အလွပေရးရာ

ပါဝင်ပစ္စည်း (၃)မျိုးတည်းနဲ့ ကိုယ်တိုင်အိမ်မှာလုပ်ယူလို့ရမယ့် Face Scrub နည်းအသစ်လေး

တစ်ပတ်တစ်ကြိမ် သဘာဝ Skin care နည်းအသစ်တွေကို စောင့်မျှော်နေတဲ့သူ ဘယ်နှယောက်ရှိလဲ???

ဒီတစ်ပတ်မှာလည်း ပါဝင်ပစ္စည်း (၃)မျိုးတည်းနဲ့ ကိုယ်တိုင်အိမ်မှာလုပ်ယူလို့ရမယ့် Face Scrub – Beauty Tips လေးကို ဝေမျှပေးမယ်နော်

လှဖို့ခက်ခဲသလား မေးရင် No ပါ ဇွဲလေးတော့ ရှိရမှာပေါ့နော် Let’s start

ပါဝင်ပစ္စည်း

ဆန်မှုန့်

သကြား

သံလွင်ဆီ

ပြုလုပ်ပုံ

ဆန်မှုန့် ၊ သကြား၊ သံလွင်ဆီ အားလုံးကို ဆတူရောပါမယ်

အလွယ်တကူ ဝယ်လို့ရနိုင်မယ့် “မွှေး”ဆန် အစိမ်းမှုန့် စစ်စစ်ကို သုံးပြပေးထားပါတယ်

အသုံးပြုပုံ

မျက်နှာပေါ်မှာ 5 mins ခန့် ညင်ညင်သာသာလေး အဝိုင်းပုံစံ ပွတ်ပေးပါ (အောက်ကို မဆွဲချပါနဲ့နော်)

မျက်နှာကိုလုပ်ရင်း နှုတ်ခမ်းသားလေးတွေပါ ပွတ်ပေးပါနော်

မိမိသုံးနေကျ Facial Foam လေးနဲ့ မျက်နှာသစ်ချလို့ ရပါပြီ

ဆီ ပါဝင်တဲ့အတွက် မျက်နှာသစ်တဲ့အခါ စင်အောင်တော့ သစ်ပေးဖို့လိုပါတယ်နော်

ဒီ scrub ကိုလည်း တစ်ပတ် ၁-၂ ကြိမ် လုပ်ပေးလို့ရပါတယ်

ဒီတစ်ပတ်ရဲ့ နည်းလမ်းလေးကို အားလုံးနှစ်သက် သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်

နောက်အပတ်တွေမှာလည်း ဘယ်လို မတူတဲ့နည်းလမ်းလေးတွေနဲ့ ထပ်ပေါ်လာဦးမလဲဆိုတာစောင့်မျှော်ပေးကြပါလို့..

လေးစားစွာဖြင့်ခရက်ဒစ် ချစ်သောIrenepretty

Zawgyi




ပါဝင်ပစ္စည်း

ဆန်မှုန့်

သကြား

သံလွင်ဆီ

ပြုလုပ်ပုံ



အသုံးပြုပုံ







