မႏၲေလးေစ်းခ်ိဳမွ စည္းကမ္းမလိုက္နာေသာ ဆိုင္ခန္းမ်ားအား ယာယီပိတ္မႈမ်ားျပဳလုပ္
မႏၲေလးေဈးခ်ိဳတြင္စည္းကမ္းမလိုက္နာေသာ ဆိုင္ခန္းမ်ားကို ယာယီပိတ္သိမ္းအေရးယူေၾကာင္းမႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကသိရသည္။

၂၁-၈-၂၀၂၀ရက္က သတိမွတ္ဧရိယာထက္ကုန္ပစၥည္းမ်ားက်ဴးေက်ာ္ေဈးခင္းသည့္အတြက္ ေဈးခ်ိဳေတာ္ (C) ႐ုံ ပထမထပ္ ကအထည္ဆိုင္ တစ္ဆိုင္၊(D)႐ုံပထမထပ္က အထည္ဆိုင္တစ္ဆိုင္တို႔ကို ပထမအႀကိမ္အျဖစ္သတိေပးၿပီး ဩဂုတ္ ၂၂ ရက္မွ ၂၄ ရက္အထိ ဆိုင္သုံးရက္ ယာယီပိတ္သိမ္းေစခဲ့ေၾကာင္းသိရသည္။

ဒုတိယအႀကိမ္ ေတြ႕ရွိပါက ဆိုင္ ၁၀ ရက္ ပိတ္သိမ္းမည္ျဖစ္ၿပီး တတိယအႀကိမ္ က်ဴးလြန္ပါက ဆိုင္ခန္းကို ေကာ္မတီပိုင္အျဖစ္ သိမ္းယူမွာျဖစ္ေၾကာင္းႏွင့္ ယင္းကိုသိရွိေၾကာင္း ဝန္ခံကတိ ေရးထိုးေစေၾကာင္းလည္း သိရသည္။ ယင္းအျပင္ ကိုဗစ္ေရာဂါ ကူးစက္ျပန႔္ပြားမႈ မရွိေစေရးအတြက္ ေဈးဆိုင္မ်ားကို စည္းကမ္းတက် ဖြင့္လွစ္ေစလ်က္ရွိေၾကာင္း ေဈးသည္ေဈးဝယ္မ်ား ႏွာေခါင္းစည္းမပါဘဲေဈးအတြင္းမဝင္ေရာက္ေရးကိုၾကပ္မတ္လ်က္ရွိေၾကာင္းလည္းသိရသည္။

Credit
Unicode
မန္တလေးဈေးချိုမှ စည်းကမ်းမလိုက်နာသော ဆိုင်ခန်းများအား ယာယီပိတ်မှုများပြုလုပ်
မန္တလေးဈေးချိုတွင်စည်းကမ်းမလိုက်နာသော ဆိုင်ခန်းများကို ယာယီပိတ်သိမ်းအရေးယူကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကသိရသည်။

၂၁-၈-၂၀၂၀ရက်က သတိမှတ်ဧရိယာထက်ကုန်ပစ္စည်းများကျူးကျော်ဈေးခင်းသည့်အတွက် ဈေးချိုတော် (C) ရုံ ပထမထပ် ကအထည်ဆိုင် တစ်ဆိုင်၊(D)ရုံပထမထပ်က အထည်ဆိုင်တစ်ဆိုင်တို့ကို ပထမအကြိမ်အဖြစ်သတိပေးပြီး ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ဆိုင်သုံးရက် ယာယီပိတ်သိမ်းစေခဲ့ကြောင်းသိရသည်။

ဒုတိယအကြိမ် တွေ့ရှိပါက ဆိုင် ၁၀ ရက် ပိတ်သိမ်းမည်ဖြစ်ပြီး တတိယအကြိမ် ကျူးလွန်ပါက ဆိုင်ခန်းကို ကော်မတီပိုင်အဖြစ် သိမ်းယူမှာဖြစ်ကြောင်းနှင့် ယင်းကိုသိရှိကြောင်း ဝန်ခံကတိ ရေးထိုးစေကြောင်းလည်း သိရသည်။ ယင်းအပြင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးဆိုင်များကို စည်းကမ်းတကျ ဖွင့်လှစ်စေလျက်ရှိကြောင်း ဈေးသည်ဈေးဝယ်များ နှာခေါင်းစည်းမပါဘဲဈေးအတွင်းမဝင်ရောက်ရေးကိုကြပ်မတ်လျက်ရှိကြောင်းလည်းသိရသည်။
Credit



