ၾကားသိရသမွ်

စ စ်ကောင်စီက သတင်းလွှင့်သည့်အတိုင်းမဟုတ်ဘဲ ရဲတပ်သားက မတရားဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ကယ်ထုတ်ခြင်းသာဖြစ်

စစ်ကောင်စီက သတင်းလွှင့်သည့်အတိုင်းမဟုတ်ဘဲ CDM ရဲတပ်သားက မတရားဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ကယ်ထုတ်ခြင်းသာဖြစ်

မလှိုင်၊ ဇူလိုင် ၁၁

လူငယ့်ခေတ်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် မြို့မရဲစခန်းတွင် အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခံထားရသည့်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲဘော်တစ်ဦးမှ ကယ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ခိုးပြေးသည် ဆိုသည့် သတင်းများမှာ မမှန်ကန်ကြောင်း ကာယကံရှင်အမျိုးသမီးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

“ခိုးပြေးတာမဟုတ်ဘူး။ ဒီအတိုင်းကယ်ထုတ် တာပါ။ ဒါကို ရဲစခန်းကတာဝန်ရှိသူတွေက တမင်ဖိအားလျော့အောင် လုပ်ဇာတ်ဖန်တီးပြီးရေးသားထားတာမျိုးပါ။ တကယ်က ရဲတပ် သားလေးက ကလေးမလေးကိုပါ ကယ်ထုတ် ပြီး လက်နက်နဲ့အတူ CDM ဝင်ခဲ့တာပါ “ ဟု ကာယကံရှင်အမျိုးသမီးနှင့်နီးစပ်သူတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။

ပြီးသည့် ဇူလိုင်လ (၁၀)ရက်က မလှိုင်မြို့နယ် ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင် ရာ ဥပဒေပုဒ်မ ၅၀(ည)ဖြင့်ဖမ်းဆီးအချုပ်ကျခံနေရသည့် မအိသန္တာအောင်ကို အဆိုပါရဲစခန်းမှ ရဲတပ်သား စိုးပိုင်က ကယ်ထုတ်ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

အဆိုပါထွက်ပြေးမှုကို ရဲတပ်သားမှ အချုပ် ကျနေသည့် အမျိုးသမီးကို ခိုးပြေးသွားသည်ဆိုပြီး ရဲစခန်းတာဝန်ရှိသူများကပြောကြောင်း စစ်အုပ်စုလက်အောက်ခံ သတင်းဌာနများက ဖော်ပြနေမှုများရှိသည်။

အကြမ်းဖက်စစ်ကောင်စီ မှ မအိသန္တာအောင်ကို K PAY အကောင့်တွင် ငွေလွှဲငွေပြောင်းများသည်ဟူသည့်တွေ့ရှိချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်မှ ထွက်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးနှင့်ရဲတပ်သားတစ်ဦးတို့မှာလည်း ဘေးကင်းလုံခြုံသည့်နေရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။