ၾကားသိရသမွ်

“မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးနဲ့ ကူညီချင်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း”

အမေတစ်ယောက်လုံးကို မြန်မာနိုင်ငံအတွက် ပေးထားတဲ့ သား။ အမေတစ်ယောက်လုံး ဘဝတလျောက် အဖမ်းအဆီး အချုပ်အနှောင်ကြားမှာ ဖြတ်သန်းခဲ့ရပြီး အခုအသက်၈၀ နီးနီးထိ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ။

လူမမယ်အရွယ်လေးကတည်းက မိခင်မေတ္တာနဲ့ ဝေးကွာနေခဲ့ရပြီး ဒီနိုင်ငံဆီက ဘာမှကို ပြန်မရခဲ့ဖူးတဲ့သား။ ဒါတောင် ဒီနိုင်ငံအပေါ် ချစ်ခြင်းမေတ္တာ မပျက်တဲ့ အမေ့သား။

အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းက မြန်မာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးနဲ့ Fundraise လုပ်ပေးဖို့ ကိုယ့်ဆီ တဆင့်ဆက်သွယ်လာပါတယ်။

မြန်မာပြည်အတွက် သူတစ်ခုခု ကူညီချင်တယ်။ တစ်ခုခု လုပ်ပေးချင်တယ်။ သူတတ်ကျွမ်းတဲ့ လက်သမားပညာနဲ့ ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလေးကို ရောင်းချပေးပြီး မြန်မာပြည်ကို ကူညီပေးပါတဲ့။ သူ့လက်ရာလေးက ဒေါ်လာနှစ်ထောင် သုံးထောင်လောက်တော့ ရနိုင်မယ်မဟုတ်လားတဲ့။

ကိုယ် အာမခံလိုက်တယ်။ ကိုထိန်လင်းရေ….ဒေါ်လာ နှစ်ထောင်၊ သုံးထောင်မဟုတ်ဘူး။ ဒေါ်လာနှစ်သိန်း သုံးသိန်း ရစေရမယ်လို့။ သူ အရမ်းအံ့ဩသွားတယ်။ အရမ်းလည်း ပျော်ရွှင်သွားပုံရတယ်၊ အရမ်းလည်း တက်ကြွသွားတယ်တဲ့။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ အမေဒေါ်အောင်ဆန်းစုကြည်အပြင် သားကိုထိန်လင်းကိုပါ ချစ်ခင်တန်ဖိုးထားကြတယ်ဆိုတာ သူသိအောင် ပြသနိုင်မယ့်အပြင် ရရှိငွေအားလုံးကို ကိုထိန်လင်းက တစ်ပြားတစ်ချပ်မှ မယူဘဲ မြန်မာပြည်အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဒီ Campaign လေးရဲ့ နာမည်ကို ဆန်ရေလို့ အမည်ပေးထားပါတယ်။ ဘယ်လိုပါဝင်လို့ရမယ်ဆိုတာ နောက်ရက်မှာ ကြေညာပေးပါ့မယ်။

ကိုယ်တို့ မြန်မာနိုင်ငံသားတွေဟာ ကံမကောင်းရှာပေမယ့် ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားကို ကိုယ်တို့ဟာ အဖိုး၊ အမေ၊ သား မျိုးဆက်သုံးခုစာ ရရှိခံစားခဲ့ရတယ်။

အရမ်းအားနာရသလို ကျေးဇူးတွေလည်း အထပ်ထပ် တင်ရပါတယ်။

Credit : ပန်ဆယ်လို

Zawgyi

အေမတစ္ေယာက္လုံးကို ျမန္မာႏိုင္ငံအတြက္ ေပးထားတဲ့ သား။ အေမတစ္ေယာက္လုံး ဘဝတေလ်ာက္ အဖမ္းအဆီး အခ်ဳပ္အေႏွာင္ၾကားမွာ ျဖတ္သန္းခဲ့ရၿပီး အခုအသက္၈၀ နီးနီးထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံေနရဆဲ။

လူမမယ္အ႐ြယ္ေလးကတည္းက မိခင္ေမတၱာနဲ႔ ေဝးကြာေနခဲ့ရၿပီး ဒီႏိုင္ငံဆီက ဘာမွကို ျပန္မရခဲ့ဖူးတဲ့သား။ ဒါေတာင္ ဒီႏိုင္ငံအေပၚ ခ်စ္ျခင္းေမတၱာ မပ်က္တဲ့ အေမ့သား။

အေမေဒၚေအာင္ဆန္းစုၾကည္ရဲ႕သား ကိုထိန္လင္းက ျမန္မာႏိုင္ငံသားေတြ လြတ္ေျမာက္ဖို႔အတြက္ သူကိုယ္တိုင္ ဖန္တီးထားတဲ့ သစ္ထြင္းပန္းခ်ီလက္ရာေလးနဲ႔ Fundraise လုပ္ေပးဖို႔ ကိုယ့္ဆီ တဆင့္ဆက္သြယ္လာပါတယ္။

ျမန္မာျပည္အတြက္ သူတစ္ခုခု ကူညီခ်င္တယ္။ တစ္ခုခု လုပ္ေပးခ်င္တယ္။ သူတတ္ကြၽမ္းတဲ့ လက္သမားပညာနဲ႔ ဖန္တီးထားတဲ့ သစ္ထြင္းပန္းခ်ီေလးကို ေရာင္းခ်ေပးၿပီး ျမန္မာျပည္ကို ကူညီေပးပါတဲ့။ သူ႔လက္ရာေလးက ေဒၚလာႏွစ္ေထာင္ သုံးေထာင္ေလာက္ေတာ့ ရႏိုင္မယ္မဟုတ္လားတဲ့။

ကိုယ္ အာမခံလိုက္တယ္။ ကိုထိန္လင္းေရ….ေဒၚလာ ႏွစ္ေထာင္၊ သုံးေထာင္မဟုတ္ဘူး။ ေဒၚလာႏွစ္သိန္း သုံးသိန္း ရေစရမယ္လို႔။ သူ အရမ္းအံ့ဩသြားတယ္။ အရမ္းလည္း ေပ်ာ္႐ႊင္သြားပုံရတယ္၊ အရမ္းလည္း တက္ႂကြသြားတယ္တဲ့။

ကိုယ္တို႔ ျမန္မာႏိုင္ငံသားေတြဟာ အေမေဒၚေအာင္ဆန္းစုၾကည္အျပင္ သားကိုထိန္လင္းကိုပါ ခ်စ္ခင္တန္ဖိုးထားၾကတယ္ဆိုတာ သူသိေအာင္ ျပသႏိုင္မယ့္အျပင္ ရရွိေငြအားလုံးကို ကိုထိန္လင္းက တစ္ျပားတစ္ခ်ပ္မွ မယူဘဲ ျမန္မာျပည္အတြက္ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။

ဒီ Campaign ေလးရဲ႕ နာမည္ကို ဆန္ေရလို႔ အမည္ေပးထားပါတယ္။ ဘယ္လိုပါဝင္လို႔ရမယ္ဆိုတာ ေနာက္ရက္မွာ ေၾကညာေပးပါ့မယ္။

ကိုယ္တို႔ ျမန္မာႏိုင္ငံသားေတြဟာ ကံမေကာင္းရွာေပမယ့္ ဥာဏ္ပညာနဲ႔ ခ်စ္ျခင္းတရားကို ကိုယ္တို႔ဟာ အဖိုး၊ အေမ၊ သား မ်ိဳးဆက္သုံးခုစာ ရရွိခံစားခဲ့ရတယ္။

အရမ္းအားနာရသလို ေက်းဇူးေတြလည္း အထပ္ထပ္ တင္ရပါတယ္။

Credit : ပန္ဆယ္လို