အင်္ဂါသားသမီးများအတွက် အထူး (အထူး) ဟောစာတမ်း
အင်္ဂါသားသမီးများအားလုံးသည် 1384မှစပြီး တဖြေးဖြေး ကံကြမ္မာတိုးတက်ပြောင်းလဲမည့်ကိန်းရှိပါတယ်။ ကြီးသူမစ၍သော်လည်းကောင်း၊ မိတ်ဆွေများ၏အကူညီကြောင့်သော်လည်းကောင်း…အချစ်ရေး စီးပွားရေး၊ပညာရေး၊ အလုပ်အကိုင်၊ရာထူးဌာနန္တရ အဆင့်မြင့်မြင့်သို့တိုးတက်ပြောင်းလဲမည့် ကံဇာတာအတက်ရှိပါတယ်။တိုးတက်မည့်ကံဇာတာမဆုတ်ယုတ်ရလေအောင် ဆရာပြောတဲ့အတိုင်း ဆောင်ရွက်ဖို့ အကြံပြုပါမယ်။
၁။ နေ့စဉ် (နံနက်5:00) မှာ မြတ်စွာဘုရားရှင်အား သောက်တော်ရေ၊ မျက်နှာသစ်တော်ရေ နှင့် ကော်ဖီတခွက် (ပေါင်မုန့်၅- ချပ်) ကပ်လှူပါ။ ထို့နောက် မဟာသမယသုတ်ရွတ်ပူဇော်ပြီး ဒိဝါတပတိဂါထာကိုသက်စေ့ရွတ်ပါ။ ဂုဏ်တော်၉ပါးထဲမှ မိမိဆန္ဒပြုသည့် ဂုဏ်တော်တပါးကို သက်စေ့+ဂြိုလ်သက် ပေါင်းပတ်ရေရအောင်စိတ်ပါ။ပြုသမျှကုသိုလ် ပြီးစီးပါက…..
ကျွနုပ်နှင့်နောင်တုန်းကဆွေတော်မျိုးတော် တော်စပ်ကြကုန်သော အာကာသစိုးရနတ်များ၊ ရုက္ခစိုးနတ်များ၊ဘုမ္မစိုးနတ်ဒေဝါအပေါင်းတို့နှင့်တကွ ငရဲပြည်၌ရှိသော ယမမင်းကြီး၊ နဂါးပြည်၌ရှိကုန်သောနဂါးမင်းကြီး၊ နှင့် ဘီလူးယက္ခမင်းအပေါင်းတို့ပါမကျန် အမျှအမျှအမျှဝေငှပါသည်။
ကျွနုပ်အားလည်းကူညီမစစောင့်ရှောက်ပေးပးပါ။ အနာဆိုးရောဂါဆိုးဘေးဆိုးအန်တရာယျဆိုးမှကငျးဝကော ရာထူး စညျးစိမျဥစ်စာရတနာမြား ပွညျ့စုံကာ သာသနာပွုနိုငျသညျ့ပုဂ်ဂိုလျ
ဖြစ်အောင် ကူညီပေးပါ။စောင့်ရှောက်ပေးပါ…..ကုသိုလ်….အမျှအမျှအမျှ ယူတော်မူကြပါကုန်သော် သာဓုသာဓုသာဓု ဟု၃ကြိမ်အမျှဝေကာ မေတ္တာဓာတ်ခံယူပါလေ။
အမှန်အကန်စောင့်ရှောက်ပါတယ်။ ကိုယ်တွေ့ပါ။ တခုခုဖြစ်တော့မယ်ဆိုရင်အိမ်မက်ပေးခြင်း၊ အချို့သောဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ပေးခြင်းများ ခံစားရပါတယ်။ နဂါးမင်းကြီးနှင့်ဘီလူးယက္ခမင်းတို့က မေတ္တာပို့အမျှပေးသူကိုပစ်မထားကြပါ။ ၅ပါးသီလတော့ အထူးလုံအောင်စောင့်ပါ။ တကယ်အကျိုးထူးခံစားရပါလိမ့်မယ်။ကံဇာတာအနိမ့်ပိုင်းရောက်နေရင်တောင် အဆိုးဆုံးအခြေနေသို့မရောက်စေတတ်ပါ။
၂။ နေ့လည်တွင် နေ့ဆွမ်းကပ်လှူပြီး သဘောင်္သီး၊ စပျစ်သီး၊ နို့၊ ဒိန်ချဉ်၊ လိမ္မော်အစရှိသော သစ်သီးဖျော်ရည်တခွက်ဂက နေ့စဉ်ကပ်လှူပါ။
၃။ ညချမ်းခါ၌တွင်မူ သောက်တော်ရေ၅ခွက်ကပ်လှူပြီး အမှတ်စဉ်၁ပါ အစီအစဉ်တိုင်း ကုသိုလ်ပြုပါ။
၄။ မိမိမွေးနေ့ရောက်တိုင်း ဂြိုလ်၈ခွင်ဘုရားသွား၍ ၎င်း၊ပန်းရေချမ်းဆီမီးကပ်လှူကာ သိဒ္ဓိပြည့်မြောက်စေသည့် အရဟံဂုဏ်တော် ပုတီးကို ၈ ပတ်သော်လည်းကောင်းသက်စေ့သော်လည်းကောင်းမိမိစွမ်းနိုင်သလောက်တိုးပွားစိတ်ပါ။ိမိမိအနီးအနားရှိ ခွေးများကို အသားဟင်းဖြင့် ကြွေပန်းကန်ပြားတချပ်ထဲထည့်ကာ ကျကျနနကျွေးမွေးကုသိုလ်ပြုပါ။
ယခုလို အစီအစဉ်တကျဆောင်ရွက်စေရခြင်းသည် အင်္ဂသားသမီးမှန်သမျအကျိုးစီးပွားတိုးတက်စေခြင်းကိုအလိုရှိသောကြောင့်ဖြစ်ပါသည်။ အင်္ဂါချင်းတူစေကာမူ အတိတ်ကဥစ္စာကံပါလာပုံခြင်းကားမတူညီသည်ကိုအထူးသတိပြုစေလိုပါသည်။ ထို့ကြောင့် အဆင်ပြေနေသူလည်းပို၍အဆင်ပြေစေဖို့၊ အဆင်မပြေသူလည်း အဆင်ပြေချောမွေ့စေဖို့ ယုံယုံကြည်ကြည်သာဆောင်ရွက်ကြပါလေ။
ယုံကြည်ခြင်းသည်သာလိုရာပန်းတိုင်အရောက်ပေးပို့နိုင်ပါလိမ့်မည်။
Sayar Soe Moe Lwin(M.A)
Zawgyi
Sayar Soe Moe Lwin(M.A)