စိတ်ထားမြင့်မြတ်သော ကျောင်းသားတစ်ယောက်
အမည်။ ။အိုက်လောင်းဟွေ
နေရပ်။ ။မိုင်းရယ်မြို့ ဆိုင်မိန်းကျောင်းပရိယတ္တိစာသင်တိုက်
အသက် ။ ။၄၀ – ၅၀ ဝန်းကျင်
လက္ခဏာ။ ။ ရူး ကျပ်မပြည့်
ကျောင်းသား (အရူး)တစ်ယောက်၏ ထူးခြားချက်❤
မနက်စောစော ၂ နာရီ ခွဲ၊ ၃ နာရီ ဝန်းကျင်ထလေ့ရှိသည်
အစောရီးထပြီး ဘုရားရှိခိုးလေ့ရှိသည် မနက်တိုင်းပါပဲ
(ဘာရွတ်ဆိုမှန်းတော့မသိ)
လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကတည်းက ကျောင်းမှာလာနေသည်
ပိုက်ဆံရှာတတ်သည်
ကျောင်းကဘုန်းဘုန်းတွေကလွဲရင် ဘယ်သူမှ ပိုက်ဆံကိုင်ခွင့်မပေး
အင်္ကျီဝတ်လေ့မရှိ (သူ့ဗလပြချင်လို့နေမှာပေါ့လေ😁)
အလှူဒါန ပြုလေ့ရှိသည်
ကျောင်းသား အိုက်လောင်းဟွေရဲ့ လုပ်ဆောင်ချက်❤
ကျွဲ၊ နွား၊ မြင်း ကျောင်းထဲဝင်ရင် အချိန်မရွေး နေ့ညမဆိုမောင်း ထုတ်လေ့ရှိသည်၊
ဘယ်ကျောင်းဆောင်မဆို မီးပိတ်ချိန်တန်လို့ မပိတ်သေးရင် လိုက်ပိတ်ပေးသည်၊
(ရံဖန်ရံခါ အဲ့အဆောင်မှာနေတဲ့ကိုယ်တော်တွေကို ငေါက်လိုက်သေး
စည်းကမ်းမရှိဘူး မီးပိတ်ရမှန်းမသိဘူးလားတဲ့😃😃)
အိုက်လောင်းဟွေ ငေါက်မှာကြောက်လို့ မီးပိတ်ချိန်တန်ရင် ပိတ်ဖို့မမေ့ တော့ဘူး မိမိရောပါပေါ့😁😁
အိုက်လောင်းဟွေ ပိုက်ဆံရှာပုံ
-သူ့ခများ ဘယ်တုန်းကစီးပွားရေးသင်တန်းတက်ခဲ့လည်းတော့မသိ
သူဌေးလက္ခဏာနှင့်အညီစီးပွားရှာတတ်သေးတယ်
ရှာ ၊ စု ၊ သုံး ဆိုတဲ့ အင်္ဂါနှင့်အညီ
ကျောင်းကသံဃာတော်များ စားမကုန် ထမင်းကျန် ဟင်းကျန်များကို ဝက်စာအဖြစ် ဝက်မွေးမြူရေးသမားများကိုရောင်ချပေးခြင်း
ငါးရက်တစ်ခါစျေးနေ့လည်း သိသေးတယ်
စျေးနေ့ဆိုစျေးသွားပြီး အကြွင်းအကျန်များရှာဖွေကာရောင်းချခြင်း
(ကျောင်းတိုက်သံဃာများစျေးနေ့မသိရင် အိုက်လားဝေကိုကြည့်တဲ့
အိုက်လားဝေကျောင်းထဲမရှိရင် အဲဒါစျေးနေ့ပဲ😁)
ရောင်းရခဲ့သမျှပိုက်ဆံတွေကို စုဆောင်းထားခြင်း
သူ့မှာအမြဲတန်းငွေသိန်းချီရှိလေ့ရှိသည်
ဒါပေမယ့် သူကပိုက်ဆံတန်ဖိုးကိုတော့မသိ တစ်ရာတန်လား
ငါးရာတန်လားစသည်ပေါ့
စိတ်မကောင်းစရာကြုံလေ့ရှိတာကတော့💔💔
သူရှာထားသမျှပိုက်ဆံတွေကို သူခိုး ဘိန်းစားသမားများက
လာလာခိုးလေ့ရှိတယ်😥😥
(အရူးတစ်ယောက်လောက်တောင် တန်ဖိုးမရှိတဲ့ သူခိုးသမားဘိန်းစား တွေပေါ့)
ကျောင်းသားအိုက်လောင်းဟွေရဲ့ အလှူဒါန
-နှစ်စဉ် ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း ကပ်လေ့ရှိခြင်း
-ကျောင်းအုတ်တံတိုင်း တစ်ခန်းစာ ၁သိန်းကျပ်
-ဆောက်လုပ်ဆဲ RC သုံးထပ်ဆောင်အတွက် ၁ သိန်းကျပ်
မိမိသိသလောက်ပေါ့ ကျန်တာရှိသေး❤❤
-သူ့အတွက် ပိုက်ဆံသုံးတဲ့နေရာမှာ မွန်မြတ်ပြီး အများအကြိုးပါ ဆောင်ရွက်ရာရောက်တယ်
-သူ့ရဲ့ကုသိုလ်ဘဏ်ကိုတော့ မည်သူမျှမခိုးနိုင်တော့ဘူး
❤ သင်ခန်းစာ
-ဘဝမြင့်သူ စိတ်မြင့်မူ မှတ်ယူနိမ့်မသွား
-ဘဝသာမြင့် စိတ်မမြင့် နိမ့်လင့်ထိုသူသာ
-ဘဝနိမ့်မြင့် ပြောင့်တုန်လင့် စိတ်မြင့်အောင်ကြိုးစား
-ဘဝလည်းနိမ့် စိတ်လည်းနိမ့် နိမ့်၍နိမ့်၍သွား
-နိမ့်သူဘဝ မြင့်ပါမှ ရောက်ရထက်တန်းစာ။
❤ အိုက်လောင်းဟွေသည် အရူးဘဝကျပ်မပြည့် ဘဝနိမ့်နေပေမယ့်
စိတ်မြင့်နေလို့ အထက်တန်းရောက်နရေသည်
❤ လူတကာချစ်ခင်လေးစားရတဲ့ စိတ်ထားမြင့်မြတ်တဲ့ ကျောင်းသားဘဝနဲ့ ရပ်တည်နေတာပေါ့လေ
❤ ရူးပေမယ့် လူရာဝင်တယ်
❤အိုက်လားဝေ ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်သည်၊
❤ဂုဏ်ယူစွာဖြင့်❤❤❤
29.7.2022
Credit : Pyinnar Sara