ပဲခူးတိုင်းအနောက်ခြမ်းက ကုန်စိမ်းတွေ ထိုင်းနိုင်ငံအထိ တင်ပို့ရတာကြောင့် ဝယ်လိုအားမြင့်တက်
ပဲခူး၊ ဇူလိူင် ၁၈၊ ၂၀၂၂။
ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စိုက်ပျိုးထားတဲ့ သီးနှံအချို့ကို ထိုင်းနိုင်ငံအထိတင်ပို့ရတာကြောင့် ဝယ်လိုအားကောင်းနေတယ်လို့ ကုန်စိမ်းရောင်းဝယ်ရေးဒိုင်မှ ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက သီးနှံတွေကို ပွဲစားတွေက မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပို့ဆောင်ကြတာလို့ သိရပါတယ်။
“ပွဲစားတွေက မဲဆောက်အထိ ပို့ပေးတာပါ၊ အဓိကကတော့ ပဲခူးတိုင်းအနောက်ခြမ်းထဲက ကုန်စိမ်းတွေပေါ့၊ ကားခကလည်း ၂ ဆ တက်တယ်၊ အရင်က ဘားအံအထိ ကားခ ၅ သိန်းခွဲ အခု ၁၁ သိန်းခွဲအထိပေးနေရတယ်၊ အဓိကကတော့ ဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ်သီးနဲ့ ခရမ်းသီးတွေ တင်ပို့ရတယ်၊ ” လို့ ကုန်စိမ်းဒိုင်ရဲ့ ပိုင်ရှင်ကပြောပါတယ်။
သီးနှံစျေးနူန်းတွေ မကောင်းသော်လည်း စိုက်ခင်းကို ဂရုစိုက်မူမပျက်တာကြောင့် ဝိီရယအကျိုးကို ခံစားရတယ်လို့ ဆိုပါတယ်။
“ကိုဗစ်ကာလကြီးတုန်းကဆို ဝယ်သူကမရှိဘူး၊ အကုန်လွှင့်ပစ် လှူပစ်ကြရတာ၊ ရူံးလိုက်တာမှ ဝက်ဝက်ကွဲ၊ အခု စျေးမကောင်းပေမယ့် ဝယ်သူရှိနေတော့ လုပ်အားရှိတယ်၊ ပုံမှန်ဝင်ငွေရနေတာလေ၊ ကိုယ်စိုက်တဲ့ သီးနှံကို အဓိကက ဝယ်သူရှိနေဖို့ပဲ၊ ရောဂါဘယမကျအောင်တော့ ဂရုစိုက်ရတာပေါ့၊ ကျတော်ကတော့ စျေးမကောင်းလည်း ကိုယ့်စိုက်ခင်းကို အရင်ကထက်တောင် ပိုပြီးဂရုစိုက်သေးတယ်၊ စျေးမကောင်းလည်း ထွက်နူန်းမကျရင် ဝီရိယအကျိုးတော့ ခံစားရတယ်၊”လို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက သီးနှံတွေကို ထိုင်းနိုင်ငံအပြင် ရန်ကုန်စျေးကွက်ကို အဓိကတင်ပို့ရပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ နေပြည်တော်အပါအဝင် တနင်္သာရီတိုင်းအထိ တင်ပို့ရတယ်လို့လည်း သိရပါတယ်။
#မြေလတ်အသံ
ဓါတ်ပုံ – ကုန်စိမ်းရောင်းဝယ်ရေးဒိုင်တခုမှ တင်ပို့ရောင်းချနေသည့် သီးနှံများ။ ( ပုံဟောင်း )