ်စ္ခဲ့ၾကေပမယ့္ အိမ္ေထာင္က်ၿပီးမွ ကြဲသြားတာမ်ဳိးေတြလည္း ဒုနဲ႔ေဒးပါ ။ ဒါေပမယ့္ ေယာကၤ်ားတုိင္း တကယ္ခ်စ္လာၿပီဆုိရင္ အေပၚကေျပာခဲ့တဲ့ အခ်က္ကေတာ့ မကင္းႏုိင္ပါဘူး ။ ႀကဳံဖူးသူတုိင္း သိပါလိမ့္မယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)

Credit: ခြန္ေန – Khun Nay

၁ ။ လုပ်ငန်းခွင်မှာ ဘယ်လောက်တော်တော် ၊ ဘယ်လောက်ပဲ စမတ်ကျကျ

ယောင်္ကျားတစ်ယောက်ဟာ မိ်န်းမတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အပြောအဆိုတွေနုလာပြီး တခါတရံ အပြုအမူတွေဟာ ကလေးဆန်သွား တတ်တယ် ။

၂ ။ တစ်ခါတရံ ချစ်သူရဲ ့ဆိုးနွဲ ့မှုတွေ သီးမခံနိုင်အောင်ဖြစ်တတ်ပေမယ့်

ချစ်သူ မိန်းကလေးရဲ ့ မူယာမာယာအနည်းငယ်မိလိုက်တာနဲ့ အပူဒါဏ်ထိတဲ့ ရေခဲတုံးလို အရည်ပျော်ကျသွား တတ်တယ် ။

၃ ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံနေချိန် ကိုယ့် ချစ်သူမိန်းကလေး ဖုန်းတတီတီဆက်ပြီး အာရုံနောက်အောင်လုပ်နေတာမျိုး ,ယောင်္ကျားလေး သူငယ်ချင်းရှေ ့ အနေခက်အကျပ်တွေ့တာ ရှိပေမယ့် ဖုန်းချပြီးသွားရင် ကိုယ့်ချစ်သူစိတ်ဆိုးသွားပြီလားဆိုတဲ့ အတွေးနဲ့

သူငယ်ချင်းပြောသမျှစကား စိတ်မဝင်စား မကြားချင်တော့ ။ စိတ်တွေက ချစ်သူမိန်းကလေးဆီကိုသာ ရောက်နေတတ်တယ် ။

၄ ။ သူငယ်ချင်းတွေက အတင်းတိုက်တွန်းလို့ ချစ်သူမိန်းကလေးမကြိုက်တဲ့ အရာမျိုး လုပ်မိတော့မယ် ။ မုသားမပါ လင်္ကာမချော လိမ်ပြောခဲ့ပေမယ့် နောက်ဆုံး အလိမ်တွေ ပေါ်ပေါ်သွားတတ်တယ် ။ အဲ့ကျရင် မိန်းကလေးတွေ ကိုယ့်ချစ်သူကောင်လေးကို နားလည်ပေးဖို့ အလွန်အရေးကြီးတယ် ။ ဒီလိုအချိန်မျိုးမှာ ယောင်္ကျားတစ်ယောက်ရဲ ့ ကြောက်ရွှံ ့မှုက မျက်ရည်ပါ ကျသွားနိုင်လို့ပါ ။

၅ ။ ယောင်္ကျားတွေဟာ ကိုယ်ယူတဲ့မိန်းမ အပျိုစင်စစ် ဖြစ်ပြီး ငါပြောသမျှ ငြိမ်နေရမယ် ၊ အိမ်မှုကိစ္စနိုင်ရမယ် ဘယ်လိုပဲပြောခဲ့ပြောခဲ့

တကယ်တမ်း ချစ်တဲ့သူနဲ့ တွေတဲ့အခါကျ ၊ အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ့်လက်ထဲမှာ ကိုယ့်ကို ချစ်ပြီး ၊ နားလည်မှုအပြည့်ပေးနိုင်တဲ့သူ ဖြစ်ရင်ပြီးရော ကျေနပ်နေတတ်တယ် ။

အချက်တွေအားလုံးကတော့ မတူညီနိုင်ပါဘူး မိန်းကလေးဘက်က နားလည်မှု အပြည့်ပေးခဲ့ရပြီး လုပ်ချင်တိုင်းလုပ်တတ်တဲ့ ယောင်္ကျားမျိုးနဲ့ ဘဝလက်တွဲဖော်အဖြစ် ရောက်ရှိသွားတာ တွေရှိသလို ၊ ချစ်သူဘဝမှာ အရမ်းချစ်ခဲ့ကြပေမယ့် အိမ်ထောင်ကျပြီးမှ ကွဲသွားတာမျိုးတွေလည်း ဒုနဲ့ဒေးပါ ။ ဒါပေမယ့် ယောင်္ကျားတိုင်း တကယ်ချစ်လာပြီဆိုရင် အပေါ်ကပြောခဲ့တဲ့ အချက်ကတော့ မကင်းနိုင်ပါဘူး ။ ကြုံဖူးသူတိုင်း သိပါလိမ့်မယ် ။

ဖိုးသူတော် (www.phothutaw.com)

Credit: ခွန်နေ – Khun Nay