ၾကားသိရသမွ်







Rain (For Ialinks)

Unicode

ကြောက်မက်ဖွယ် မိကျောင်းကြီးကို ရေချိုးပေးလိုက် သွားတွေတိုက်ပေးလိုက်နဲ့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့် အမျိုးသား

မိကျောင်းဆိုတာနဲ့ လူတွေအကုန်လုံးက ကြောက်ကြပြီး အနားကပ်ဖို့ပင် မရဲကြပေမယ့် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထားသည့်သူများလည်းရှိနေသည်။

သို့ဖြစ်၍ အင်ဒိုနီးရှားနိုင်ငံမှ အသက်၄၁နှစ်အရွယ် အမျိုးသားတစ်ဦးသည် ကမ်းခြေရှိ ငါးဖမ်းသမားတစ်ဦးဆီကနေ မိကျောင်းပေါက်လေးတစ်ကောင်ကို ဝယ်ယူပြီးတော့ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြုခဲ့သည်။

ထိုမိကျောင်းပေါက်လေးသည် နှစ်ပေါင်းနှစ်ဆယ်အကြာမှာ အလေးချိန်၂၀၀ရှိပြီး ကြောက်မက်ဖွယ် အနေအထားမျိုးဖြစ်လာသော်လည်း အမျိုးသားကတော့ မိကျောင်းလေးအပေါ် မိသားစုဝင်လိုသဘောထားကာ ရေချိုးပေးပြီး တစ်ပတ်တစ်ခါ သွားတွေတိုက်ပေးလေ့ရှိသည်။

ထိုမိကျောင်းသည် လတ်ဆတ်သောအသားစိမ်းနဲ့ ငါးများစားရတာကို နှစ်သက်ပြီး ပုံသဏ္ဌာန်အရ ကြောက်စရာကောင်းသော်လည်း သခင်ဖြစ်သူအပေါ်မှာတော့ အလွန်ယဉ်ပါးပြီး ထိခိုက်ဒဏ်ရာနဲ့ အန္တရာယ်တစ်စုံတစ်ရာပေးခဲ့ခြင်းမျိုးမရှိခဲ့ပေ။

အမျိုးသားရဲ့မိသားစုတို့သည် ထိုမိကျောင်းကြောင့်ပဲ နာမည်ကျော်ဖြစ်လာကာ ခရီးသွာ းအချို့ကပင် မိကျောင်းကိုစိတ်ဝင်စားပြီး သူတို့အိမ်သို့လာရောက်လည်ပတ်တာမျိုးတွေလည်း ရှိခဲ့သည်။

Rain (For Ialinks)