ဝေးလံခေါင်သီသောဒေသများရှိ ကလေးငယ်များသည် ပညာရေးအတွက် ဦးစားပေးခြင်းမျိုးမခံရပဲ အရွယ်မရောက်သေးခင် ကျောင်းထွက်ရကာ မိသားစုစားဝတ်နေရေးအတွက် တွေ့ရာအလုပ်ဝင်လုပ်ပြီး ပြန်လည်ထောက်ပံ့ပေးရတာမျိုး ဖြစ်လာခဲ့သည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံ Lao Caiပြည်နယ် တောင်တန်းကျေးလက်ဒေသတွင် နေထိုင်သော အသက်၃၀အရွယ် မိန်းကလေးတစ်ဦးသည် ပညာရေးကိုဦးစားမပေးခဲ့၍ သူမရဲ့မိသားစုအခက်အခဲကြောင့်ပဲ ကျောင်းပြီးဆုံးအောင်မတက်ခဲ့ရပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ဝင်လုပ်ခဲ့ရသည်။
မိန်းကလေးသည် အခြားသောကလေးတွေနဲ့မတူပဲ စာကြိုးစားသူတစ်ယောက်ဖြစ်သည့်အပြင် အရည်အချင်းလည်းရှိတာကြောင့် သူမကျောင်းထွက်ခဲ့ရတာကို စိတ်မကောင်းဖြစ်သော ဆရာမဖြစ်သူက အိမ်ထိလိုက်လာပြီး သူမရဲ့မိဘနှစ်ပါးကို ပညာမတတ်ပါက ဒုက္ခဆင်းရဲတွင်းကလွတ်မြောက်မည်မဟုတ်ကြောင်း နားလည်အောင်ရှင်းပြပြောဆိုခဲ့သည်။
မိဘနှစ်ပါးလည်း ဆရာမလေးရဲ့စကားကြောင့် သမီးလေးအား ကျောင်းပြန်တက်ခွင့်ပေးခဲ့ရာ အမှတ်ကောင်းပြီး ထူးချွန်မှုတို့ကြောင့် ဂျာမနီနိုင်ငံသို့ ပညာတော်သင်ဆုကိုရရှိကာ နိုင်ငံခြားဘွဲ့တစ်ခုကို ရအောင်ယူခဲ့သည်။
မိန်းကလေးသည် ဘွဲ့ရချိန်တွင် ရွေးချယ်စရာများသည့်ကြားက ကိုယ့်ရဲ့မွေးရပ်မြေကလေးဆီပြန်လာကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအား ထောက်ပံ့ကာ စာသင်ကြားပေးလျက်ရှိသည်။
Zawgyi
ေဝးလံေခါင္သီေသာေဒသမ်ားရွိ ကေလးငယ္မ်ားသည္ ပညာေရးအတြက္ ဦးစားေပးျခင္းမ်ိဳးမခံရပဲ အ႐ြယ္မေရာက္ေသးခင္ ေက်ာင္းထြက္ရကာ မိသားစုစားဝတ္ေနေရးအတြက္ ေတြ႕ရာအလုပ္ဝင္လုပ္ၿပီး ျပန္လည္ေထာက္ပံ့ေပးရတာမ်ိဳး ျဖစ္လာခဲ့သည္။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံ Lao Caiျပည္နယ္ ေတာင္တန္းေက်းလက္ေဒသတြင္ ေနထိုင္ေသာ အသက္၃၀အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ပညာေရးကိုဦးစားမေပးခဲ့၍ သူမရဲ႕မိသားစုအခက္အခဲေၾကာင့္ပဲ ေက်ာင္းၿပီးဆုံးေအာင္မတက္ခဲ့ရပဲ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အလုပ္ဝင္လုပ္ခဲ့ရသည္။
မိန္းကေလးသည္ အျခားေသာကေလးေတြနဲ႔မတူပဲ စာႀကိဳးစားသူတစ္ေယာက္ျဖစ္သည့္အျပင္ အရည္အခ်င္းလည္းရွိတာေၾကာင့္ သူမေက်ာင္းထြက္ခဲ့ရတာကို စိတ္မေကာင္းျဖစ္ေသာ ဆရာမျဖစ္သူက အိမ္ထိလိုက္လာၿပီး သူမရဲ႕မိဘႏွစ္ပါးကို ပညာမတတ္ပါက ဒုကၡဆင္းရဲတြင္းကလြတ္ေျမာက္မည္မဟုတ္ေၾကာင္း နားလည္ေအာင္ရွင္းျပေျပာဆိုခဲ့သည္။
မိဘႏွစ္ပါးလည္း ဆရာမေလးရဲ႕စကားေၾကာင့္ သမီးေလးအား ေက်ာင္းျပန္တက္ခြင့္ေပးခဲ့ရာ အမွတ္ေကာင္းၿပီး ထူးခြၽန္မႈတို႔ေၾကာင့္ ဂ်ာမနီႏိုင္ငံသို႔ ပညာေတာ္သင္ဆုကိုရရွိကာ ႏိုင္ငံျခားဘြဲ႕တစ္ခုကို ရေအာင္ယူခဲ့သည္။
မိန္းကေလးသည္ ဘြဲ႕ရခ်ိန္တြင္ ေ႐ြးခ်ယ္စရာမ်ားသည့္ၾကားက ကိုယ့္ရဲ႕ေမြးရပ္ေျမကေလးဆီျပန္လာကာ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆင္းရဲႏြမ္းပါးေသာ ကေလးငယ္မ်ားအား ေထာက္ပံ့ကာ စာသင္ၾကားေပးလ်က္ရွိသည္။