ဗဟုသုတ

ကြမ္း႐ြက္ၾကမ္းလွ်င္ ႏုညံ့ေအာင္လုပ္နည္း ႏွင့္ ေရာင္းေကာင္းေစေသာ လွ်ိဳ႕ဝွက္ခ်က္

ကွမ်းရွက်ကြမ်းလျှင် နုညံ့အောင်လုပ်နည်း နှင့် ရောင်းကောင်းစေသော လျှို့ဝှက်ချက်

ကွမ်း

ကွမ်း ဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အတွက်ပိုခြင်းကြောင့်ဖြစ်သည်။

ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့် အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီညာညာ မျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကို စားလိုက်သည်နှင့် နုနုညံ့ညံ့အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။

ထုံး

ထုံး စပ်နည်း

ထုံုံး ၃ပိဿာ၊ဆား ၅၀-သား၊ ကျောက်ချဉ် ၁၀-သား

ပထမအဆင့်

ထုံးကို အင်တုံကြီးထဲတွင် ရေအနည်းငယ်ထည့်၍ ခြေပါ။ကျောက်ချဉ် ၁၀-သားကို အမှုန့်ပြုပြီးထည့်ပါ။ နှံ့အောင်မွှေပါ အထက်အောက် နှံ့ပါက ဆား၅၀-သားကို ထည့်လိုက်ပါ နှံ့အောင်မွှေပါ။

ဒုတိယအဆင့်

ရေနွေးဆူပြီးသားကို ထုံ ကျောက်ချဉ် ဆား ထည့်ပြီးသားထဲကို လောင်းထည့်ပြီးမွှေပါ။ ရေထည့်ပြီး ဖုံးအုပ်ပါ။ ၅-ရက်ခန့်ကြာသော် ထုံးအိုးထဲမှ အရည်ကြည်များကို သွန်ပါ။ ရေအသစ်ကိုထည့်ပြီး တစ်ညအိပ် စိမ်ပါ၊ မနက်လင်းရင် အပေါ်ရေကြည်ကိုသွန်။

မြေအိုးမှာထည့်ပြီး ပွက်အောင်ကျိုပါ၊ မီးအနေတော်လောက် ဆူပွက်လာရင် အအေးခံထား၊အရေကြည်ကိုသွန်၊ရေပြန်ထည့်၊ ညသိပ်ပြီး မနက်တိုင်း ရေကြည်လဲပေးပါ၊နေ့စဉ်ရေလဲပေးရမည်။

တစ်နေ့စာထုံးကို ရေဖျော်ပြီး ပိတ်ပါးပါးနဲ့စစ်ချပါ။ ခဲ သလဲတွေစင်ပြီး နုညံ့တဲ့ထုံးကိုရမယ်။ ထုံးကို အချိုမှုန့်နည်းနည်း ဆားနည်းနည်းချိန်ဆထည့်ပါ။ ထုံးကို ရေဖျော်ရာမှာ ရေနွေးသုံးရမယ်။ ဒါက နည်းတစ်မျိုးဖြစ်သည်။

နောက်တစ်နည်းက

ထုံးကို အချိန်တစ်ဆယ် နှစ်ဆယ် စသည်ဖြင့် ဝယ်ထားပါ၊ ထုံးကို စဉ့်အိုးများတွင်ထည့်၍ ရေအပြည့်ထည့်ပြီး စိမ်ထားပါ၊ ထုံးရေကြည်များကို မကြာခဏ သွန်ပြီး ရေအသစ်ထည့်ကာ လဲလှယ်ပေးရမည်။တစ်ချို့သော ထုံးအိုးများမှာ နှစ်နှင့်ချီကြာအောင်ပင် ရေစိမ်ထားကြရသည်။

ထို့ိကြောင့် ထုံးစပ်ခြင်း၊ ထုံးပေါက်ခြင်း အာနိသင်များ လျော့သွားခြင်းဖြစ်သည်။ ထုံးအိုးများမှ ထုံးကို တစ်နေ့စာ ရောင်ကုန်မည့်အချိုးအစားကိုကြည့်၍ အသုံးပြုရန် ယူရမည်။ ကြေးအိုး(သို့မဟုတ်)မြေအိုး စသည်တို့တွင် ထည့်ပြီး တစ်ညလုံးရေစိမ်ထားရမည်။

နံံနက်ဘက်တွင် ရေကြည်များကို သွန်ပြီး ရေအသစ်ထည့်၍ နွားနို့နှင့်သမအောင် ရောမွှေကာ အသုံးပြုရမည် ဖြစ်ပါသည်။ ထုံးမှာ ဆွဲတိုင်း လိုက်ပြီး စားသုံးသူများမှာ အာပေါက်ခြင်း မရှိတော့ချေ။

သို့ိသော် နိုးရောစပ်ထားသော ထုံးမှာ တစ်နေ့သုံးဖြစ်သဖြင့် မကုန်လျှင် သွန်ပစ်ပြီး အိုးကို သန့်ရှင်းအောင် စင်ကြယ်စွာ ဆေးကြောထားရမည်။

ကွမ်းသီး

ဈေးထဲမှ ညှပ်ပြီးရောင်းသော ကွမ်းသီးစိပ်များကို အသုံးမပြုပါနှင့်။ ကွမ်းသီးဝယ်ကာ ကွမ်းသီးခြမ်းကို

ရေဝအောင် စိမ်ပြီး ညှပ်ကာ နေပူပူတွင် ကြွပ်အောင် လှန်းထားရသည်။ ယင်းနောက် မပြင်းလွန်း မပူလွန်းသော မီးရှိန်ရှိန်တွင် ကွမ်းသီးကို မတူးအောင် မချစ်အောင်လှော်ပေးရသည်။

ဤကဲ့သို့ လှော်ထားသော ကွမ်းသီးစိပ်မှာ စားရာတွင် ပျင်းတွဲခြင်းမရှိဘဲ ကြွပ်ကြွပ်ရွရွဖြစ်ပြီး စားသူ၏ သွားကို ဝါးချင်ပြီးရင်း ဝါးချင်လာအောင် စွဲဆောင်မှုတစ်မျိုးပင်ဖြစ်သည်။

Crd

zawgyi

ကြမ္း႐ြက္ၾကမ္းလွ်င္ ႏုညံ့ေအာင္လုပ္နည္း ႏွင့္ ေရာင္းေကာင္းေစေသာ လွ်ိဳ႕ဝွက္ခ်က္

ကြမ္း

ကြမ္း ဝယ္ရာတြင္ စီးပြားေရးအျမင္အရ ကြမ္း႐ြက္ေသးေသးကိုသာ ဝယ္ရမည္။ အ႐ြက္ေသးပါက ပိႆာလိုက္ ဝယ္ယူရာတြင္ ႐ြက္ေရမ်ားမ်ားပိုရသျဖင့္ ကြမ္းယာ အတြက္ပိုျခင္းေၾကာင့္ျဖစ္သည္။

ကြမ္း႐ြက္ကို အရင္း(အ႐ိုး)ဘက္ႏွင့္ အဖ်ားဘက္ကို ညႇပ္ထားရသည္။ ကြမ္း႐ြက္ကို ေရေဆးၿပီး ဒိန္ခ်ဥ္ႏွင့္စိမ္ကာ ကြမ္းဘန္းထဲတြင္ ညီညီညာညာ မွ်တ လွပေအာင္ စိမ္ထား ႏွပ္ထားပါက မိမိဆိုင္မွ ကြမ္းယာကို စားလိုက္သည္ႏွင့္ ႏုႏုညံ့ညံ့အရသာကို ရရွိေစၿပီး စားသုံးသူမ်ား အႀကိဳက္ေတြ႕ေစမည္ ျဖစ္ပါသည္။

ထုံး

ထုံး စပ္နည္း

ထုံုံး ၃ပိႆာ၊ဆား ၅၀-သား၊ ေက်ာက္ခ်ဥ္ ၁၀-သား

ပထမအဆင့္

ထုံးကို အင္တုံႀကီးထဲတြင္ ေရအနည္းငယ္ထည့္၍ ေျခပါ။ေက်ာက္ခ်ဥ္ ၁၀-သားကို အမႈန႔္ျပဳၿပီးထည့္ပါ။ ႏွံ႔ေအာင္ေမႊပါ အထက္ေအာက္ ႏွံ႔ပါက ဆား၅၀-သားကို ထည့္လိုက္ပါ ႏွံ႔ေအာင္ေမႊပါ။

ဒုတိယအဆင့္

ေရေႏြးဆူၿပီးသားကို ထုံ ေက်ာက္ခ်ဥ္ ဆား ထည့္ၿပီးသားထဲကို ေလာင္းထည့္ၿပီးေမႊပါ။ ေရထည့္ၿပီး ဖုံးအုပ္ပါ။ ၅-ရက္ခန႔္ၾကာေသာ္ ထုံးအိုးထဲမွ အရည္ၾကည္မ်ားကို သြန္ပါ။ ေရအသစ္ကိုထည့္ၿပီး တစ္ညအိပ္ စိမ္ပါ၊ မနက္လင္းရင္ အေပၚေရၾကည္ကိုသြန္။

ေျမအိုးမွာထည့္ၿပီး ပြက္ေအာင္က်ိဳပါ၊ မီးအေနေတာ္ေလာက္ ဆူပြက္လာရင္ အေအးခံထား၊အေရၾကည္ကိုသြန္၊ေရျပန္ထည့္၊ ညသိပ္ၿပီး မနက္တိုင္း ေရၾကည္လဲေပးပါ၊ေန႔စဥ္ေရလဲေပးရမည္။

တစ္ေန႔စာထုံးကို ေရေဖ်ာ္ၿပီး ပိတ္ပါးပါးနဲ႔စစ္ခ်ပါ။ ခဲ သလဲေတြစင္ၿပီး ႏုညံ့တဲ့ထုံးကိုရမယ္။ ထုံးကို အခ်ိဳမႈန႔္နည္းနည္း ဆားနည္းနည္းခ်ိန္ဆထည့္ပါ။ ထုံးကို ေရေဖ်ာ္ရာမွာ ေရေႏြးသုံးရမယ္။ ဒါက နည္းတစ္မ်ိဳးျဖစ္သည္။

ေနာက္တစ္နည္းက

ထုံးကို အခ်ိန္တစ္ဆယ္ ႏွစ္ဆယ္ စသည္ျဖင့္ ဝယ္ထားပါ၊ ထုံးကို စဥ့္အိုးမ်ားတြင္ထည့္၍ ေရအျပည့္ထည့္ၿပီး စိမ္ထားပါ၊ ထုံးေရၾကည္မ်ားကို မၾကာခဏ သြန္ၿပီး ေရအသစ္ထည့္ကာ လဲလွယ္ေပးရမည္။တစ္ခ်ိဳ႕ေသာ ထုံးအိုးမ်ားမွာ ႏွစ္ႏွင့္ခ်ီၾကာေအာင္ပင္ ေရစိမ္ထားၾကရသည္။

ထို႔ိေၾကာင့္ ထုံးစပ္ျခင္း၊ ထုံးေပါက္ျခင္း အာနိသင္မ်ား ေလ်ာ့သြားျခင္းျဖစ္သည္။ ထုံးအိုးမ်ားမွ ထုံးကို တစ္ေန႔စာ ေရာင္ကုန္မည့္အခ်ိဳးအစားကိုၾကည့္၍ အသုံးျပဳရန္ ယူရမည္။ ေၾကးအိုး(သို႔မဟုတ္)ေျမအိုး စသည္တို႔တြင္ ထည့္ၿပီး တစ္ညလုံးေရစိမ္ထားရမည္။

နံံနက္ဘက္တြင္ ေရၾကည္မ်ားကို သြန္ၿပီး ေရအသစ္ထည့္၍ ႏြားႏို႔ႏွင့္သမေအာင္ ေရာေမႊကာ အသုံးျပဳရမည္ ျဖစ္ပါသည္။ ထုံးမွာ ဆြဲတိုင္း လိုက္ၿပီး စားသုံးသူမ်ားမွာ အာေပါက္ျခင္း မရွိေတာ့ေခ်။

သို႔ိေသာ္ ႏိုးေရာစပ္ထားေသာ ထုံးမွာ တစ္ေန႔သုံးျဖစ္သျဖင့္ မကုန္လွ်င္ သြန္ပစ္ၿပီး အိုးကို သန႔္ရွင္းေအာင္ စင္ၾကယ္စြာ ေဆးေၾကာထားရမည္။

ကြမ္းသီး

ေဈးထဲမွ ညႇပ္ၿပီးေရာင္းေသာ ကြမ္းသီးစိပ္မ်ားကို အသုံးမျပဳပါႏွင့္။ ကြမ္းသီးဝယ္ကာ ကြမ္းသီးျခမ္းကို

ေရဝေအာင္ စိမ္ၿပီး ညႇပ္ကာ ေနပူပူတြင္ ႂကြပ္ေအာင္ လွန္းထားရသည္။ ယင္းေနာက္ မျပင္းလြန္း မပူလြန္းေသာ မီးရွိန္ရွိန္တြင္ ကြမ္းသီးကို မတူးေအာင္ မခ်စ္ေအာင္ေလွာ္ေပးရသည္။

ဤကဲ့သို႔ ေလွာ္ထားေသာ ကြမ္းသီးစိပ္မွာ စားရာတြင္ ပ်င္းတြဲျခင္းမရွိဘဲ ႂကြပ္ႂကြပ္႐ြ႐ြျဖစ္ၿပီး စားသူ၏ သြားကို ဝါးခ်င္ၿပီးရင္း ဝါးခ်င္လာေအာင္ စြဲေဆာင္မႈတစ္မ်ိဳးပင္ျဖစ္သည္။

Crd