ဗဟုသုတ

သင်အိမ်ပြန်လာတဲ့အခါ ကြောင်လေးတွေ စောင့်နေရတဲ့ အကြောင်းအရင်း

ကြောင်တွေက မှီခိုတတ်တဲ့ ကလေးလေးတွေလို့ လူတွေက သိထားကြပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက သူတို့ရဲ့သခင်ကို ဂရုစိုက်တတ် ကြပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ဖျက်ဆီးတတ်တဲ့ သတ္တဝါတွေကို ထိန်းချုပ်ဖို့ ကြောင်တွေကို အသုံးပြုကြပါတယ်။

သင်က အိမ်ကိုပြန်လာလို့ တံခါးဖွင့်လိုက်သံကို ကြောင်တွေ ကြားနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကြောင်တွေက ခွေးဟောင်သံတွေနဲ့ တခြား ကျယ်လောင်တဲ့အသံတွေကို ကြားနိုင်စွမ်း ရှိပါတယ်။ သင်က ကားဂိုဒေါင်ထဲကို ရောက်နေတဲ့အချိန်ဖြစ်စေ၊ လှေကားပေါ်တက်နေတဲ့အသံဖြစ်စေ ကြောင်တွေက ကြားရပါတယ်။

ကြောင်တွေက အသံတွေကို မှတ်ထားတတ်ပါတယ်။ အဲဒါကြောင့် သင် အပြန်က ပြန်လာပြီဆိုရင် ကြောင်တွေက နှုတ်ဆက်ဖို့ ရောက်လာတတ်တာပါ။ ဒါ့အပြင် ကြောင်တွေက သင့်ရဲ့ ပုံမှန်လုပ်နေကျ အလုပ်တွေကိုလည်း သိကြပါတယ်။

သူတို့က အချိန်တွေကိုလည်း ခန့်မှန်းတတ်တာကြောင့် သင်ပြန်လာတော့မယ့် အချိန်ကိုလည်း သိပါတယ်။ သင်က အိမ်ကို ညနေ ၇ နာရီ ပြန်ရောက်နေကျဆိုရင် ကြောင်တွေက အဲဒီအချိန်မှာ သင့်ကို စောင့်နေတတ်ပါတယ်။ ဒါ့အပြင် ပုံမှန်လုပ်နေကျ အလုပ်တွေဖြစ်တဲ့ ညစာစားချိန်၊ ရေချိုးချိန်တွေကိုတောင် ကြောင်တွေက မှတ်မိပါသေးတယ်။

သင်က အိမ်ပြန်ရောက်တာနဲ့ ကြောင်ကို ပွတ်သပ်ပေးပြီးကစားပေးတာမျိုးကို သူတို့က အလွန်သဘောကျပါတယ်။ ကြောင်လေးတွေက သင်ပြန်ရောက်ရောက်ချင်း အစာကျွေးတာမျိုးကိုလည်း သဘောကျပါသေးတယ်။ အဲဒါကြောင့် ကြောင်လေးတွေက လူတွေအတွက် သူငယ်ချင်းကောင်းလိုပါပဲ။

credit

for zawgyi

သင်အိမ်ပြန်လာတဲ့အခါ ကြောင်လေးတွေ စောင့်နေရတဲ့ အကြောင်းအရင်း

သင်အိမ်ပြန်လာပြီဆိုရင် ကြောင်လေးတွေက ဘာကြောင့်စောင့်နေတတ်တာလဲ

ကြောင်တွေက မှီခိုတတ်တဲ့ ကလေးလေးတွေလို့ လူတွေက သိထားကြပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက သူတို့ရဲ့သခင်ကို ဂရုစိုက်တတ် ကြပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ဖျက်ဆီးတတ်တဲ့ သတ္တဝါတွေကို ထိန်းချုပ်ဖို့ ကြောင်တွေကို အသုံးပြုကြပါတယ်။

သင်က အိမ်ကိုပြန်လာလို့ တံခါးဖွင့်လိုက်သံကို ကြောင်တွေ ကြားနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကြောင်တွေက ခွေးဟောင်သံတွေနဲ့ တခြား ကျယ်လောင်တဲ့အသံတွေကို ကြားနိုင်စွမ်း ရှိပါတယ်။ သင်က ကားဂိုဒေါင်ထဲကို ရောက်နေတဲ့အချိန်ဖြစ်စေ၊ လှေကားပေါ်တက်နေတဲ့အသံဖြစ်စေ ကြောင်တွေက ကြားရပါတယ်။

ကြောင်တွေက အသံတွေကို မှတ်ထားတတ်ပါတယ်။ အဲဒါကြောင့် သင် အပြန်က ပြန်လာပြီဆိုရင် ကြောင်တွေက နှုတ်ဆက်ဖို့ ရောက်လာတတ်တာပါ။ ဒါ့အပြင် ကြောင်တွေက သင့်ရဲ့ ပုံမှန်လုပ်နေကျ အလုပ်တွေကိုလည်း သိကြပါတယ်။

သူတို့က အချိန်တွေကိုလည်း ခန့်မှန်းတတ်တာကြောင့် သင်ပြန်လာတော့မယ့် အချိန်ကိုလည်း သိပါတယ်။ သင်က အိမ်ကို ညနေ ၇ နာရီ ပြန်ရောက်နေကျဆိုရင် ကြောင်တွေက အဲဒီအချိန်မှာ သင့်ကို စောင့်နေတတ်ပါတယ်။ ဒါ့အပြင် ပုံမှန်လုပ်နေကျ အလုပ်တွေဖြစ်တဲ့ ညစာစားချိန်၊ ရေချိုးချိန်တွေကိုတောင် ကြောင်တွေက မှတ်မိပါသေးတယ်။

သင်က အိမ်ပြန်ရောက်တာနဲ့ ကြောင်ကို ပွတ်သပ်ပေးပြီး ကစားပေးတာမျိုးကို သူတို့က အလွန်သဘောကျပါတယ်။ ကြောင်လေးတွေက သင် ပြန်ရောက်ရောက်ချင်း အစာကျွေးတာမျိုးကိုလည်း သဘောကျပါသေးတယ်။ အဲဒါကြောင့် ကြောင်လေးတွေက လူတွေအတွက် သူငယ်ချင်းကောင်းလိုပါပဲ။

credit