[ Unicode ]
ထောပတ်သီးသုံးပြီး နူးညံ့စိုပြေတဲ့ခြေလက်ကလေးပိုင်ဆိုင်စေမဲ့ ထောပတ်သီးခရင်မ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
ထောပတ်သီး Hand Cream အတွက် လိုအပ်တဲ့ ပစ္စည်းတွေက…
ထောပတ်သီး လေးပုံတပုံ၊ ကြက်ဥအကာရည်၊ ဂျုံမှုန့်စားပွဲတင် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာလက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို သမအောင်မွှေပီး လက်ဖဝါး၊ လက်ဖမိုးအနှံ့ လိမ်းပေးပါ။ မိနစ် ၂၀ ကြာလို့ ရေနွေးနွေးနဲ့ ဆေးချလိုက်ရင် နူးညံ့ပျော့ပျောင်းတဲ့ လက်လေးပိုင်ဆိုင်နိုင်မှာပါ။
ထောပတ်သီး Foot Cream အတွက်ကတော့ ထောပတ်သီးတလုံးကို ညက်အောင်ချေပီး ကွဲအက်နေတဲ့ ခြေဖနောင့်၊ ခြေဖဝါး အရေပြားတွေကို စိမ့်ဝင်နေအောင် ပွတ်ပေးပါ။ ၁၅ မိနစ်လောက်ထားပီးရင် ရေဆေးချလိုက်ပါ။ နေ့တိုင်းလုပ်ပေးသွားရင်တော့ မယုံနိုင်လောက်အောင် နူးညံ့စိုပြေတဲ့ အသားအရေ ပိုင်ဆိုင်မှာပါနော်။
Ref; beautytips