ျပည္တြင္းသတင္း

လူနာအမွတ္ ၆၀၂ က ေျမာက္ဥကၠလာပ ေမဒါဝီေဆး႐ုံက ဆရာဝန္ တစ္ဦးျဖစ္

လူနာအမွတ္ ၆၀၂ က ေျမာက္ဥကၠလာပ ေမဒါဝီေဆး႐ုံက ဆရာဝန္ တစ္ဦးျဖစ္

ၾသဂုတ္လ ၈ ရက္ေန႔က စစ္ေတြကို ျပန္ၿပီး ၁၁ ရက္ေန႔ကတည္းက ျပန္ေရာက္ေနသူျဖစ္ပါတယ္။ ၾသဂုတ္လ ၂၇ ရက္ည ၈ နာရီထုတ္ျပန္ခ်က္မွာ ပါရွိတဲ့ လူနာအမွတ္ ၆၀၂ ဟာ ေျမာက္ဥကၠလာပ ေမဒါဝီေဆး႐ုံက အမ်ိဳးသမီးဆရာဝန္တစ္ဦးျဖစ္ၿပီး ၾသဂုတ္လ ၁၁ ရက္ေန႔ကတည္းက စစ္ေတြၿမိဳ႕ကေန ျပန္လာသူျဖစ္တယ္လို႔ ေျမာက္ဥကၠလာပ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက အတည္ျပဳေျပာၾကားပါတယ္။

 

“ဆရာမႀကီးက ေျမာက္ဥကၠလာပ ေဆး႐ုံက ဆရာဝန္ေပါ့။ သူက ရခိုင္မေလးေပါ့။ ဂ ရပ္ကြက္၊ နီလာ ၄ လမ္းမွာေနတယ္။ အၿမဲတမ္းကေတာ့ သူက ေျမာက္ဥကၠလာပ ေမဒါဝီေဆး႐ုံမွာေနတာေပါ့။ ဒါေပမဲ့ လိပ္စာက အဲဒီအတိုင္းျဖစ္ေနတယ္။ သူက ရခိုင္ကို ျပန္တယ္ေျပာတယ္။ မိဘက ရခိုင္မွာရွိတယ္” လို႔ ေျမာက္ဥကၠလာပ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၂) လႊတ္ေတာ္အမတ္ ဦးျမင့္လြင္က ေျပာပါတယ္။

 

အသက္ ၃၃ ႏွစ္အ႐ြယ္ ဆရာဝန္အမ်ိဳးသမီးဟာ စစ္ေတြၿမိဳ႕ကို ၾသဂုတ္လ ၈ ရက္ေန႔က သြားၿပီး ၁၁ ရက္ေန႔က ျပန္ေရာက္လာတာျဖစ္ေၾကာင္း ေနာက္ထပ္ လႊတ္ေတာ္အမတ္တစ္ဦးက အတည္ျပဳပါတယ္။ “ဆရာဝန္က ၈ ရက္ေန႔က စစ္ေတြသြားတယ္ ေျပာတယ္။ ၁၁ ရက္ေန႔က ျပန္လာတာ။ သူ႔မိဘေတြက စစ္ေတြမွာရွိတယ္” လို႔ ေျမာက္ဥကၠလာပ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ (၁) လႊတ္ေတာ္အမတ္ ဦးေဇာ္လြင္က ေျပာပါတယ္။

လူနာက ေဆး႐ုံမွာပဲ ေနထိုင္တာျဖစ္တဲ့အတြက္ လူနာနဲ႔ထိေတြ႕မႈရွိသူအေရအတြက္အပါအဝင္ တျခားအခ်က္အလက္ေတြကို ေျမာက္ဥကၠလာပ ေမဒါဝီေဆး႐ုံကသာ သိမွာျဖစ္ၿပီး ေဆး႐ုံအုပ္ႀကီးကို အဆက္အသြယ္လုပ္လို႔ မရေသးေၾကာင္း ဦးျမင့္လြင္က ေျပာပါတယ္။ ေျမာက္ဥကၠလာပ ေဆး႐ုံအုပ္ႀကီးထံ ဆက္သြယ္ၾကည့္ရမွာလည္း ဆက္သြယ္လို႔ မရရွိေသးပါဘူး။

ဓူဝံ

Unicode

လူနာအမှတ် ၆၀၂ က မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက ဆရာဝန် တစ်ဦးဖြစ်

သြဂုတ်လ ၈ ရက်နေ့က စစ်တွေကို ပြန်ပြီး ၁၁ ရက်နေ့ကတည်းက ပြန်ရောက်နေသူဖြစ်ပါတယ်။ သြဂုတ်လ ၂၇ ရက်ည ၈ နာရီထုတ်ပြန်ချက်မှာ ပါရှိတဲ့ လူနာအမှတ် ၆၀၂ ဟာ မြောက်ဥက္ကလာပ မေဒါဝီဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးဖြစ်ပြီး သြဂုတ်လ ၁၁ ရက်နေ့ကတည်းက စစ်တွေမြို့ကနေ ပြန်လာသူဖြစ်တယ်လို့ မြောက်ဥက္ကလာပ လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုပြောကြားပါတယ်။

“ဆရာမကြီးက မြောက်ဥက္ကလာပ ဆေးရုံက ဆရာဝန်ပေါ့။ သူက ရခိုင်မလေးပေါ့။ ဂ ရပ်ကွက်၊ နီလာ ၄ လမ်းမှာနေတယ်။ အမြဲတမ်းကတော့ သူက မြောက်ဥက္ကလာပ မေဒါဝီဆေးရုံမှာနေတာပေါ့။ ဒါပေမဲ့ လိပ်စာက အဲဒီအတိုင်းဖြစ်နေတယ်။ သူက ရခိုင်ကို ပြန်တယ်ပြောတယ်။ မိဘက ရခိုင်မှာရှိတယ်” လို့ မြောက်ဥက္ကလာပ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) လွှတ်တော်အမတ် ဦးမြင့်လွင်က ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆရာဝန်အမျိုးသမီးဟာ စစ်တွေမြို့ကို သြဂုတ်လ ၈ ရက်နေ့က သွားပြီး ၁၁ ရက်နေ့က ပြန်ရောက်လာတာဖြစ်ကြောင်း နောက်ထပ် လွှတ်တော်အမတ်တစ်ဦးက အတည်ပြုပါတယ်။ “ဆရာဝန်က ၈ ရက်နေ့က စစ်တွေသွားတယ် ပြောတယ်။ ၁၁ ရက်နေ့က ပြန်လာတာ။ သူ့မိဘတွေက စစ်တွေမှာရှိတယ်” လို့ မြောက်ဥက္ကလာပ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) လွှတ်တော်အမတ် ဦးဇော်လွင်က ပြောပါတယ်။

လူနာက ဆေးရုံမှာပဲ နေထိုင်တာဖြစ်တဲ့အတွက် လူနာနဲ့ထိတွေ့မှုရှိသူအရေအတွက်အပါအဝင် တခြားအချက်အလက်တွေကို မြောက်ဥက္ကလာပ မေဒါဝီဆေးရုံကသာ သိမှာဖြစ်ပြီး ဆေးရုံအုပ်ကြီးကို အဆက်အသွယ်လုပ်လို့ မရသေးကြောင်း ဦးမြင့်လွင်က ပြောပါတယ်။ မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီးထံ ဆက်သွယ်ကြည့်ရမှာလည်း ဆက်သွယ်လို့ မရရှိသေးပါဘူး။

ဓူဝံ