မီတာခ ပေးစရာမလိုသည့် ပလက်စတစ်ဘူး အဲကွန်းကို တီထွင်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား..
သုံးစွဲပြီးသား ပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ.. ပန်းအိုး.. ရေသန့်ဘူး.. လေအေးပေးစက်..
ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားမလိုပဲ အဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော..
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံတွေနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကို ရှင်းပြနေတဲ့အချိန်မှာ ကြားပြီး ရရှိခဲ့တာဖြစ်ပါတယ်
Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ..
ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ်မှာ စွပ်ပြီးကပ်ထားရပါမယ်။ ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာ တပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ ကျယ်တဲ့ဘက်ခြမ်းကို အပြင်မှာထားရပါမယ်။
တကယ်ရော အေးရဲ့လား.. ဘယ်လိုအလုပ်လုပ်တာလဲ..
ကျယ်တဲ့ဘက်ကလေဝင်ပြီး အပေါက်သေးတဲ့ဘက်က လေထွက်လာတဲ့အခါ လေဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကို ပြန်ထွက်ပါတယ်။
ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းကို အပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှာတော့ အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။
Eco-Cooler က အပူချိန် 5 ဒီဂရီ Celsius လောက်ကို လျော့ချပေးနိုင်ပါတယ်။ ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊ အလွယ်တကူလည်း ရနိုင်တဲ့ သုံးပြီးသားပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီး ပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း အကြံပေးလိုက်ပါတယ်။ (Ecoromance Team)
မီတာခ ေပးစရာမလိုသည့္ ပလက္စတစ္ဘူး အဲကြန္းကို တီထြင္လိုက္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား..
သုံးစြဲၿပီးသား ပလပ္စတစ္ဘူးခြံေတြကို ဘာေတြလုပ္လို႔ရလဲ.. ပန္းအိုး.. ေရသန႔္ဘူး.. ေလေအးေပးစက္..
ကမာၻ႔ရာသီဥတုကလည္း ပိုမိုပူေႏြးလာတာနဲ႔အမွ် လူသားေတြက လွ်ပ္စစ္စြမ္းအင္ကိုအသုံးျပဳၿပီး ပန္ကာေတြ၊ ေလေအးေပးစက္ေတြကို သုံးစြဲလာလာၾကပါတယ္။ ဒါေပမဲ့ ဓာတ္အားမလိုပဲ အဲကြန္းဖြင့္ႏိုင္မယ္ဆိုရင္ေရာ..
ဘဂၤလားေဒ့ရွ္ႏိုင္ငံသား Ashis Paul က Eco-Cooler လို႔ေခၚတဲ့ ပလက္စတစ္ဘူးခြံေတြနဲ႔ ေလေအးေပးစက္ကို တီထြင္ခဲ့ပါတယ္။ သူဟာ ဒီအႀကံကို Physics ဆရာက သူ႔သမီးကို ဓာတ္ေငြ႕မ်ားလာတာနဲ႔ ေအးတဲ့အေၾကာင္းကို ရွင္းျပေနတဲ့အခ်ိန္မွာ ၾကားၿပီး ရရွိခဲ့တာျဖစ္ပါတယ္
Eco-Cooler ကိုဘယ္လိုလုပ္ရတာလဲ..
ပလက္စတစ္ဘူးခြံတစ္ဝက္ကိုျဖတ္ၿပီး အေပါက္ေဖာက္ထားတဲ့ ဘုတ္ျပားေပၚမွာ စြပ္ၿပီးကပ္ထားရပါမယ္။ ၿပီးေတာ့ ဘုတ္ျပားကို ျပတင္းေပါက္မွာ တပ္ထားရပါမယ္။ အေပါက္ေသးတဲ့ ဘူးအဖုံး ဘက္ျခမ္းကိုေတာ့ အိမ္ထဲမွာထားရပါမယ္။ က်ယ္တဲ့ဘက္ျခမ္းကို အျပင္မွာထားရပါမယ္။
တကယ္ေရာ ေအးရဲ႕လား.. ဘယ္လိုအလုပ္လုပ္တာလဲ..
က်ယ္တဲ့ဘက္ကေလဝင္ၿပီး အေပါက္ေသးတဲ့ဘက္က ေလထြက္လာတဲ့အခါ ေလဖိအားေျပာင္းလဲျခင္းေၾကာင့္ ေအးတဲ့ေလကို ျပန္ထြက္ပါတယ္။
ဥပမာ – လက္ကို ပါးစပ္ဟၿပီး ေလမႈတ္ထုတ္လိုက္ရင္ ေလကေႏြးေနပါတယ္။ ဒါေပမဲ့ ႏႈတ္ခမ္းကို အေပါက္ေသးေသးေလးလုပ္ၿပီး ေလမႈတ္ထုတ္လိုက္တဲ့အခါမွာေတာ့ ေအးတဲ့ေလကိုရပါတယ္။ အဲ့ဒီသေဘာမ်ိဳးပါပဲ။
Eco-Cooler က အပူခ်ိန္ 5 ဒီဂရီ Celsius ေလာက္ကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒီလိုမ်ိဳး မီတာခလည္းေပးစရာမလို၊ အလြယ္တကူလည္း ရႏိုင္တဲ့ သုံးၿပီးသားပလက္စတစ္ဘူးခြံေတြကို DIY Eco-Cooler ေလးျပဳလုပ္ၿပီး ပတ္ဝန္းက်င္ကိုကာကြယ္ႏိုင္ေၾကာင္း အႀကံေပးလိုက္ပါတယ္။ (Ecoromance Team)



