ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရွာသွန်းမြဲထက် ၂ ဆမှ ၃ ဆအထိ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံသတိပြုရန်
ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်အပါအဝင် ကမ်းခြေဒေသတွေမှာ ရွာသွန်းမြဲထက် ၂ ဆမှ ၃ ဆအထိ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံသတိပြုရန်အတွက် မိုးလေဝသဆရာမလေး စုစုစံမှ သတိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ”မိုးကြီးရေလျှံသတိ။ အနောက်တောင်မုတ်သုန်လေသည် အားကောင်းရာမှ ပိုမိုအားကောင်းလာနိုင်ပါတယ်။ ၂၀၂၂ ဇူလိုင်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီးတွေမှာမိုးများစွာရွာသွန်းနိုင်ပြီး
တနင်္သာရီတိုင်းနှင့် မုတ္တမပင်လယ်ကွေ့ဒေသများ ဧရာဝတီတိုင်းပင်လယ်ကမ်းခြေဒေသများ ရန်ကုန်တိုင်းပင်လယ်ကမ်းခြေဒေသတွေမှာ ရွာသွန်းမြဲထက် ၂ဆမှ ၃ဆအထိ ပိုမိုရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်။
ပဲခူးတိုင်းကြီးလည်း မိုးအသင့်အတင်မှ ပိုမိုရွာသွန်းနိုင်ပါသဖြင့် အောက်မြန်မာနိုင်ငံ မိုးများတဲ့အပတ်ပဲဖြစ်လာပါလိမ့်မယ် အထက်အညာဒေသတွေမိုးမရွာနိုင်ဘူးလို့မဆိုလိုပါဘူး လေစီးသင့်တဲ့ဒေသတွေ ပုံမှန်မဟုတ်တဲ့မိုးတွေရွာနိုင်ပါတယ်
ဘာဖြစ်လို့လည်းဆိုတော့ တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနိမ့်ကျနေမှာဖြစ်ပြီးတော့ Low နှစ်ခုကြာညှပ်နေလို့ အထက်လေစီးတွေကနေ မိုးရွာသွန်းတာတွေဖြစ်လာနိုင်လို့ပါပဲ” ဆိုပြီး ကြိုတင်ခန့်မှန်းအသိပေးထားပါတယ်။
မိုးကြီးရေလျှံ သတိ
၂၀၂၂ ဇူလိုင်လ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် တနင်္သာရီတိုင်းတစ်ခုလုံး နေရာအနှံအပြားမှာ မိုးများစွာရွာသွန်းနိုင်ပြီး ကော့သောင်း ဘုတ်ပြင်း တနင်္သာရီမြို့ မြိတ် ပုလော ဒေသများတွင် ရေကြီးနစ်မြုပ်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။
နောက် ၂၄ နာရီအတွင်း မိုးကြီးနိုင်တဲ့ဒေသတွေကတော့ ထားဝယ် လောင်းလုံ သရက်ချောင်း ပုလော ပုလောက် မြိတ် ဘုတ်ပြင်း ကော့သောင်း
မော်ကျွန်း ဘိုကလေး ဖျာပုံ ဒေးဒရဲ ကျိုက်လတ်ကော့မှူး ကွမ်းခြံကုန်း ဝါးဘလောက်သောက် ရေဖြူတွင်း သရောတန်း ဆိပ်ကြီးခနောင်တို ကရပ် ကျောက်တန်း တံတားမြို့ ဘန့်ဘွေးကုန်း သီလဝါ သန်လျှင် ဒလ ရန်ကုန် သုံခွ ခရမ်း ပိန်းကန် အုန်းနှဲ သက္ကလ ကဝ
ပုသိမ်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင် ဟင်္သာတခရိုင်ဒေသတွေမှာမိုးရွာနိုင်ပြီး ဟိုင်ကြီးကျွန်း ချောင်းဝ ပြင်ဇလူ မိန်းမလှကျွန်း ဂေါ်ရင်ဂျီကျွန်ဒေသများတွင်းမိုးကြီးနိုင်ပါတယ်။
တနင်္သာရီ ကမ်းရိုးတမ်းတလျှောက် မိုးသက်လေပြင်းများကျရောက်စဥ် တစ်နာရီ ၂၄မိုင်မှ ၄၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရေလှိုင်းအမြင့်မှာ ၉ ပေ မှ ၁၂ ပေအထိရှိနိုင်ပါတယ်” ဆိုပြီး ထုတ်ပြန်ပေးထားပါတယ်။
Su Su San မင်း ဂွတ် သီး



