ၾကားသိရသမွ်

ပရဟိတ မင်းသားကြီးဦးကျော်သူ၏ နေအိမ်ပိုင်ဆိုင်မှုအား ချိတ်ပိတ်သိမ်းဆည်း

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းသားကြီး ကျော်သူနှင့် ၎င်း၏ ဇနီးဖြစ်သူ ရွှေဇီးကွက်တို့ ပိုင်ဆိုင်သော

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် အာဇာနည်လမ်း အမှတ် ၆၆ နေအိမ် ခြံဝန်းပိုင်ဆိုင်မှုအား

ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်ပိုင်အဖြစ် ချိတ်ပိတ် သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။

အကြောင်းမှာ ကျော်သူသည် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ၅၁၂ ဖြင့် တရားစွဲဆို ခံထားရချိန်မှစ၍

၂၅ ၈ ၂၀၂၂ အတွင်း လာရောက်ထုချေရှင်းလင်းရန် ပျက်ကွက်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသည့် အတွက်ကြောင့် ဟု ဝရမ်းအမိန့်တွင် ပါရှိသည်။

မင်းသားကြီး ကျော်သူမှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဌဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်း ကာလတွင် စစ်ကောင်စီတပ်နှင့်

လက်အောက်ခံများ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအား ၎င်းတို့အသင်းမှ ကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူး လမ်းမပေါ်ရှိ နာရေးကူညီမှုအသင်း ရုံး အတွင်းသို့ စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး

ရုံးခန်းအတွင်းရှိ ပစ္စည်းများကို သိမ်းဆည်း ယူဆောင်သွားသကဲ့သို့ ဖျက်ဆီးပစ်ခဲ့ခြင်း များလည်း ရှိပြီး

ရုံးဝန်ထမ်း များကိုလည်း ဒဏ်ရာရရှိသည်အထိ ရိုက်နှက် နှိပ်စက််ခဲ့သည့် ဖြစ်စဉ်များလည်း ရှိသည်။

Credit