Zawgyi
အြန္လိုင္းေပၚမွ ခ်စ္ႀကိဳက္ၿပီး ေကာင္မေလးျဖစ္သူကို တည္းခိုခန္းသို႔ ခ်ိန္းဆိုစဥ္ အျဖစ္ဆိုးနဲ႔ ၾကံဳေတြ႔ခဲ့ရတဲ့ အမ်ိဳးသား
ဘုတ္ျပင္းၿမိဳ႕နယ္၊ ေ႐ႊဘုံသာရပ္ကြက္မွာေနထိုင္တဲ့ သန႔္ဇင္ေဌး (၃၁)ႏွစ္၊ ဆိုသူ ၿမိတ္ၿမိဳ႕သို႔ေရာက္ရွိေနစဥ္ ၎ႏွင့္ အြန္လိုင္းေပၚမွ ရင္းႏွီးကာခ်စ္ႀကိဳက္ခဲ့သည့္
ေညာင္ဘီးေက်း႐ြာအုပ္စု၊ အညႇင္းေက်း႐ြာမွ မ _ _ _ _ အား ဖုန္းျဖင့္ဆက္သြယ္ၿပီး ၎ဟာ ၿမိတ္သို႔ေရာက္ရွိေနေၾကာင္းေျပာရာ မ_ _ _ _ မွလည္း သူမလည္းကုန္ပစၥည္းဝယ္ယူရန္ ၿမိတ္သို႔ေရာက္ေနေၾကာင္း ျပန္လည္ေျဖၾကားတာေၾကာင့္
သန႔္ဇင္ေဌးမွ ၿမိတ္အေဝးေျပးကားဝင္းသစ္အနီးရွိ “နန္းသဇင္”တည္းခိုခန္းတြင္ ေတြ႕ဆုံရန္ ေျပာၾကားခဲ့ေၾကာင္းသိရပါတယ္။အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး မ_ _ _ _မွ ျငင္းဆိုရာ သန႔္ဇင္ေဌးမွ မ_ _ _ _၏ဓါတ္ပုံနဲ႔တကြ ညစ္ညမ္းတဲ့စာေတြကို အြန္လိုင္းေပၚသို႔တင္မည္ဟု
ၿခိမ္းေျခာက္ေျပာဆိုရာ မ_ _ _ _ က ဒီလိုမျပဳလုပ္ရန္ ေတာင္းဆိုခဲ့ေပမယ့္ သန႔္ဇင္ေဌးမွ လက္မခံပဲ တည္းခိုခန္းသို႔ လာေရာက္ရန္ ေျပာဆိုရာ မ_ _ _ _ က ၊ “နန္းသဇင္”တည္းခိုခန္းရဲ႕ အခန္း အမွတ္ ၂ သို႔ သြားေရာက္ခဲ့ေၾကာင္းသိရပါတယ္။
ထိုသို႔သြားေရာက္စဥ္ အသင့္ေစာင့္ဆိုင္းေနတဲ့ သန႔္ဇင္ေဌး မွ အခန္းအတြင္းသို႔ဆြဲသြင္းၿပီး မ_ _ _ _ အား ပြတ္သပ္ျခင္း ၊ အဝတ္အစားမ်ား ဆြဲခြၽတ္ၿပီး သားမယားအျဖစ္ျပဳက်င့္ရန္ ႀကံစည္ခဲ့ေၾကာင္း သိရပါတယ္။ထိုသို႔ တည္းခိုခန္းတစ္ခုသို႔ခ်ိန္းဆိုၿပီး
သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူအမ်ိဳးသားတစ္ဦးအား ဖမ္းဆီးအေရးယူလိုက္ေၾကာင္း သိရပါတယ္။သားမယားအျဖစ္ျပဳက်င့္ရန္ႀကံစည္သူ သန႔္ဇင္ေဌး (၃၁)ႏွစ္၊ အား ၿမိတ္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူထားေၾကာင္းသိရပါတယ္။
ျမတ္ထြဋ္ (ၿမိတ္)
Unicode
အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး ကောင်မလေးဖြစ်သူကို တည်းခိုခန်းသို့ ချိန်းဆိုစဉ် အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသား
ဘုတ်ပြင်းမြို့နယ်၊ ရွှေဘုံသာရပ်ကွက်မှာနေထိုင်တဲ့ သန့်ဇင်ဌေး (၃၁)နှစ်၊ ဆိုသူ မြိတ်မြို့သို့ရောက်ရှိနေစဉ် ၎င်းနှင့် အွန်လိုင်းပေါ်မှ ရင်းနှီးကာချစ်ကြိုက်ခဲ့သည့်
ညောင်ဘီးကျေးရွာအုပ်စု၊ အညှင်းကျေးရွာမှ မ _ _ _ _ အား ဖုန်းဖြင့်ဆက်သွယ်ပြီး ၎င်းဟာ မြိတ်သို့ရောက်ရှိနေကြောင်းပြောရာ မ_ _ _ _ မှလည်း သူမလည်းကုန်ပစ္စည်းဝယ်ယူရန် မြိတ်သို့ရောက်နေကြောင်း ပြန်လည်ဖြေကြားတာကြောင့်
သန့်ဇင်ဌေးမှ မြိတ်အဝေးပြေးကားဝင်းသစ်အနီးရှိ “နန်းသဇင်”တည်းခိုခန်းတွင် တွေ့ဆုံရန် ပြောကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မ_ _ _ _မှ ငြင်းဆိုရာ သန့်ဇင်ဌေးမှ မ_ _ _ _၏ဓါတ်ပုံနဲ့တကွ ညစ်ညမ်းတဲ့စာတွေကို အွန်လိုင်းပေါ်သို့တင်မည်ဟု
ခြိမ်းခြောက်ပြောဆိုရာ မ_ _ _ _ က ဒီလိုမပြုလုပ်ရန် တောင်းဆိုခဲ့ပေမယ့် သန့်ဇင်ဌေးမှ လက်မခံပဲ တည်းခိုခန်းသို့ လာရောက်ရန် ပြောဆိုရာ မ_ _ _ _ က ၊ “နန်းသဇင်”တည်းခိုခန်းရဲ့ အခန်း အမှတ် ၂ သို့ သွားရောက်ခဲ့ကြောင်းသိရပါတယ်။
ထိုသို့သွားရောက်စဉ် အသင့်စောင့်ဆိုင်းနေတဲ့ သန့်ဇင်ဌေး မှ အခန်းအတွင်းသို့ဆွဲသွင်းပြီး မ_ _ _ _ အား ပွတ်သပ်ခြင်း ၊ အဝတ်အစားများ ဆွဲချွတ်ပြီး သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခဲ့ကြောင်း သိရပါတယ်။ထိုသို့ တည်းခိုခန်းတစ်ခုသို့ချိန်းဆိုပြီး
သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူအမျိုးသားတစ်ဦးအား ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရပါတယ်။သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ သန့်ဇင်ဌေး (၃၁)နှစ်၊ အား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)