သားသမီးတွေ ကြီးလာလို့ အားကိုးယုံကြည်ရတဲ့အချိန်ဆို မိဘတွေတိုင်းက ပျော်ရွှင်မိကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ကောင်မလေးတစ်ဦးဟာ လမ်းမလျှောက်နိုင်ဘဲ ဝီးရှဲနဲ့သာ သွားလာနေရတဲ့ သူမရဲ့ဖခင်ကို လှပလွန်းတဲ့နေရာသို့ အပျော်ခရီးခေါ်ထွက်ရင်း အဆိုပါ video ကို online ပေါ်မှာ ဝေမျှသွားခဲ့ပါတယ် ။
သူမရဲ့သေးငယ်တဲ့ ခန္ဓာကိုယ်နဲ့ ဖခင်ဖြစ်သူကို ပိုးချီသွားဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမဲ့ နောင်ပိုင်းမှာ သူမကြိုးစားပြီး လှပတဲ့နေရာတွေဆီသို့ ဖခင်ဖြစ်သူကို အရောက်ခေါ်သွားပြနိုင်ခဲ့ပါတယ် ။ အဆိုပါ video လေးဟာ လူအတော်အများရဲ့ ရင်ကိုလှုပ်ခတ်သွားစေခဲ့ပြီး ဖခင်အပေါ်သိတတ်လွန်းတဲ့ သမီးလေး ဆိုပြီး လူအများကချီးကျူးခဲ့ကြပါတယ် ။
သူမရဲ့ဖခင်ဟာ လမ်းမလျှောက်နိုင်ခဲ့တာ 13 နှစ်ခန့်ရှိခဲ့ပါပြီ ။ ဒါကြောင့် လွန်ခဲ့တဲ့ 10 စုနှစ်အတွင်း သူမရဲ့ဖခင်ဟာ နေအိမ်ကျဉ်းလေးထဲမှာသာ အချိန်ကုန်ဆုံးနေခဲ့ရတာပါ ။ နောက်ပိုင်း သူမအလုပ်ရပြီး ငွေအလုံအလောက်ရှာဖွေနိုင်ခဲ့ချိန်မှာတော့ အခုလို ဖခင်ဖြစ်သူကို နေအိမ်ကနေ ခေါ်ထွက်ပြီး အမြဲ ခရီးထွက်ပြီး စိတ်အပန်းပြေနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် သူမအတိုင်း လူငယ်တွေလည်း မိဘတွေအပေါ် အချိန်ပေးပြီး နွေးထွေးစွာ ဆက်ဆံပေးနိုင်ကြဖို့ အတုယူနိုင်အောင် ဖော်ပြလိုက်ရပါတယ် ။
Zawgyi
သားသမီးေတြ ႀကီးလာလို႔ အားကိုးယံုၾကည္ရတဲ့အခ်ိန္ဆို မိဘေတြတိုင္းက ေပ်ာ္ရႊင္မိၾကမွာပါ ။ ဒီတစ္ေခါက္မွာလည္း ေကာင္မေလးတစ္ဦးဟာ လမ္းမေလ်ွာက္ႏိုင္ဘဲ ဝီး႐ွဲနဲ႔သာ သြားလာေနရတဲ့ သူမရဲ႕ဖခင္ကို လွပလြန္းတဲ့ေနရာသို႔ အေပ်ာ္ခရီးေခၚထြက္ရင္း အဆိုပါ video ကို online ေပၚမွာ ေဝမ်ွသြားခဲ့ပါတယ္ ။
သူမရဲ႕ေသးငယ္တဲ့ ခႏၶာကိုယ္နဲ႔ ဖခင္ျဖစ္သူကို ပိုးခ်ီသြားဖို႔ အစပိုင္းမွာ ခက္ခဲခဲ့ေပမဲ့ ေနာင္ပိုင္းမွာ သူမႀကိဳးစားၿပီး လွပတဲ့ေနရာေတြဆီသို႔ ဖခင္ျဖစ္သူကို အေရာက္ေခၚသြားျပႏိုင္ခဲ့ပါတယ္ ။ အဆိုပါ video ေလးဟာ လူအေတာ္အမ်ားရဲ႕ ရင္ကိုလႈပ္ခတ္သြားေစခဲ့ၿပီး ဖခင္အေပၚသိတတ္လြန္းတဲ့ သမီးေလး ဆိုၿပီး လူအမ်ားကခ်ီးက်ဴးခဲ့ၾကပါတယ္ ။
သူမရဲ႕ဖခင္ဟာ လမ္းမေလ်ွာက္ႏိုင္ခဲ့တာ 13 ႏွစ္ခန္႔႐ွိခဲ့ပါၿပီ ။ ဒါေၾကာင့္ လြန္ခဲ့တဲ့ 10 စုႏွစ္အတြင္း သူမရဲ႕ဖခင္ဟာ ေနအိမ္က်ဥ္းေလးထဲမွာသာ အခ်ိန္ကုန္ဆံုးေနခဲ့ရတာပါ ။ ေနာက္ပိုင္း သူမအလုပ္ရၿပီး ေငြအလံုအေလာက္႐ွာေဖြႏိုင္ခဲ့ခ်ိန္မွာေတာ့ အခုလို ဖခင္ျဖစ္သူကို ေနအိမ္ကေန ေခၚထြက္ၿပီး အျမဲ ခရီးထြက္ၿပီး စိတ္အပန္းေျပႏိုင္ေအာင္ ျပဳလုပ္ေပးႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သူမအတိုင္း လူငယ္ေတြလည္း မိဘေတြအေပၚ အခ်ိန္ေပးၿပီး ေႏြးေထြးစြာ ဆက္ဆံေပးႏိုင္ၾကဖို႔ အတုယူႏိုင္ေအာင္ ေဖာ္ျပလိုက္ရပါတယ္ ။
Jasmine(ZIKHIT)