မညီမျှခြင်း ပြယုဂ်တွေ
တစ်ခုက မြို့ပြမှာ ဝါဆိုလပြည့်နေ့ဘုရားသွားကုသိုလ်ကောင်းမှုသွားလုပ်သူတွေတစ်ခုက ရွာတွေစစ်ကြောင်းထိုးခံရမီးရှို့ခံရလို့စစ်ဘေးရှောင်နေကြရတဲ့ပြည်သူတွေ…….။
ဘုရားသွားကုသိုလ်ယူတာ အပြစ်ပြောတာမဟုတ်ပေမဲ့ ကျေးလက်ထက်မြို့ပြဟာ…..
ဟန်ဆောင်ကောင်းတဲ့သူတွေပေါတယ်……။
အဆင်မပြေနေမှန်းသိရက်နဲ့ အဆင်ပြေယောင်ဆောင်ကြတယ်၊ဒဏ်ရာတွေရင်ထဲပြည့်နေပေမဲ့နာကျင်စရာတွေကို လွယ်လွယ် မေ့တတ်ကြတယ်။
ကျေးလက်ကပြည်သူတွေ စစ်အာဏာရူးတွေရဲ့အဖိအနှိပ်ခံနေရတာ အလို့တဲ့……
မဟုတ်ဘူးဟန်မဆောင်တတ်တာ……..
နာပြီဆိုအသည်းထဲထိနာတတ်တာ…..စပြီဆိုအဆုံးထိသွားတတ်ကြတာ….။
အဆင်မပြေနေတာကို အဆင်ပြေယောင်ဟန်ဆောင်ထားကြတာ ဘုရားသွားကုသိုလ်ယူရင်းဆုတောင်းတဲ့အထဲမှာ ဒီမိုကရေစီတိုက်ပွဲအတွက်အသက်ပေးသွားတဲ့ အာဇာနည်တွေအတွက်ဆုတောင်းပေးရင်ကျေးဇူးပါလို့…..။
တော်လှန်ရေး၁နှစ်ကျော်ကြာခဲ့ပြီမညီမျှခြင်းတွေ ကြီးစိုးတုန်း…
ကွက်ကြားမိုးတွေရွာကောင်းနေတုန်း…။
unicode