အေထြအေထြဗဟုသုတ

အင်္ဂလိပ်လိုရေးပေးတဲ့ ရည်းစားစာကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ

အင်္ဂလိပ်လိုရေးပေးတဲ့ ရည်းစားစာကို ၈ တန်း ဒုတိယနှစ်ကျောင်းသားကို ဘာသာပြန် ခိုင်းသောအခါ

“အေးကြည်မ ရော့ ” “ဟဲ့ အဲဒါဘာတုန်း ”

“ရည်းစားစာ ” “ဗုဒ္ဓေါ ”

အေးကြည်မ က အံ့ဩလွန်းလို့ရင်ဘတ်ကိုဖိထားရတယ် ငြိမ်းမောင် ကတော့ ခပ်တည်တည်ပဲ

“ယူလေ ” “အိ မယူပါဘူး ”

“အင့်ဟာ ယူ ”

ငြိမ်းမောင်က စာကိုအေးကြည်မလက်ထဲထိုးပေးပြီးပြန်သွားရော အေးကြည်မတစ်ယောက်လမ်းပေါ်မတ်တပ်ရပ်ပြီး ဘာလုပ်ရမှန်းမသိ ငူတူတူကြီးကျန်နေခဲ့ရော

သိလည်း သိချင်သေး၍ စာကိုဖွင့်ကြည့်လိုက်လေတော့ “ကြည့် ငြိမ်းမောင်တော့ငါ့ကို ပညာပြသွားပြီ ”

ရေးထားသည်က အင်္ဂလိပ်စာများဖြစ်သည် သူမလည်း မဖတ်တတ် မဖတ်တတ်၍ ပိုသိချင်လာသဖြင့် အိမ်ရောက်မှတူဖြစ်သူအားဖတ်ခိုင်းမည်ဟုကြံကာ အိမ်ပြန်လာခဲ့တော့သည်

“တူလေး ဒါလေးဖတ်ပြ ” “ဘာလေးလဲ ”

တူတော်မောင်က အေးကြည်မလက်ထဲမှစာအားဆွဲယူလိုက်ပြီးဖွင့်ကြည့်လိုက်သည် ပြီးနောက်

“မုန့်ဖိုးပေးမှ ဖတ်ပြမယ် ” “အေးပါဟယ် နှစ်ရာ ပေးမယ် ”

“မရဘူး တစ်ထောင်ပေးရမယ် ” “ဟော ”

“မပေးလည်းရတယ်နော် မဖတ်ဘူး ” “ပေးမှာပါဟာ ဖတ်ပြနော် ”

“ပြီးရော ”

ငတိက စာရွက်ကိုဖွင့်ကာ ကြည့်ပြီးပြုံးလိုက်သေးသည်အမှန်တော့ သူလည်းသေသေချာချာမသိ ရှစ်တန်းနှစ်ခါ ကျထားသူဖြစ်၏

“ယူအာမိုင် စကိုင်း ” “You are my sky ”

“အဲဒါ ဘာလဲဟဲ့ ”

“နင့်ဖက်က စပြီး ကိုင်းပေးပါ ” “ဟဲ့ ဘယ်လိုတုန်းဟ ”

အေးကြည်မ တွေး၍မရချေ ပထမဆုံးမို့ နာမလည်ခြင်းဖြစ်နိုင်သည်ဟုတွေးလိုက်၏

“ဆက်ဖတ် ”

“အိုင်အမ် သယ် ဘရိုက်ဂျက် စတား ” “I am the brightest star ”

“ပြောပါဦးဟဲ့ ”

“မင်းကို အလင်းရောင်ဝင်တဲ့အထိ ကျယ်အောင်လုပ်ပေးမယ် ”

“အို့ ဘယ်လိုကြီးတုန်း ” အေးကြည်မအဖြေရှာရ ပိုခက်လေပြီ ဘာတွေမှန်းမသိ

“ဆက်ဖတ်ပါဟာ ”

“အိုင်ဟုပ် ယွာ လက်ဖ်” “I hope your love ”

“အေး အဲဒါ ဘာတုန်း ”

“ငါ မင်းရဲ့ လက်ကို ဟက်မယ်တဲ့ ” “ဘာ ”

“အသ်ဖ်ယူ လက်ဖ်မီ ရီတန်းဘက်ခ်တူမီ ” “If you love me, return back to me”

“အဲဒါက ဘာလဲ ”

“မင်း ငါ့လက်ကိုပြန် ဟက်ချင်ရင်တော့ငါတို့အတန်းဖက်ကိုလာခဲ့ပါတဲ့ ”

“ဖွီး မိုက်ရိုင်းတဲ့ကောင် ”

အေးကြည်မ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည် ပြီးနောက် ငြိမ်းမောင်ရှိရာ တမာတန်းဖက်သို့ထွက်လာခဲ့လေတော့သည်

သူမကို ကျယ်အောင်ချဲ့မည်လည်းပြောသည်။ လက်ကိုလည်းကိုက်ဦးမည်။ သူမကိုလည်းလက်ပြန်ကိုက်ခိုင်းသေးသည်။ တွေ့ပြီ ငြိမ်းမောင်တော့ တွေ့ပြီ

“ငြိမ်းမောင် ” “ဟင် အေးကြည်မ ”

“ဖြန်း ” “ရော့ ပြန်ယူ ”

ငြိမ်းမောင်ခမျာ စာရွက်ကလေးကိုင်ပြီးပါးလေးပွတ်ကာကျန်နေခဲ့လေတော့သည် စိတ်နာနာနဲ့စာရွက်ကလေးပြန်ကြည့်တော့ ကျောဖက်မှာစာပြန်ရေးထားတာတွေ့လိုက်ရသည်

“ခန့်ဇော် ဒုတိယနှစ်ရှစ်တန်း ရမ်းသမ်း ဘာသာပြန်ပေးလိုက်သည် “တဲ့

“ဖွီး သောက်ကလေး ဒီတစ်နှစ်လည်း စာမေးပွဲအောင်မှာမဟုတ်ဘူး ”မှတ်စမ်း အင်္ဂလိပ်လို ရည်းစားစာပေးချင်ဦး

Credit : ငြိမ်းမောင်

Zawgyi

အဂၤလိပ္လိုေရးေပးတဲ့ ရည္းစားစာကို ၈ တန္း ဒုတိယႏွစ္ေက်ာင္းသားကို ဘာသာျပန္ ခိုင္းေသာအခါ

“ေအးၾကည္မ ေရာ့ ” “ဟဲ့ အဲဒါဘာတုန္း ”

“ရည္းစားစာ ” “ဗုေဒၶါ ”

ေအးၾကည္မ က အံ့ဩလြန္းလို႔ရင္ဘတ္ကိုဖိထားရတယ္ ၿငိမ္းေမာင္ ကေတာ့ ခပ္တည္တည္ပဲ

“ယူေလ ” “အိ မယူပါဘူး ”

“အင့္ဟာ ယူ ”

ၿငိမ္းေမာင္က စာကိုေအးၾကည္မလက္ထဲထိုးေပးၿပီးျပန္သြားေရာ ေအးၾကည္မတစ္ေယာက္လမ္းေပၚမတ္တပ္ရပ္ၿပီး ဘာလုပ္ရမွန္းမသိ ငူတူတူႀကီးက်န္ေနခဲ့ေရာ

သိလည္း သိခ်င္ေသး၍ စာကိုဖြင့္ၾကည့္လိုက္ေလေတာ့ “ၾကည့္ ၿငိမ္းေမာင္ေတာ့ငါ့ကို ပညာျပသြားၿပီ ”

ေရးထားသည္က အဂၤလိပ္စာမ်ားျဖစ္သည္ သူမလည္း မဖတ္တတ္ မဖတ္တတ္၍ ပိုသိခ်င္လာသျဖင့္ အိမ္ေရာက္မွတူျဖစ္သူအားဖတ္ခိုင္းမည္ဟုႀကံကာ အိမ္ျပန္လာခဲ့ေတာ့သည္

“တူေလး ဒါေလးဖတ္ျပ ” “ဘာေလးလဲ ”

တူေတာ္ေမာင္က ေအးၾကည္မလက္ထဲမွစာအားဆြဲယူလိုက္ၿပီးဖြင့္ၾကည့္လိုက္သည္ ၿပီးေနာက္

“မုန႔္ဖိုးေပးမွ ဖတ္ျပမယ္ ” “ေအးပါဟယ္ ႏွစ္ရာ ေပးမယ္ ”

“မရဘူး တစ္ေထာင္ေပးရမယ္ ” “ေဟာ ”

“မေပးလည္းရတယ္ေနာ္ မဖတ္ဘူး ” “ေပးမွာပါဟာ ဖတ္ျပေနာ္ ”

“ၿပီးေရာ ”

ငတိက စာ႐ြက္ကိုဖြင့္ကာ ၾကည့္ၿပီးၿပဳံးလိုက္ေသးသည္အမွန္ေတာ့ သူလည္းေသေသခ်ာခ်ာမသိ ရွစ္တန္းႏွစ္ခါ က်ထားသူျဖစ္၏

“ယူအာမိုင္ စကိုင္း ” “You are my sky ”

“အဲဒါ ဘာလဲဟဲ့ ”

“နင့္ဖက္က စၿပီး ကိုင္းေပးပါ ” “ဟဲ့ ဘယ္လိုတုန္းဟ ”

ေအးၾကည္မ ေတြး၍မရေခ် ပထမဆုံးမို႔ နာမလည္ျခင္းျဖစ္ႏိုင္သည္ဟုေတြးလိုက္၏

“ဆက္ဖတ္ ”

“အိုင္အမ္ သယ္ ဘ႐ိုက္ဂ်က္ စတား ” “I am the brightest star ”

“ေျပာပါဦးဟဲ့ ”

“မင္းကို အလင္းေရာင္ဝင္တဲ့အထိ က်ယ္ေအာင္လုပ္ေပးမယ္ ”

“အို႔ ဘယ္လိုႀကီးတုန္း ” ေအးၾကည္မအေျဖရွာရ ပိုခက္ေလၿပီ ဘာေတြမွန္းမသိ

“ဆက္ဖတ္ပါဟာ ”

“အိုင္ဟုပ္ ယြာ လက္ဖ္” “I hope your love ”

“ေအး အဲဒါ ဘာတုန္း ”

“ငါ မင္းရဲ႕ လက္ကို ဟက္မယ္တဲ့ ” “ဘာ ”

“အသ္ဖ္ယူ လက္ဖ္မီ ရီတန္းဘက္ခ္တူမီ ” “If you love me, return back to me”

“အဲဒါက ဘာလဲ ”

“မင္း ငါ့လက္ကိုျပန္ ဟက္ခ်င္ရင္ေတာ့ငါတို႔အတန္းဖက္ကိုလာခဲ့ပါတဲ့ ”

“ဖြီး မိုက္႐ိုင္းတဲ့ေကာင္ ”

ေအးၾကည္မ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္သည္ ၿပီးေနာက္ ၿငိမ္းေမာင္ရွိရာ တမာတန္းဖက္သို႔ထြက္လာခဲ့ေလေတာ့သည္

သူမကို က်ယ္ေအာင္ခ်ဲ႕မည္လည္းေျပာသည္။ လက္ကိုလည္းကိုက္ဦးမည္။ သူမကိုလည္းလက္ျပန္ကိုက္ခိုင္းေသးသည္။ ေတြ႕ၿပီ ၿငိမ္းေမာင္ေတာ့ ေတြ႕ၿပီ

“ၿငိမ္းေမာင္ ” “ဟင္ ေအးၾကည္မ ”

“ျဖန္း ” “ေရာ့ ျပန္ယူ ”

ၿငိမ္းေမာင္ခမ်ာ စာ႐ြက္ကေလးကိုင္ၿပီးပါးေလးပြတ္ကာက်န္ေနခဲ့ေလေတာ့သည္ စိတ္နာနာနဲ႔စာ႐ြက္ကေလးျပန္ၾကည့္ေတာ့ ေက်ာဖက္မွာစာျပန္ေရးထားတာေတြ႕လိုက္ရသည္

“ခန႔္ေဇာ္ ဒုတိယႏွစ္ရွစ္တန္း ရမ္းသမ္း ဘာသာျပန္ေပးလိုက္သည္ “တဲ့

“ဖြီး ေသာက္ကေလး ဒီတစ္ႏွစ္လည္း စာေမးပြဲေအာင္မွာမဟုတ္ဘူး ”မွတ္စမ္း အဂၤလိပ္လို ရည္းစားစာေပးခ်င္ဦး

Credit : ၿငိမ္းေမာင္