မိသားစု၊ဆွေမျိုးမရှိလို့ ကမ္ဘာတစ်ဝှမ်းရှိ ကြင်နာတက်တဲ့လူများထံမှ နှစ် 100 ပြည့် မွေးနေ့ လက်ဆောင်ကို လက်ခံရရှိခဲ့တဲ့ အဖွား
ဘာမင်ဂမ်ရှိ အကြီးတန်းစောင့်ရှောက်မှုစင်တာမှာ ဂေဟာရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အဖွား Lillian Greenway က အသက် 100 ပြည့်ခါနီးအချိန်မှာ စင်တာက ကြီးကျယ်တဲ့ မွေးနေ့ပွဲကျင်းပရန် ပြင်ဆင်ပေးထားပါတယ် ။ ဒါပေမယ့် အဖွားမှာ မိသားစုလည်းမရှိ၊ ရင်းနှီးတဲ့မိတ်ဆွေလည်း မရှိတာကြောင့် အဖွားမပျော်မာကို သူတို့ အနည်းငယ် စိတ်ပူနေကြပါတယ် ။
ထိုကြောင့် အဖွားအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ facebook မှာ တင်ထားပါသေးတယ် ။ “ကျွန်မတို့မှာ ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ လာမဲ့လကျရင် အသက် 100 ပြည့်မာဖြစ်တယ်။ ဝမ်းနည်းစရာမှာ၊ သူမမှာ မိသားစု မရှိပါဘူး။ သူမပျော်ရွှင်အောင် တစ်စုံတစ်ယောက်က သူ့မွေးနေ့ကတ် ပို့ပေးနိုင်မလား။
တတ်နိုင်ရင်၊ ငါတို့က အဲဒါကို တကယ်တန်ဖိုးထားတယ် ။ သူမရဲ့နာမည်မှာ Lillian ဖြစ်ပြီး သူမအကြိုက်ဆုံးအရောင်မှာ ခရမ်းရောင်ဖြစ်တယ်” ဆိုပြီး facebook ပေါ်တင်ပြီး အကူညီတောင်းခဲ့ပါတယ် ။
ဒီပို့စ်က ပျံ့နှံ့သွားပြီး Netizens တွေက အများကြီး ကူညီပေးကြပါတယ် ။ မကြာမီပင် ပြုစုစောင့်ရှောက်ရေးဌာနက လက်ဆောင်များဖြင့် ပြည့်လာခဲ့ပြီး အဖွားက ကတ် ၁၀,၀၀၀ ကျော်၊ လက်ဆောင် ၅၀၀ နဲ့ သြစတြေးလျ၊ တောင်အာဖရိက၊ စင်ကာပူတို့ ပါဝင် ကမ္ဘာတစ်ဝှမ်းရှိ လူများထံမှ ဗီဒီယို နှုတ်ခွန်းဆက်စကား ၄၀ ကို ရရှိခဲ့ပါတယ် ။ အဘွား Lillian က ဖေဖော်ဝါရီ ၁၃ ရက် ၊ ၁၉၂၁ ခုနှစ် ဘာမင်ဂမ်မှာ မွေးဖွားခဲ့ပါတယ် ။
အဖွားက ခရမ်းရောင်အဝတ်အစားများကို အလွန်နှစ်သက်သောကြောင့် အဖွား Lillian ကို ‘Lilac Queen’ အဖြစ် စင်တာရှိလူတိုင်း သိကြပါတယ် ။ ထို့ကြောင့် သူမရဲ့ မွေးနေ့ပါတီက်ု ခရမ်းရောင်အယူအဆဖြငင့် အရာအားလုံးကို ခရမ်းရောင်ဖြင့် အလှဆင်ထားပါတယ် ။ထို့အပြင် အဘွားက ဗြိတိန်တော်ဝင်မိသားစုရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ကော်ဇောနီများနဲ့ ဇိမ်ခံကုလားထိုင်များဖြင့် အလှဆင်ပေးထားပါတယ် ။
အဘွား Lillian က သူမရဲ့ မွေးနေ့ကို ပျော်ရွှင်စွာ ကျင်းပပြီး သူမက လက်ဆောင်များစွာကို ရရှိခဲ့ပါတယ် ။ နောက်ပြီး တောက်ပတဲ့ ခရမ်းရောင်ဆံပင်တုများ၊ သရဖူများနဲ့ တော်ဝင်အမှတ်တရများ ပါရှိပါတယ် ။ ဂေဟာက လူတွေဟာ ဒီလို feedback တွေ အများကြီးရလာလိမ့်မယ်လို့ မထင်ကြပါဘူး ။
သူတို့နဲ့ အဘွား Lillian တို့က လူတိုင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ရှိခဲ့ကြပါတယ် ။ လောကကြီးက ဒီလို ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကောင်းတာတွေ ရှိနေသေးတယ်ဆိုတာ ပြသနေပါတယ် ။
Zawgyi
ဘာမင္ဂမ္ရွိ အႀကီးတန္းေစာင့္ေရွာက္မႈစင္တာမွာ ေဂဟာရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ အဖြား Lillian Greenway က အသက္ 100 ျပည့္ခါနီးအခ်ိန္မွာ စင္တာက ႀကီးက်ယ္တဲ့ ေမြးေန႔ပြဲက်င္းပရန္ ျပင္ဆင္ေပးထားပါတယ္ ။ ဒါေပမယ့္ အဖြားမွာ မိသားစုလည္းမရွိ၊ ရင္းႏွီးတဲ့မိတ္ေဆြလည္း မရွိတာေၾကာင့္ အဖြားမေပ်ာ္မာကို သူတို႔ အနည္းငယ္ စိတ္ပူေနၾက
ပါတယ္ ။ ထိုေၾကာင့္ အဖြားအတြက္ ေပ်ာ္႐ႊင္စရာေမြးေန႔ျဖစ္ပါေစလို႔ facebook မွာ တင္ထားပါေသးတယ္ ။ “ကြၽန္မတို႔မွာ ခ်စ္စရာေကာင္းတဲ့ အမ်ိဳးသမီးတစ္ေယာက္ရွိတယ္။ လာမဲ့လက်ရင္ အသက္ 100 ျပည့္မာျဖစ္တယ္။ ဝမ္းနည္းစရာမွာ၊ သူမမွာ မိသားစု မရွိပါဘူး။ သူမေပ်ာ္႐ႊင္ေအာင္ တစ္စုံတစ္ေယာက္က သူ႔ေမြးေန႔ကတ္ ပို႔ေပးႏိုင္မလား။
တတ္ႏိုင္ရင္၊ ငါတို႔က အဲဒါကို တကယ္တန္ဖိုးထားတယ္ ။ သူမရဲ႕နာမည္မွာ Lillian ျဖစ္ၿပီး သူမအႀကိဳက္ဆုံးအေရာင္မွာ ခရမ္းေရာင္ျဖစ္တယ္” ဆိုၿပီး facebook ေပၚတင္ၿပီး အကူညီေတာင္းခဲ့ပါတယ္ ။
ဒီပို႔စ္က ပ်ံ႕ႏွံ႔သြားၿပီး Netizens ေတြက အမ်ားႀကီး ကူညီေပးၾကပါတယ္ ။ မၾကာမီပင္ ျပဳစုေစာင့္ေရွာက္ေရးဌာနက လက္ေဆာင္မ်ားျဖင့္ ျပည့္လာခဲ့ၿပီး အဖြားက ကတ္ ၁၀,၀၀၀ ေက်ာ္၊ လက္ေဆာင္ ၅၀၀ နဲ႔ ၾသစေၾတးလ်၊ ေတာင္အာဖရိက၊ စင္ကာပူတို႔ ပါဝင္ ကမာၻတစ္ဝွမ္းရွိ လူမ်ားထံမွ ဗီဒီယို ႏႈတ္ခြန္းဆက္စကား ၄၀ ကို ရရွိခဲ့ပါတယ္ ။ အဘြား Lillian က ေဖေဖာ္ဝါရီ ၁၃ ရက္ ၊ ၁၉၂၁ ခုႏွစ္ ဘာမင္ဂမ္မွာ ေမြးဖြားခဲ့ပါတယ္ ။
အဖြားက ခရမ္းေရာင္အဝတ္အစားမ်ားကို အလြန္ႏွစ္သက္ေသာေၾကာင့္ အဖြား Lillian ကို ‘Lilac Queen’ အျဖစ္ စင္တာရွိလူတိုင္း သိၾကပါတယ္ ။ ထို႔ေၾကာင့္ သူမရဲ႕ ေမြးေန႔ပါတီက္ု ခရမ္းေရာင္အယူအဆျဖငင့္ အရာအားလုံးကို ခရမ္းေရာင္ျဖင့္ အလွဆင္ထားပါတယ္ ။
ထို႔အျပင္ အဘြားက ၿဗိတိန္ေတာ္ဝင္မိသားစုရဲ႕ အမာခံပရိသတ္တစ္ဦးျဖစ္ၿပီး ေကာ္ေဇာနီမ်ားနဲ႔ ဇိမ္ခံကုလားထိုင္မ်ားျဖင့္ အလွဆင္ေပးထားပါတယ္ ။
အဘြား Lillian က သူမရဲ႕ ေမြးေန႔ကို ေပ်ာ္႐ႊင္စြာ က်င္းပၿပီး သူမက လက္ေဆာင္မ်ားစြာကို ရရွိခဲ့ပါတယ္ ။ ေနာက္ၿပီး ေတာက္ပတဲ့ ခရမ္းေရာင္ဆံပင္တုမ်ား၊ သရဖူမ်ားနဲ႔ ေတာ္ဝင္အမွတ္တရမ်ား ပါရွိပါတယ္ ။ ေဂဟာက လူေတြဟာ ဒီလို feedback ေတြ အမ်ားႀကီးရလာလိမ့္မယ္လို႔ မထင္ၾကပါဘူး ။
သူတို႔နဲ႔ အဘြား Lillian တို႔က လူတိုင္းရဲ႕ ၾကင္နာမႈအတြက္ ေက်းဇူးတင္ရွိခဲ့ၾကပါတယ္ ။ ေလာကႀကီးက ဒီလို ခက္ခဲတဲ့ အေျခအေနေတြၾကားမွာ ေကာင္းတာေတြ ရွိေနေသးတယ္ဆိုတာ ျပသေနပါတယ္ ။