Unicode
ပရိသတ်ကြီးရေ တစ်ချိန်တုန်းက နာမည်ကြီးခဲ့တဲ့ သီးလေးသီး လူရွှင်တော်အဖွဲ့ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။နိုင်ငံရေးကိုပဲ အဓိကထား ဖျော်ဖြေခဲ့တဲ့ သီးလေးသီးအဖွဲ့ကတော့ နာမည်အရမ်းကြီးခဲ့ပြီး သူတို့ရဲ့ပြက်လုံးတွေဟာလဲ ပြောစမှတ်တွက်ခဲ့ပါတယ်။
သီးလေးသီးအဖွဲ့ကိုတော့ စိန်သီး၊ပန်းသီး၊ဇီးသီး၊ကြယ်သီး အစရှိတဲ့ လူရွှင်တော် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။သီးလေးသီးအဖွဲ့ဝင်ထဲက လူရွှင်တော် စိန်သီး ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
ဒီလိုအာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေတဲ့ လူရွှင်တော် စိန်သီး ဟာ ကိုဗစ်မတိုင်ခင်ကတည်းက ကျောက်ကပ်ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။
သီးလေးသီးအဖွဲ့ဝင် လူရွှင်တော်ကြယ်သီး ဟာ စစ်ကောင်စီ ရဲ့ အစီအစဥ်တစ်ခုမှာပါဝင်နေပြီး ပြည်သူတွေရဲ့ဆန်ကျင်ဘက်ကို ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမယ့်လဲ သီးလေးသီးအဖွဲ့ဆိုတဲ့ နာမည်ကိုတော့ မထိခိုက်စေချင်တဲ့အကြောင်းကို အခုလိုပဲ မေတ္တာရပ်ခံလာခဲ့ပါတယ်။
” ငါမရိုင်းချင်ဘူးနော် ငါအေးအေးဆေးဆေးတော်လှန်ရေးလုပ်နေတာ သီးလေးသီးဆိုပြီးဂေါင်းစဥ်တတ်ပြီး သိမ်းကျုံးပြီးမပြောကြနဲ့ ငါမကောင်းရင် ငါ့နံမည်တတ်ပြီးပြော
ကြယ်သီးမကောင်းရင်ကြယ်သီးနံမည်တတ်ပြီးပြော ပန်းသီးမကောင်းရင် ပန်းသီးနံမည်တတ်ပြီးပြော ဇီးသီးမကောင်းရင် ဇီးသီးနံမည်တတ်ပြီးပြောလို့ရတယ်သီးလေးသီး ဆိုတဲ့အဖွဲ့စည်းကိုတော့လာမထိနဲ့
ဒီနံမည်ကငါဆရာသမား ဇာဂနာ ပေးထားတဲ့နံမည် ပေါက်လိုပဲစားရထားတာမဟုတ်ဘူး ဘဝတွေနဲ့လည်းပြီးရထားတဲ့နံမည် ….သမိုင်းရှိခဲ့တဲ့နံမည် အခုငါတစ်ယောက်ထဲ ငါ့သမိုင်းငါရေးနေတာ ဘယ်သူကမှခိုင်းလို့လုပ်နေတာမဟုတ်ဘူး
ငါ့အသိစိတ်နဲ့ငါလုပ်နေတာအခုမှ စိန်သီး ဆိုတာပေါ်လာတာမဟုတ်ဖူး.၈၈ ကော ၂၀၀၇ ကောအခု ၂၀၂၁ ကော ငါ့အသိစိတ်နဲ့ ပြည်သူ့ဘက်ကရပ်တည်နေတာနံမည်ကြီးချင်လို့လုပ်နေတာမဟုတ်ဘူးကွ …
တော်လှန်ရေးလုပ်တယ်ဆိုရင် တော်လှန်ရေးဘဲလုပ်ကြပါသေနတ်ရှိသူက သေနတ်နဲ့တိုက်ရမှာဘဲ ငါတို့အနုပညာသမားတွေက ပါးစပ်ရှိတယ် ပါးစပ်နဲ့တိုက်ရမှာ သူတို့လဲသူတို့သမိုင်းသူတို့ရေးတာ အပြစ်တွေကြီးဘဲပြောနေမယ်ဆိုရင်ဒီတော်လှန်ရေးကြီးကပြီးတော့မှာမဟုတ်ဘူး
ပြောမယ်ဆိုရင်လဲ ဂဃနဏ ပြောကြ ဂဃနဏ လုပ်ကြကိုယ့်သမိုင်းကိုယ်ရေးကြ သူများ သမိုင်း ဝင်မရေးကြနဲ့ဒါပဲပြောချင်တယ် တစ်ဖက်က ဝမ်းသာအောင်မလုပ်ကြပါနဲ့ ရေးတဲ့သူတွေကလဲ သေသေခြာခြာ စုံစမ်းပြီးမှာရေးကြပါ …….တစ်ယောက်ထဲပြည်သူ့ဘက်ကတော်လှန်ရေးတိုက်ပွဲဝင်နေတဲ့….. ” လို့ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။