ဆန်ချောစျေးနှုန်းများသာမကဆန်ကြမ်းများပါစျေးတက်လာတဲ့ ယနေ့ဆန်စျေးနှုန်းများ
ဆန်ချောစျေးနှုန်းများခေါင်ခိုက်လာချိန်တွင်ပြည်တွင်းစားသုံးသူများသည်စားဝတ်နေရေးကိုထိန်းသိမ်းရန်အခြားဆန်အမျိုးအစားများကိုတစ်ဆင့်နိမ့်ကာရွေးချယ်ဝယ်ယူစားသုံးသော်လည်းယင်းဆန်များသည်ရွေးချယ်ဝယ်ယူမှုအနည်းအများအပေါ်မူတည်၍
စျေးလိုက်တက်နေကြောင်းဆန်အရောင်းအဝယ်ပြုလုပ်သူများကဆိုကြသည်။လွန်ခဲ့သောဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လ၉ ရက်အထိစျေးနှုန်းများကိုလေ့လာကြည့်ပါကဆန်ချောစျေးနှုန်းများသည် ၂၄ ပြည်ဝင်တစ်အိတ်လျှင် မူလစျေးထက်၁၀၀၀၀ကျပ်ခန့် မြင့်တက်သွားပြီး
ဆန်ကြမ်းများသည်လည်းတစ်အိတ်လျှင်ကျပ် ၂၀၀၀ ဝန်းကျင်ခန့်စျေးတက်နေကြောင်းတွေ့ရသည်။“လူသုံးများတဲ့ပေါ်ဆန်းမွှေးစျေးတက်တော့ဝန်ထမ်းနဲ့အခြေခံလူတန်းစားအများစုကအခြားတစ်ဆင့်လျှော့ပြီးစားကြတယ်၊ဥပမာရွှေဘိုကစျေးတက်ရင်ဧရာဝတီပေါ်ဆန်းကိုပြောင်းစားတာမျိုးပေါ့၊
တချို့လည်းဧည့်မထတို့ဘာတို့နဲ့ရောပြီးစားကြတယ်၊အရင်တည်းကလည်းစျေးကွက်ကိုလေ့လာရင် အခြေခံလူတန်စားကပေါ်ဆန်းမွှေးဝယ်တာနည်းပါတယ်၊ပြဿနာကအခုဆန်ကြမ်းစျေးတွေကလည်း လိုက်တက်နေတာခက်တယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောကြားသည်။
လက်ရှိတွင် မြင့်တက်လာသော ဆန်စျေးနှုန်းမှသက်သာမှုရစေရန် ပြည်သူတချို့ကမူစျေးထိန်းကာရောင်းချသောဆန်ပွဲရုံ၊ဆန်ဆိုင်များနှင့်အခါအားလျော်စွာရောင်းချပေးသည့်စျေးသင့်ရောင်းချမှုစျေးကွက်များမှရှာဖွေဝယ်ယူနေကြရကြောင်းသိရသည်။
ဆန်စျေးနှုန်းများကတော့ တအိတ်စျေးနှုန်း ရွှေဘိုပေါ်ဆန်း ၇၃၀၀၀ မှ ၈၇၀၀၀၊ မြောင်းမြပေါ်ဆန်း ၅၈၀၀၀ မှ ၆၁၀၀၀၊ ဖျာပုံပေါ်ဆန်း ၅၆၀၀၀ မှ ၆၀၀၀၀ ၊ဒေးဒရဲ ပေါ်ဆန်း ၅၅၀၀၀မှ ၅၈၀၀၀၊ ပေါ်ဆန်း ၅၇၀၀၀ မှ၅၈၀၀၀ ၊ပေါ်ဆန်းရှယ် ၆၀၀၀၀ မှ ၆၁၀၀၀ကျပ်၊ဒေးဒရဲ ကြားပျံရှယ် ၆၂၀၀၀ မှ ၆၇၀၀၀၊
ကြားပျံရှယ် ၅၈၀၀၀ မှ ၆၆၀၀၀၊ခွံနီရှယ် ၄၆၅၀၀ မှ ၄၈၀၀၀၊ ရက်(၉၀)ရှယ် ၃၉၀၀၀ မှ ၄၂၀၀၀၊ သီးပုရှယ် ၃၃၅၀၀ မှ ၃၄၀၀၀ ၊ဆန်ချော၃၃၅၀၀ မှ ၃၄၅၀၀ ၊ဆန်ကြမ်း ၂၉၈၀၀နဗ ၃၀၅၀၀၊ ဧည့်မထ ၃၄၀၀၀မှ ၃၅၀၀၀၊မြီးဒုံး ၄၆၀၀၀ မှ ၄၈၀၀၀၊ဧည့်မထ အကြမ်း ၃၂၀၀၀မှ ၃၃၀၀၀၊အကြမ်းအသစ် ၂၈၅၀၀ မှ ၂၉၅၀၀၊
ပေါ်ဆန်းသစ် ၅၆၀၀၀မှ ၆၀၀၀၀၊သီးထပ်ရှယ် ၃၄၀၀၀ မှ၃၅၀၀၀ ၊ကျပ်ထိအသီးသီးရှိပါတယ်။ယခုဖော်ပြပါစျေးနှုန်းများမှာ မြန်မာဆန်စပါးအသင်းမှ စျေးနှုန်းများဖြစ်ပါသည်။အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲများရှိနိုင်ပါသည်။
ြမန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်းစပါးကုန်စည်ဒိုင် (ဝါးတန်း) စျေးနှုန်းများ-