ကျဆုံးသွားပြီဆိုတော့ ရေးလို့ရပြီ ထင်ပါရဲ့လေ။ ကိုဂျင်မီနဲ့က တော်လှန်ရေးကာလမှ သိကျွမ်းခဲ့တာဆိုပေမယ့် ကိုယ့်လိုငချွတ်ပေါက်စကို အရေးအယူရှိပေးခဲ့တယ်။
မှတ်မှတ်ရရ ကိုယ်နိုင်ငံပြင်ပရောက်ခါစ စိတ်ဓါတ်တွေအရမ်းကျနေတဲ့အချိန် ဖုန်းခေါ်လာတယ်။ အခုအချိန်ထိ ကိုဂျင်မီနဲ့ ဖုန်းပြောတုန်းက ဘယ်နေရာလေးမှာ ထိုင်ပြောနေတယ်ဆိုတာကအစ မှတ်မိနေသေးတယ်။ လေးဆယ့်ငါးမိနစ်လောက် အကြာကြီး စကားတွေ ပြောကြတယ်။ အားပေးတယ်။ ပြည်ပရောက်သွားပေမယ့် တော်လှန်ရေးမှာ ဆက်ပါဝင်နိုင်ဖို့ နည်းလမ်းတွေ စိတ်အင်အားတွေ ပေးတယ်။
အခုအချိန် ပြန်တွေးမိရင် ရှက်မိတယ်။ ကိုယ်က ပြည်ပကို အသက်ရှင်လျက်ထွက်သွားနိုင်တာတောင် စိတ်ဓါတ်ကျနေတဲ့ စောက်ကလေးမ။
ရန်ကုန်ကို မစွန့်ခွါခဲ့တဲ့ ဒီအစ်ကိုကြီးက အန္တရာယ်ကြားထဲက အားပေးနေလေရဲ့။ ဒီလိုလူတွေ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရတာ ဒီလို အနစ်နာခံမှုတွေကြောင့်ပဲ။
အကို လုံခြုံရာမှာရှိပါတယ်နော်ဆို အေးပေါ့ဟဆိုပြီး တဟားဟားရယ်နေတတ်တာ။ ဒီရယ်သံတွေကို အခုမှပဲ သဘောပေါက်တော့တယ်။ စကားပြောရင် ငါ့ညီမရဲ့၊ ငါ့ညီမရဲ့နဲ့ ပြောတတ်ခဲ့တာ။
ကိုမောင်ကျော်နဲ့ကလည်း အဖမ်းမခံရခင် လေးနာရီလောက်ထိ Signal ကနေ စကားပြောနေကြတာ။ အဲ့ရက်ထဲ ဘာရယ်ကြောင့်မှန်းမသိ စိတ်တွေလေးနေလို့ ဘေးကင်းတယ်နော်၊ ဘေးကင်းတယ်နော် ခဏခဏ မေးနေဖြစ်တာ။ အလုပ်တွေများတဲ့ကြားက ကိုယ့်ရဲ့ UG ထောက်ပို့အတွက် အတည်ပြုပေးတာတွေ အမြဲကူပေးခဲ့တာ။
အဖမ်းခံရတယ်ကြားကတည်းက အကြိမ်ကြိမ်ပူပန်ခဲ့ရတယ်။ မိသားစုဝင် မဟုတ်ပေမယ့် ငါ့အကိုတွေဆိုတဲ့စိတ်နဲ့ ပူလောင်ခဲ့ရပေမယ့် ရန်သူအလိုကျဖြစ်မှာစိုးလို့ တစ်စက်လေးမှ ကြေကွဲမပြဖြစ်ခဲ့ဘူး။
ဒီနေ့သတင်းကြားစကတည်းက ရင်ဘတ်တစ်ခုလုံး အောင့်မျက်နေတဲ့ နာကြင်မှုဟာ တဆတ်ဆတ်ပဲ။ မိသားစုဝင်တွေရဲ့ ကြေကွဲရမှုကို တွေးတောင် မတွေးကြည့်ရဲဘူး။
မျက်ရည်မကျရဘူး။ ဝေ့တတ်လာတဲ့ မျက်ရည်တွေကို ကျခွင့်မပေးနိုင်ဘူး။ သူရဲကောင်းတွေရဲ့ ကျဆုံးမှုဟာ အချဉ်းနှီးမဖြစ်ဖို့ ရှင်ကျန်နေသူတွေရဲ့ ပုခုံးပေါ်မှာ တာဝန်တွေဟာ ပိုရှိလာခဲ့ပြီ။
တော်လှန်ရေး တစ်နှစ်ခွဲကျော်ကာလမှာ ခွင့်ရက်မရှိပါဝင်ခဲ့ပါတယ်အကိုတို့။ အမေ့မေ့အလျော့လျော့နေမိတဲ့ နာရီပိုင်းတွေအတွက်လည်း အားနာရပါတယ်။ ရင်းခဲ့တဲ့ အသက်တွေ ဘဝတွေကို မမေ့တမ်းဆက်လက်ပါဝင်မယ်လို့ ကတိပေးပါတယ်။
ငြိမ်းမြတဲ့ ဘုံဘဝကနေ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မြင်ရဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားပါဝင်ပါ့မယ်။
အရေးတော်ပုံ အောင်ကိုအောင်ရမယ်။ ပန်ဆယ်လို