ေယာက်္ားယူခ်င္တာ ျပာကန္းေနတဲ့အပ်ိဳႀကီး ဘဘုန္းႀကီးကို တိုင္ပင္လိုက္ေသာအခါ…
ေရွးတုန္းက ႐ြာတစ္႐ြာမွာ ဘုန္းႀကီးတူမ အပ်ိဳႀကီးတစ္ေယာက္ရွိတယ္…။
အသက္ကလည္း ေလးဆယ္ေက်ာ္ၿပီ..သူ႔႐ြာမွာ ႀကိဳက္မယ့္သူလည္း တစ္ေယာက္မွမရွိတဲ့အပ်ိဳ ႀကီးဟာ ျဖစ္မ် ားျဖစ္ခ်င္ေတာ့ တျခားတစ္႐ြာသား ေမာင္ထင္ဆိုသူနဲ႔သြားခ်စ္ကြၽမ္းဝင္မိပါသတဲ့…။
ေယာက္်ားယူခ် င္တာ ဆတ္ဆတ္တက္ျဖစ္ေနတဲ့အပ်ိဳ ႀကီးဟာ ႐ြာေပၚမွာ အမ်ိဳးဆိုလို႔ တစ္ေယာက္ထဲရွိတဲ့ ဘဘုန္းကိုေတာ့ အသိေပး တိုင္ပင္ခဲ့ပါတယ္…။
ဦးရီးေတာ္မို႔ တိုင္ပင္တာပါဘုရား..ဟို႐ြာကေမာင္ထင္နဲ႔တပည့္ေတာ္မ ယူသင့္ မယူသင့္ အႀကံဉာဏ္ေလးမ်ားတဆိတ္ေလာက္ ေပးေတာ္မူပါအုံးဘုရား…” ဆိုေတာ့…
ဘုန္းဘုရားဟာ..တူမအရင္းမို႔သာ မေျပာသာေပမယ့္စိတ္ထဲကေတာ့ ေလာကုတၱရာသားတစ္ေယာက္ကို…နင္တို႔ ေလာကီေရးရာအမႈ ေတြ လာရႈပ္ရေကာင္းလားလို႔ ညိဳညင္မိပါေသးတယ္…
ဒါေပမယ့္ ကိုယ့္ကို…တိုးတိုးေဖာ္..တိုးတိုးဖက္ လုပ္လာေတာ့လည္း ဥေပကၡာမလုပ္ေကာင္းပါဘူးေလ..ဆိုၿပီးေတာ့…
နင္တို႔ အေရးကိစၥ..အေထြထူး ႏႈတ္နဲ႔မေျပာလိုေပဘူး..ဒီမွာ ..ငါ ေၾကးစည္ထုျပမယ္..ငါ့ ေၾကးစည္သံကို..နင့္ဟာနင္ အဓိပၸါယ္ ေဖာ္ယူေခ် .. ” လို႔..ေျပာကာ ဘုရားစင္နားက ေၾကးစည္ကို ယူၿပီး ထုလိုက္ပါေတာ့တယ္…။
ေၾကးစည္သံက…” ဒူေဝ…ဒူေဝ…” လို႔ ျမည္လာေတာ့…
တူမျဖစ္သူ အပ်ိဳ ႀကီးဟာ…ေအာ္…ဘဘုန္းက ႏႈ တ္နဲ႔ ေျပာမထြက္လို႔ေၾကးစည္ထုၿပီး အခ်က္ျပတာပဲေလ…
ေၾကးစည္သံက ဒူေဝ..ဒူေဝ…ဆိုေတာ့…ငါ့ကို..ယူေလ…ယူေလ…လို႔ ေျပာခ်င္တာပဲ..ျဖစ္မယ္…”
ဆိုၿပီး အဓိပၸါယ္ ေကာက္ကာ တစ္႐ြာသား ေမာင္ထင္ကိုယူလိုက္ပါေတာ့တယ္…။
ဒီလိုနဲ႔…အပ်ိဳ ႀကီးနဲ႔ ေမာင္ထင္တို႔ ေပါင္းဖက္လာလိုက္ၾကတာ..လ အတန္ငယ္ၾကာေတာ့…
ေမာင္ထင္ဟာ အေသာက္အစား ေလာင္းကစားနဲ႔ အေပ် ာ္အပါးမက္တဲ့ အေပအေတတစ္ေယာက္မွန္းသိလာရေတာ့…ဘဘုန္းထံ ျပန္လာၿပီး..
ကိုယ့္ တူဝရီးခ်င္းမို႔ အားကိုးလို႔ လာတိုင္ပင္မိပါတယ္ဘုရား..ခုေတာ့ ေကာင္းေသးရဲ႕လား ” ဆိုၿပီး..ဘဘုန္းကိုဘလိုင္းႀကီး ရန္လာေတြ႕ေတာ့…
ဘဘုန္းက…ဟဲ့..ဘာေတြျဖစ္လာလို႔တုန္း..ဘယ့္နဲ႔ ငါ့ကို အသလြတ္ရန္လာေတြ႕ေနရတာလဲ ” ျပန္ေျပာတဲ့အခါ..
အပ်ိဳ ႀကီးက..အသလြတ္ေတာ့ ရန္လာေတြ႕ပါ့မလား…အရွင္ဘုရား..
ယူေလ..ယူေလ…ဆိုလို႔ ယူလိုက္ရတဲ့ ေမာင္ထင္ကအခု အရက္သမား..ဖဲသမား..ၾကက္သမား..မယားငယ္ထား..ျဖစ္ေနလို႔ လာရန္ေတြ႕ ရတာေပါ့…” လို႔ေျပာပါတယ္…။
သည္ေတာ့မွ ဘဘုန္းက…ဟဲ့..နင့္ကို ယူေလ..ယူေလ..လို႔ တစ္ခါမွလဲ ငါမေျပာခဲ့ရပါလား…
အဲ့ဒီတုန္းက နင္လာတိုင္ပင္လို႔..ငါ ေၾကးစည္ထုျပခဲ့တာကို..နင္က ဘယ္လို အဓိပၸါယ္ေကာက္လို႔လဲ..”
ေၾကကးစည္သံက( ဒူေဝ..ဒူေဝ )ဆိုေတာ့..တပည့္ေတာ္ကယူေလ..ယူေလ..လို႔ အဓိပၸါယ္ေကာက္ခဲ့တာေပါ့ ဘုရာ့ ”
တူမ အပ်ိဳ တပတ္ႏြမ္းႀကီးရဲ႕စကားေၾကာင့္ ဘဘုန္းဟာသူ႔နဖူး သူ႐ိုက္ရင္း ျပန္ေျပာလိုက္တာကေတာ့…
ေသလိုက္ပါေတာ့ဟယ္…နင့္ဟာနင္ လင္တ႐ူးၿပီးေတာ့ေကာက္ခ်င္သလိုေကာက္တာ..
ငါ့ေၾကးစည္သံရဲ႕ ဆိုလိုရင္းအမွန္က…လူေပ လူေတ..လို႔ ဆိုလိုခ်င္တာဟဲ့..” ဟူ၍…ျဖစ္ပါသတဲ့…။
Credit to orginal
unicode
ယောကျ်ားယူချင်တာ ပြာကန်းနေတဲ့အပျိုကြီး ဘဘုန်းကြီးကို တိုင်ပင်လိုက်သောအခါ…
ရှေးတုန်းက ရွာတစ်ရွာမှာ ဘုန်းကြီးတူမ အပျိုကြီးတစ်ယောက်ရှိတယ်…။
အသက်ကလည်း လေးဆယ်ကျော်ပြီ..သူ့ရွာမှာ ကြိုက်မယ့်သူလည်း တစ်ယောက်မှမရှိတဲ့အပျို ကြီးဟာ ဖြစ်မျ ားဖြစ်ချင်တော့ တခြားတစ်ရွာသား မောင်ထင်ဆိုသူနဲ့သွားချစ်ကျွမ်းဝင်မိပါသတဲ့…။
ယောက်ျားယူချ င်တာ ဆတ်ဆတ်တက်ဖြစ်နေတဲ့အပျို ကြီးဟာ ရွာပေါ်မှာ အမျိုးဆိုလို့ တစ်ယောက်ထဲရှိတဲ့ ဘဘုန်းကိုတော့ အသိပေး တိုင်ပင်ခဲ့ပါတယ်…။
ဦးရီးတော်မို့ တိုင်ပင်တာပါဘုရား..ဟိုရွာကမောင်ထင်နဲ့တပည့်တော်မ ယူသင့် မယူသင့် အကြံဉာဏ်လေးများတဆိတ်လောက် ပေးတော်မူပါအုံးဘုရား…” ဆိုတော့…
ဘုန်းဘုရားဟာ..တူမအရင်းမို့သာ မပြောသာပေမယ့်စိတ်ထဲကတော့ လောကုတ္တရာသားတစ်ယောက်ကို…နင်တို့ လောကီရေးရာအမှု တွေ လာရှုပ်ရကောင်းလားလို့ ညိုညင်မိပါသေးတယ်…
ဒါပေမယ့် ကိုယ့်ကို…တိုးတိုးဖော်..တိုးတိုးဖက် လုပ်လာတော့လည်း ဥပေက္ခာမလုပ်ကောင်းပါဘူးလေ..ဆိုပြီးတော့…
နင်တို့ အရေးကိစ္စ..အထွေထူး နှုတ်နဲ့မပြောလိုပေဘူး..ဒီမှာ ..ငါ ကြေးစည်ထုပြမယ်..ငါ့ ကြေးစည်သံကို..နင့်ဟာနင် အဓိပ္ပါယ် ဖော်ယူချေ .. ” လို့..ပြောကာ ဘုရားစင်နားက ကြေးစည်ကို ယူပြီး ထုလိုက်ပါတော့တယ်…။
ကြေးစည်သံက…” ဒူဝေ…ဒူဝေ…” လို့ မြည်လာတော့…
တူမဖြစ်သူ အပျို ကြီးဟာ…အော်…ဘဘုန်းက နှု တ်နဲ့ ပြောမထွက်လို့ကြေးစည်ထုပြီး အချက်ပြတာပဲလေ…
ကြေးစည်သံက ဒူဝေ..ဒူဝေ…ဆိုတော့…ငါ့ကို..ယူလေ…ယူလေ…လို့ ပြောချင်တာပဲ..ဖြစ်မယ်…”
ဆိုပြီး အဓိပ္ပါယ် ကောက်ကာ တစ်ရွာသား မောင်ထင်ကိုယူလိုက်ပါတော့တယ်…။
ဒီလိုနဲ့…အပျို ကြီးနဲ့ မောင်ထင်တို့ ပေါင်းဖက်လာလိုက်ကြတာ..လ အတန်ငယ်ကြာတော့…
မောင်ထင်ဟာ အသောက်အစား လောင်းကစားနဲ့ အပျေ ာ်အပါးမက်တဲ့ အပေအတေတစ်ယောက်မှန်းသိလာရတော့…ဘဘုန်းထံ ပြန်လာပြီး..
ကိုယ့် တူဝရီးချင်းမို့ အားကိုးလို့ လာတိုင်ပင်မိပါတယ်ဘုရား..ခုတော့ ကောင်းသေးရဲ့လား ” ဆိုပြီး..ဘဘုန်းကိုဘလိုင်းကြီး ရန်လာတွေ့တော့…
ဘဘုန်းက…ဟဲ့..ဘာတွေဖြစ်လာလို့တုန်း..ဘယ့်နဲ့ ငါ့ကို အသလွတ်ရန်လာတွေ့နေရတာလဲ ” ပြန်ပြောတဲ့အခါ..
အပျို ကြီးက..အသလွတ်တော့ ရန်လာတွေ့ပါ့မလား…အရှင်ဘုရား..
ယူလေ..ယူလေ…ဆိုလို့ ယူလိုက်ရတဲ့ မောင်ထင်ကအခု အရက်သမား..ဖဲသမား..ကြက်သမား..မယားငယ်ထား..ဖြစ်နေလို့ လာရန်တွေ့ ရတာပေါ့…” လို့ပြောပါတယ်…။
သည်တော့မှ ဘဘုန်းက…ဟဲ့..နင့်ကို ယူလေ..ယူလေ..လို့ တစ်ခါမှလဲ ငါမပြောခဲ့ရပါလား…
အဲ့ဒီတုန်းက နင်လာတိုင်ပင်လို့..ငါ ကြေးစည်ထုပြခဲ့တာကို..နင်က ဘယ်လို အဓိပ္ပါယ်ကောက်လို့လဲ..”
ကြေကးစည်သံက( ဒူဝေ..ဒူဝေ )ဆိုတော့..တပည့်တော်ကယူလေ..ယူလေ..လို့ အဓိပ္ပါယ်ကောက်ခဲ့တာပေါ့ ဘုရာ့ ”
တူမ အပျို တပတ်နွမ်းကြီးရဲ့စကားကြောင့် ဘဘုန်းဟာသူ့နဖူး သူရိုက်ရင်း ပြန်ပြောလိုက်တာကတော့…
သေလိုက်ပါတော့ဟယ်…နင့်ဟာနင် လင်တရူးပြီးတော့ကောက်ချင်သလိုကောက်တာ..
ငါ့ကြေးစည်သံရဲ့ ဆိုလိုရင်းအမှန်က…လူပေ လူတေ..လို့ ဆိုလိုချင်တာဟဲ့..” ဟူ၍…ဖြစ်ပါသတဲ့…။
Credit to orginal