သမိုင္း စစ္တပ္ခ်ည္မွ်င္ႏွင့္အထည္ခ်ဳပ္စက္႐ုံအနီး ဗုံးေပါက္ကြဲၿပီး စစ္တပ္က ရမ္းသမ္းပစ္ခတ္၊ အင္းစိန္၊ စမ္းေခ်ာင္း၊ ေက်ာက္တန္း၊ ေျမာက္ဒဂုံ၊ လႈိင္သာယာတို႔တြင္ ဗုံးေပါက္ကြဲမႈမ်ားႏွင့္ဗုံးေတြ႕ရွိမႈမ်ား ျဖစ္ပြား
ရန္ကုန္၊ ဇူလိုင္ ၃၀
ရန္ကုန္တိုင္း၊ လႈိင္ၿမိဳ႕နယ္၊ အုတ္က်င္းမွတ္တိုင္အနီး သမိုင္းစစ္တပ္ခ်ည္မွ်င္ႏွင့္ အထည္ခ်ဳပ္စက္႐ုံအနီးတြင္ ယေန႔ည ၉ နာရီ ဗုံးေပါက္ကြဲမႈျဖစ္ပြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။
“ဘုရာလမ္းတပ္မ ေတာ္ခ်ည္ထည္စက္႐ုံနားမွာ ဗုံးကြဲတယ္။ အသံကေတာအရမ္းမက်ယ္ဘူး။ ဒီည ၉နာရီေလာက္က စစ္ေခြးေတြ ပတ္ေနတယ္။ အခု စစ္တပ္ဝင္းေရွ႕မွာ ရပ္ေနၾကတယ္။ ေဆး႐ုံကားလည္း ၾကားရတယ္။ ေသနတ္ပစ္သံလည္းၾကားရတယ္။ ေခြးေတြပစ္တာလို႔ထင္တယ္။ လႈိင္ အားကစား႐ုံ တပ္ဆြဲထားတဲ့ေနရာက လွမ္းပစ္လိုက္ပုံပဲ” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။
အလားတူ ေျမာက္ဥကၠလာပတြင္လည္း ယေန႔ည ၉ နာရီ ၂၅ မိနစ္အခ်ိန္တြင္ ဗုံးကြဲသံ ႏွစ္ႀကိမ္ၾကားရေၾကာင္း ၊ အလုံ ၿမိဳ႕နယ္တြင္မူ ည ၉ နာရီ ၁၄ မိနစ္အခ်ိန္တြင္ ဗုံးေပါက္ကြဲသံၾကားရေၾကာင္း သိရွိရသည္။
ထို႔ျပင္ အင္းစိန္တြင္ ယေန႔ည ၉ နာရီ ၂၇ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲသံ အလြန္က်ယ္ေလာင္စြာ ၾကားရသည္ေဒသခံမ်ားက ဆိုသည္။
လႈိင္သာယာၿမိဳ႕နယ္၊ ႐ုံးေရွ႕မွတ္တိုင္တြင္ ယေန႔ နံနက္ ၈ နာရီ ၂၀ မိနစ္အခ်ိန္တြင္လည္းေကာင္း၊ ေျမာက္ဒဂုံတြင္ ယေန႔ည ၉ နာရီ ၂၄ မိနစ္အခ်ိန္တြင္လည္းေကာင္း ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့သည္ဟု သိရွိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳနယ္၊ကြၽန္းေတာေျမာက္ရပ္ကြက္၊ ဗဟိုလမ္း၊ ဂြေစ်း၊ ေစ်းေခါင္း႐ုံးေဘးတြင္ ဇူလိုင္လ ၃၀ ရက္ေန႔ ညေန ၃ နာရီ အခ်ိန္ မေပါက္ကြဲေသးသည့္ လက္လုပ္ဗုံးေတြ႕ရွိခဲ့ရေၾကာင္း၊ လႈိင္သာယာၿမိဳ႕ နယ္၊
ရန္ကုန္- ေညာင္တုန္းလမ္း တန္ပိုစစ္ေဆးေရးဂိတ္၊ႏွင့္ ေက်ာက္တန္းၿမိဳ႕နယ္၊ ၿမိဳင္သာယာ အေျခခံပညာအထက္တန္း ေက်ာင္း ေရွ႕တြင္ မေပါက္ကြဲေသးေသာ လက္လုပ္ဗုံးႏွစ္လုံးကိုဇူလိုင္လ ၃၀ ရက္ေန႔ မြန္းလြဲပိုင္းအခ်ိန္တြင္ ေတြ႕ရွိရေၾကာင္း သိရွိရသည္။
စမ္းေခ်ာင္း၊ ဂြေစ်းတြင္ေတြ႕ရွိရသည့္ ဗုံးသည္ Mother & Son အဖြဲ႕က တိုက္ခိုက္ျခင္းျဖစ္ၿပီး ေစ်းစည္ပင္သာယာသည္ ေစ်းသည္မ်ားႏွင့္ ျပည္သူမ်ားကို မတရားအခြန္ေတာင္းခံျခင္းႏွင့္ဖိႏွိပ္ေနျခင္းေၾကာင့္ျဖစ္သည္ဟု အဆိုပါအဖြဲ႕မွ ဗိုလ္ႏိုင္က ေျပာဆိုသည္။
ယနေ့ညမှာလည်း ရန်ကုန်ကတော့ အုံး သံတွေနဲ့ မြိုင်နေ
သမိုင်း စစ်တပ်ချည်မျှင်နှင့်အထည်ချုပ်စက်ရုံအနီး ဗုံးပေါက်ကွဲပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်၊ အင်းစိန်၊ စမ်းချောင်း၊ ကျောက်တန်း၊ မြောက်ဒဂုံ၊ လှိုင်သာယာတို့တွင် ဗုံးပေါက်ကွဲမှုများနှင့်ဗုံးတွေ့ရှိမှုများ ဖြစ်ပွား
ရန်ကုန်၊ ဇူလိုင် ၃၀
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အုတ်ကျင်းမှတ်တိုင်အနီး သမိုင်းစစ်တပ်ချည်မျှင်နှင့် အထည်ချုပ်စက်ရုံအနီးတွင် ယနေ့ည ၉ နာရီ ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဘုရာလမ်းတပ်မ တော်ချည်ထည်စက်ရုံနားမှာ ဗုံးကွဲတယ်။ အသံကတောအရမ်းမကျယ်ဘူး။ ဒီည ၉နာရီလောက်က စစ်ခွေးတွေ ပတ်နေတယ်။ အခု စစ်တပ်ဝင်းရှေ့မှာ ရပ်နေကြတယ်။ ဆေးရုံကားလည်း ကြားရတယ်။ သေနတ်ပစ်သံလည်းကြားရတယ်။ ခွေးတွေပစ်တာလို့ထင်တယ်။ လှိုင် အားကစားရုံ တပ်ဆွဲထားတဲ့နေရာက လှမ်းပစ်လိုက်ပုံပဲ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ မြောက်ဥက္ကလာပတွင်လည်း ယနေ့ည ၉ နာရီ ၂၅ မိနစ်အချိန်တွင် ဗုံးကွဲသံ နှစ်ကြိမ်ကြားရကြောင်း ၊ အလုံ မြို့နယ်တွင်မူ ည ၉ နာရီ ၁၄ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲသံကြားရကြောင်း သိရှိရသည်။
ထို့ပြင် အင်းစိန်တွင် ယနေ့ည ၉ နာရီ ၂၇ မိနစ်အချိန် ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရသည်ဒေသခံများက ဆိုသည်။
လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်တွင် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်တွင်လည်းကောင်း၊ မြောက်ဒဂုံတွင် ယနေ့ည ၉ နာရီ ၂၄ မိနစ်အချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြိုနယ်၊ကျွန်းတောမြောက်ရပ်ကွက်၊ ဗဟိုလမ်း၊ ဂွဈေး၊ ဈေးခေါင်းရုံးဘေးတွင် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၃ နာရီ အချိန် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတွေ့ရှိခဲ့ရကြောင်း၊ လှိုင်သာယာမြို့ နယ်၊
ရန်ကုန်- ညောင်တုန်းလမ်း တန်ပိုစစ်ဆေးရေးဂိတ်၊နှင့် ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ အခြေခံပညာအထက်တန်း ကျောင်း ရှေ့တွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးနှစ်လုံးကိုဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ရှိရကြောင်း သိရှိရသည်။
စမ်းချောင်း၊ ဂွဈေးတွင်တွေ့ရှိရသည့် ဗုံးသည် Mother & Son အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ပြီး ဈေးစည်ပင်သာယာသည် ဈေးသည်များနှင့် ပြည်သူများကို မတရားအခွန်တောင်းခံခြင်းနှင့်ဖိနှိပ်နေခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါအဖွဲ့မှ ဗိုလ်နိုင်က ပြောဆိုသည်။