ဗဟုသုတ

အရုပ်မလေးတစ်ယောက်လို ချောမောလှပနေခဲ့သည့် ဆရာဝန်မလေးကြောင့် နာမည်ကျော်ပြီး ကောင်လေးတွေဝိုင်းဝိုင်းလည်နေသည့် သွားဆေးခန်း

လူတစ်ဦးတစ်ယောက်စီတိုင်းသည် ကိုယ်ပိုင်အလှတရားတို့ဖြင့် ကမ္ဘာပေါ်မှာ ရှင်သန်ရပ်တည်နေတာဖြစ်ပါတယ်။သို့သော်လည်း လူတိုင်း၏နှလုံးသားကို ဖမ်းစားထားနိုင်အောင် စွဲမက်ဖွယ်အလှတရားကတော့ အချို့လူနည်းစုကသာ ပိုင်ဆိုင်ထားကြပါတယ်။

ယခုတွင်လည်း ဂျပန်နိုင်ငံ Akibaharaမြို့တွင် Akiba Dental Clinicဆိုသည့် ကိုယ်ပိုင် သွားဆေးခန်းတစ်ခုကို ဆရာဝန်မလေးတစ်ဦးက ဖွင့်လှစ်ခဲ့ပါတယ်။ဆရာမလေးဟာ ဆရာဝန်ကုတ်အင်္ကျီကို မဝတ်ဆင်ဘဲ အရုပ်မလေးလို အိမ်ရှင်မပုံစံဂါဝန်ဝမ်းဆက်လေးဝတ်ထားပြီး လူနာတွေကို ကုသပေးခဲ့တာဖြစ်ပါတယ်။

ဆရာဝန်မလေးဟာ အရုပ်မလေးသဖွယ် ချစ်စရာကောင်းနေခဲ့ပြီး လူတိုင်း၏နှလုံးသားကို သိမ်းပိုက်နိုင်သည်အထိပင် ချောမောလှပနေခဲ့ပါတယ်။ထို့ကြောင့်လည်း သွားဆေးခန်းလေးဟာ ဖွင့်လှစ်ပြီးတာနဲ့ ချက်ချင်းနာမည်ကြီးလာခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)