crd 7 Day
Unicode
ကိုဗစ်ဒဏ် ခံနေရတဲ့ မြန်မာအတွက် ဂျပန်က ယန်း ၃၀ ဘီလီယံ ထောက်ပံ့မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာအစိုးရ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဂျပန်အစိုးရက ယန်း ၃၀ ဘီလီယံ အကူအညီပေးရန် ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ဂျပန် သံအမတ်ကြီး မစ္စတာမာရုယာမ က နိုင်ငံပိုင်သတင်းစာနှင့်တွေ့ ဆုံစဉ် ယင်းသို့ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး မစ္စတာမိုတီဂီ ခရီးစဉ်မှာ နှစ်နိုင်ငံအကြား ခရီး သွားလာမှု ပြန်လည်စတင်နိုင်ဖို့ အတွက် ပူးပေါင်း ဆောင်ရွက်ရေး နဲ့ လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါစီမံချက် အပါအဝင် အမျိုးမျိုးသောပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့် တင်ဆောင်ရွက်ရေးနဲ့ပတ်သက် ပြီး ဆွေးနွေးနွေးသွားမှာဖြစ်ပါ တယ် ဟု ဂျပန်သံအမတ်ကြီးကနိုင်ငံပိုင်သတင်းစာအား ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုတီဂီ၏ နေပြည်တော် ခရီးစဉ်တွင် နားလည်မှုစာချွန်လွှာ နှင့် သဘောတူညီချက်များ လက် မှတ်ရေးထိုးရန် စီစဉ်ထားခြင်းမရှိ ကြောင်းနှင့် အထက်ပါ ယန်း ၃၀ ဘီလီယံကိစ္စသည် ဆောင်ရွက် နေဆဲလုပ်ငန်းစဉ် (Ongoing process) ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အ ဆင့်မြင့်အရာရှိတစ်ဦးက ပြောပါတယ်။
အထက်ပါ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးသည် ဩဂုတ် ၂၄ မှ ၂၅ ရက်အထိ နေပြည်တော်သို့ လာရောက်မည်ဖြစ်ပြီး ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားပါတယ်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံခရီးသွားလာရေးကိစ္စရပ်များအပေါ် ဖြေလျှော့ရေးနှင့် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ ကို ပြန်လည် ကုစားရေးတို့နှင့် ပတ်သက်၍ ခေါင်းဆောင်များအကြား ဆွေးနွေးရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေး အဆင့်မြင့်အရာရှိ ကဆိုပါတယ်။
ထို့အပြင် ဂျပန်သံအမတ် ကြီးက ၎င်းတို့အစိုးရအနေဖြင့် မြန်မာအစိုးရ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေး တို့နှင့် ပတ်သက်၍ မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ကာ ပူးပေါင်းဆောင် ရွက်မှုနှင့် လိုအပ်သည့် အကူအ ညီများပေးမည်ဟု ထည့်သွင်း ပြောကြားခဲ့ပါတယ်။
crd 7 Day