ဘင်္ဂလာဒေ့ခ်ျ့အလုပ်သမားတစ်ဦးဟာ သူ့သားဖြစ်သူအတွက် လက်ဆောင်အဖြစ် ကောင်းမွန်တဲ့အရာကို ရယူလိုခဲ့ပေမဲ့
သူ အလိမ်အညာခံလိုက်ရမှန်းသိလိုက်ရပြီးနောက်မှာတော့ စိတ်မကောင်း ဝမ်းနည်းသွားခဲ့ရပါတယ်။
Liu လို့ အမည်ရတဲ့ မိုဘိုင်းလ်ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်တဲ့ ပို့စ်တစ်ခုမှာတော့ အဆိုပါ
ဘင်္ဂလားဒေ့ရှ် အမျိုးသားက သူ့ဆီ ချဉ်းကပ်လာကာ
သားဖြစ်သူအတွက် iPhone တစ်လုံးကို နောက်ဆုံးမှာ ဝယ်ပေးနိုင်လိုက်လို့ဆိုပြီး ဝမ်းသာအားရနဲ့ သူ့အား ထုတ်ပြခဲ့ပါတယ်။
အဆိုပါဖခင်ဖြစ်သူဟာ အလွန်မက်မောဖွယ်ကောင်းတဲ့ ပစ္စည်းကို လက်ဆောင်အဖြစ် ရယူရန် ရင်းဂစ် 1,000 သုံးစွဲခဲ့ပေမဲ့
လည်း စမတ်ဖုန်းကို လုပ်ဆောင်ရန် အခက်အခဲရှိနေတဲ့အတွက် ၎င်းက Liu ထံ အကူအညီလာတောင်းခဲ့တာပါ။
သို့ပေမဲ့ ၎င်းကို Liu က စစ်ဆေးကြည့်ဖို့ ဖွင့်ကြည့်လိုက်တဲ့အခါ ၎င်းတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားအောင်ဘဲ
ဘက်ထရီ သို့မဟုတ် ဆင်းမ်ကတ်ရှိနေရမဲ့အစား စမတ်ဖုန်းထဲမှာ ကျောက်ပြားတစ်ပြားကိုသာ တွေ့ရှိခဲ့ပါတယ်။
သူ အလိမ်ခံလိုက်ရမှန်း သိသွားတဲ့အခါမှာ အဆိုပါအမျိုးသားက သူ့ မျက်ရည်တွေကို ထိန်းထားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ရကြောင်း Liu က ပြောပြခဲ့ပါတယ်။
ထို့ပြင် Liu က သနားစရာကောင်းတဲ့အမျိုးသားအတွက် သူတကယ်ခံစားခဲ့ရကြောင်းလည်း ဆိုပါခဲ့တယ်။
ထိုအမျိုးသားဟာ တရုတ်ပြည်မကြီးရှိ အမျိုးသားတစ်ဦးထံမှ ‘လျှော့ဈေး’ နဲ့ ၎င်း iPhone ကို ဝယ်ယူခဲ့ပုံရကြောင်းလည်း ထင်ရှားနေခဲ့ပါတယ်။
၎င်းဖေ့စ်ဘုတ်ခ်ပို့စ်ကို ဖတ်ရှုသူအများအပြားက ထိုအမျိုးသားကို သနားကာ စိတ်မကောင်းဖြစ်ခဲ့ကြရပြီး အချို့သော Netizens များက ၎င်းဟာ ပုံမှန်လိမ်လည်မှုတစ်ခု
ဖြစ်ပြီး အခြားဝယ်သူများ၌လည်း ဖြစ်ပွါးလေ့ရှိခဲ့ကြောင်း ထောက်ပြခဲ့ကြပါတယ်
ထို့ပြင် ၎င်းတို့ထဲမှ အချို့က ထိုအမျိုးသားအား သားဖြစ်သူအတွက် အခြားစမတ်ဖုန်းတစ်လုံးဝယ်ဖို့ ကူညီရန် ရန်ပုံငွေရှာ
လိုခဲ့ကြပေမဲ့လည်း ဒီကိစ္စကို သီးသန့်ဖြေရှင်းပြီးဖြစ်တဲ့အတွက်ကြောင့် အလှူငွေများ ပေးပို့ရန် မလိုအပ်ကြောင်း Liu က ပြောကြားခဲ့ပါတယ်။
ဒါဟာ လူတိုင်းကို ပုံသေပုံစံများဖြင့် တံဆိပ်ကပ် မသတ်မှတ်ရန်လည်း သတိပေးချက်တစ်ခုပါဘဲ။
ထို့ပြင် အင်တာနက်အသုံးပြုသူအချို့ကလည်း မည်သည့်လူမျိုး၊ ဘာသာနှင့် နိုင်ငံမှာမဆို လူလိမ်များရှိတာကြောင့် အယုံမလွယ်ဘဲ သေချာ ဆန်းစစ်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။crd