YESC က ဒီကနေ့ ဇူလိုင် ၂၈ ရက် ညနေပိုင်းထုတ်ပြန်ချက်အရ ရွှေလီဓာတ်အားလိုင်းမှ ဓာတ်အားပို့လွှတ်ပေးနိုင်မှု လျော့ကျလာလို့
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် နေရာအချို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိကာလမှာ ရန်ကုန်တိုင်း၏ မြို့နယ်အချို့နှင့်ဆင်ခြေဖုံးရပ်ကွက်များမှာ လျှပ်စစ်ဓါတ်အားပေးသည့် အချိန်မမှန်ခြင်း၊
အချိန်ကြာမြင့်စွာပြတ်တောက်ခြင်းတွေကိုလည်း နေ့စဥ်ကြုံနေရတာဖြစ်တယ်လို့ ရန်ကုန်မြို့နေပြည်သူတွေကပြောဆိုထားပါတယ်။
ထုတ်ပြန်ချက်အရ အဆိုပါ ရွှေလီ ဓာတ်အားလိုင်းမှဓာတ်အားပို့လွှတ်ပေးနိုင်မှုအပြစ်ဖြစ်မှုအားလျှပ်စစ်ဌာနကအချိန်နှင့်တစ်ပြေးညီ
ရှာဖွေစစ်ဆေးခဲ့ရာတွင်တာဝါတိုင်အမှတ် (၆၁၃)ယိုင်နဲ့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ 230kV ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားမှုကြောင့် ရွှေလီဓာတ်အားထုတ်စက်မှလျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်မှု(300)MW ခန့်
လျော့နည်းလျှက်ရှိသည့်အတွက် ယခုလိုအချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်မှာဖြစ်တယ်လို့ YESC ၏ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထိုသို့သောအခြေအနေတွေကြောင့်ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားထုတ်လွှတ်မှုလျော့နည်းနေချိန်၌ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန်အတွက်
လျှပ်စစ်ဓာတ်အားသုံးစွဲဝန်အားများသောအချိန်များတွင် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများဆောင်ရွက်ရမည်ဖြစ်သဖြင့်
ရန်ကုန်တိုင်း၏ မြို့နယ်နေရာအချို့တို့မှာအချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများရှိမှာဖြစ်တယ်လို့ YESCကဆိုပါတယ်။
Credit
==================
Zawgyi
Credit