ဟုတ်ကဲ့ …. မလှူတတ်ချဲထိုးချဲဒိုင်လာပါပြီ။
ဟဲ့ ဟဲ့ ဘာကြီးတုန်း … မလှူတတ်ချဲထိုးချဲဒိုင်က။
တော်လှန်ရေးကာလ ကြာလာတာနဲ့ အမျှ ပြည်သူတွေလည်း ပင်ပန်းလာသလို တော်လှန်ရေးရဲဘော်တွေလည်း ပင်ပန်းလာပါပြီ။
ဒါပေမယ့် တော်လှန်ရေးရဲဘော်တွေက ပင်ပန်းပေမယ့် မနားဘူးဗျ။ အရေးတော်ပုံအောင်ဖို့ကို စွမ်းစွမ်းတမံ ကြိုးစားနေကြဆဲပါ။
ဒီတော့ တော်လှန်ရေးရဲဘော်တွေကို စားစရိတ်ထောက်ပံ့နိုင်ဖို့ တော်လှန်ရေးချဲဒိုင် ဖွင့်လိုက်ရတာဖြစ်ပါတယ်။
ချဲပေါက်ရင် ဘယ်လောက်ပေးမှာလဲ။
၂ လုံး – ၁၀၀ ဖိုးပေါက်ရင် အဆ ၅၀ ရမယ်။
၃ လုံး – ၁၀၀ ဖိုးပေါက်ရင် အဆ ၂၀၀ ရမယ်။

ပေါက်ဂဏန်းနဲ့ ထိုးဂဏန်း ကွက်တိတူမှ ရပါမယ်။ တွတ်တွေ၊ နက္ခတ်တွေ၊ ပါဝါတွေမပေးပါ။ အပြင်လျော်ကြေးနဲ့ကွာပါတယ်။ ရန်ပုံငွေ သီးသန့်အတွက်မို့လို့ပါ။
ထိုးတဲ့သူတွေကလည်း တစ်ကွက်ကို တစ်ထောင်အများဆုံးလို့သတ်မှတ်ထားပြီး ဖြစ်နိုင်ရင် ရာဂဏန်းပဲ ထိုးပါ။ ငွေနည်းနည်းနဲ့ ပျော်လည်းပျော်ရ၊ အလှူလည်းလုပ်လို့ရအောင်လို့ပါ။
၂ လုံးကို တစ်လမှာ ၁၂ ရက်ဖွင့်မယ်။ တစ်ရက်ကို ၁၀၀ ဖိုးပဲထိုးဦး။ ၁၂ ရက်စာ ၁၂၀၀။ တစ်လလုံးမပေါက်ရင်တောင် အဲ့ဒီ ၁၂၀၀ က အလှူငွေထဲရောက်ပါမယ်။
တကယ်ပေးမှာလား။
တကယ်ပေးမှာပါ။ ချဲပေါက်ရင် လျော်ကြေးရပါမယ်။ မပေါက်ရင် ထိုးကြေးတွေအားလုံး ebook တွေကို တစ်ပြားမကျန်ထောက်ပံ့သွားပါမယ်။ ကံလည်းစမ်းရင်း အလှူလည်းလုပ်ရင်း ပေါ့ဗျာ။ ပေါက်ရင် ပျော်ရပြီး မပေါက်ရင် ကုသိုလ်ရမှာပါ။
နေ့တိုင်းထိုးလို့ရလား။
မရဘူးဗျ။ ချဲဒိုင်တွေကိုယ်၌က အလုပ်လည်းလုပ်ရသေးတယ်။ တော်လှန်ရေးလည်း လုပ်ရတယ်။ ပရဟိတလည်း လုပ်ရတယ်။
နေ့တိုင်းတော့ မအားဘူးလို့ ပြောချင်တာပါ။ မအားတဲ့ကြားက တောထဲက ရဲဘော်တွေအတွက် ရန်ပုံငွေ ကူရှာတာပါ။
၂ လုံး – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (တစ်ပတ်၃ရက်)
၃ လုံး – ၁ ရက်နေ့နဲ့ ၁၆ ရက်နေ့ (လစဉ်)
၂လုံးက ညနေဂဏန်း တစ်ကြိမ်ပဲ ဖွင့်ပေးပါမယ်။
ချဲက ဘယ်လိုထိုးရမှာလဲ။
Page messenger ကနေ တစ်ရက်ကြိုပြီးလာထိုးဗျာ။ ညေနထွက်မယ့်ဂဏန်းကို တစ်ရက်ကြိုပြီး ည နာရီ နောက်ဆုံးထားပြီးထိုးပေးပါ။
ကျော်ပြီးမှ လာထိုးတာတွေ ထည့်မတွက်ပါဘူး fund ထဲကို သိမ်းပါမယ်ခင်ဗျ။
ချဲထိုးဖို့ ဘာတွေလိုလဲ။
ထိုးချင်တဲ့ဂဏန်းပြောပေးဖို့ရယ်၊ ငွေလွှဲဖို့ရယ်ပဲလိုပါတယ်။
ဒီချဲဒိုင်တွေက ယုံရပါ့မလား။ အဲ့ဒါက အရေးကြီးတယ်။
ယုံရပါတယ်။ ချဲဒိုင်တွေကိုယ်တိုင် တော်လှန်ရေးထဲ ထဲထဲဝင်ဝင်ပါနေတာမို့ ရန်ပုံငွေလည်း တကယ်လိုလို့ လုပ်တာပါ။
ချဲမထိုးဘဲ ebook အတွက် သီးသန့်လှူချင်လည်းရပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ အလှူငွေ အကုန်လက်ခံပါတယ်။
တစ်လစာ ဝင်ငွေကိုလည်း လကုန်တိုင်း စာရင်းချုပ်ပြီး ဒီ page မှာတင်ပေးပါမယ်။
Disclaimer *
ယခု page သည် မည်သည့်နိုင်ငံရေးဆိုင်ရာ၊ အစိုးရပိုင်းဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်စပ်ခြင်းမရှိပါ။ ပြင်ပလူငယ်များနှင့်ဖွဲ့စည်းထားသည့် ရန်ပုံငွေရှာဖွေရေး သီးသန့်ဖြစ်သည်။
မလှူတတ်ချဲထိုး



