စျေးဦးပေါက်ပြီ…ပရီမီယာ Coffee လေး ဝယ်သောက်လို့ရပြီ
မနက်ခင်း…Breakfast စားပြီ အပြန်…..
အဖွားရေ…ဂျင်းတွေ ဘယ်လိုရောင်းလဲ ဗျ??
(၂)ပုံ – (၅၀၀)ကျပ်ပါ သားလေးရေ…
ကြက်သွန် နီ / ဖြူကကော အဖွား??
(၁)ထုပ် – (၅၀၀)ကျပ်ပါပဲ သားရေ
ဟုတ် အဖွား…ခုမှ ထွက်တာလား??
ဟုတ်တယ် သားရေ…ခုနကမှ ခင်းပြီ ရောင်းတာပါ
သားကို ဂျင်း…မထူးတော့ပါဘူး အကုန်ယူသွားမယ် အဖွား
ဟေ…တကယ်ကြီးလား…စျေးဦးပေါက်ပြီဟေ့…ပရီမီယာ Coffee လေး ဝယ်သောက်လို့ရပြီ
တကယ်ပေါ့ အဖွားရဲ့…ကြက်သွန် နီ (၂)ထုပ်ကော…ကြက်သွန်ဖြူ (၁)ထုပ်လဲ ယူလိုက်တော့မယ်
ဝမ်းသာလိုက်တာ…ခုမှ ရောင်းတာ…ခုပဲ အားလုံး ကုန်ပြီ
ဟုတ် အဖွား…ဘယ်လောက်ကျလဲ မသိဘူးနော်??
အားလုံး ငါးထောင်ပဲ ပေးပါ သားရယ်…အဖွား (၁၀၀၀)ပဲ မြတ်တာပါ
ရော့…အဖွား (50,000) Ks
ဟာ…ပိုက်ဆံတွေ အများကြီး ပိုနေတယ် သားလေး
မပိုပါဘူး…အဖွား စားချင်တာ စား…သောက်ချင်တာ သောက်ဖို့ပါ အဖွား
ကျေးဇူးအများကြီးတင်ပါတယ် သားလေးရယ်…အဖွား ဘယ်လိုပြောရမလဲ မသိတော့ပါဘူး
(ဆုတွေ အများကြီးပေးရှာတယ် )
ဟုတ် အဖွား…ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏
ပြည့်မှာပါ သားလေးရယ်…ပြည့်မှာ ပြည့်မှာ
ဟုတ် အဖွား…ဂရုစိုက်ပြီ ပြန်နော်
အော…ဒါတွေ အကုန်မှ (၁)ထောင်မြတ်တာတဲ့…တနေကုန်တာ ရောင်းမကုန်ခဲ့ရင်…..
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ
09-5408437
uicode
စြေးဦးပေါကျပွီ…ပရီမီယာ Coffee လေး ဝယျသောကျလို့ရပွီ
09-5408437