ၾကားသိရသမွ်

ရွာထဲကျားဝင်လာသည်ဟုဆိုကာ တစ်ရွာလုံးထွက်ပြေးခဲ့ကြပြီး သေချာပြန်လာကြည့်သည့်အချိန်မှ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့ရသည့်အဖြစ်







ရွာထဲကျားဝင်လာသည်ဟုဆိုကာ တစ်ရွာလုံးထွက်ပြေးခဲ့ကြပြီး သေချာပြန်လာကြည့်သည့်အချိန်မှ ရယ်ရမလို ငိုရမလို ဖြစ်ခဲ့ရသည့်အဖြစ်

တိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာရှိကြပြီး အချို့တိရိစ္ဆာန်လေးတွေဟာလူသားတွေကိုကူညီပေးတတ်သကဲ့သို့ အချို့တိရိစ္ဆာန်များကလူကိုအန္တရာယ်ပြုစေနိုင်ကြပါတယ်။

သာမာန်အားဖြင့်လူတို့ဟာ ကျားနှင့်ခြင်္သေ့သို့သော သားရဲတိရိစ္ဆာန်များဆိုလျှင် အဝေးက ရှောင်နေတတ်ကြပါတယ်။ ယခုတွင်လည်း ကင်ညာနိုင်ငံက ကျေးရွာတစ်ခုတွင် ခြုံတစ်ခု၏ကြားထဲမှာ ကျား၏ဦးခေါင်းကြီးကို မြင်တွေ့လိုက်ရတာဖြစ်ပါတယ်။

ထိုအခါမြင်တွေ့သူများက ကျားအစစ်ကြီး ရွာထဲဝင်လာသည်အထင်ဖြင့် ပြေးခဲ့ကြတာဖြစ်ပါတယ်။ ထို့နောက်မှ အသက်ကြီးသူများစုပြီး ကျားရှိရာကို သွားကြည့်လိုက်မှ ရယ်ရမလို ငိုရမလို ဖြစ်နေခဲ့ရပါတော့တယ်။

ခြုံတွင်ရှိနေတာဟာ ကျားအစစ်မဟုတ်ဘဲ အပင်ပေါက်ပျိုးထားသည့်အိတ်တစ်လုံး ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။

လေးစားလျှက် Credit. Shoon (Cele Daily)