အေထြအေထြဗဟုသုတ

ကျောက်စိမ်း အရိုင်းတစ်တုံးကို သိန်း ၄၀၀ ပေးဝယ်ပြီး နည်းပညာဖြင့် ပုတီးလုပ်လိုက်တဲ့အခါ…

ကျောက်စိမ် းအရိုင်းတုံး တစ်ခုကို သိန်းလေးရာ ပေး ဝယ်ပြီး ပုတီး လုပ်လိုက်တဲ့ အခါ တန်ဖိုးက အဆမတန် တက်လာပါတယ်။ ကျောက်စိမ်းပုတီးပြုလုပ်ပုံ အဆင့်ဆင့်ကို

ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ မှာ ကျောက်စီမ်းတွေ အကန့်အသတ်မရှိ အထိန်းအကွပ်မဲ့ တူးဖော်ပြီး ပေါက်ဖော်ကို အတုံးလိုက် တန်နဲ့ချီပြီး ရောင်းနေကြတာ တကယ်တော့

နှမြောစရာ ကောင်းလှ ပါတယ်။မြန်မာပြည်က ရောက်သွားတဲ့ ကျောက်စိမ်း အရိုင်းတစ်တုံးဟာ တရုတ်ပြည်ရောက်သွားရင် နည်းပညာနှင့် အချောထည် လုပ်လိုက်တဲ့အခါ ဒေါ်လာ သန်းချီ

တန်တဲ့ ပစ္စည်း ဖြစ်သွား ပါတယ်။ခုတော့ ကျောက်စီမ်းဈေးကွက်က တရုတ်ပြည်ကို ရောက်သွားပါပြီ…။မသိတဲ့ နိုင်ငံတွေကတော့ ကျောက်စိမ်းက ပေါက်ဖော်ပြည်က ထွက်တယ်လို့တောင် ထင်နေကြပါပြီ။ကျောက်စိမ်းကို ပေါက်ဖော်ဆီ သွားရောင်းနေကြတဲ့

အဖြစ်မျိုးကနေ ကျောက်စိမ်းကို နိုင်ငံတကာက လူတွေ ကမြန်မာပြည် လာဝယ်ရအောင် လုပ်သင့်နေ ပါပြီ။ ဒီ သိန်းလေးရာတန် ကျောက်စိမ်းတုံးလေး ကို ကျောက်စိမ်းပုတီး လုပ်လိုက်တဲ့အခါ

တန်ဖိုးက သုံးဆကျော်လောက် တက်သွားပါတယ် ဒီ ပုတီးတစ်ကုံးရဲ့ တန်ဖိုး ဟာ SGG အခေါ် ၁၀ ဆိုဒ်ပိုင်ရှင်ကတော့ တစ်ကုံး သိန်း ၅၀၀ လောက် မှန်းမယ် ထင်တယ်။ကျောက်စိမ်းလု ပ်ကွက်တွေကို အကန့်အသတ်မရှိ တူးဖော်ဖို့ ရောင်းစားနေမယ့် အစား

ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ပြုပြီး ကုန်ချော ပစ္စည်းလေးတွေ နိုင်သလောက် ထုတ်ပြီး တဖြည်းဖြည်း ဈေးကွက်ထူထောင် မယ်ဆိုရင်… မြန်မာ့ကျောက်စိမ်းဟာ နှစ်ပေါင်းများစွာ ရှာစားလို့ မကုန်နိုင်ပါဘူး။

နည်း ပညာအသုံးပြု ဖန်ဆီ ပစ္စည်းနဲ့ လူသုံးကုန် ပစ္စည်းမျိုးမျိုး ထုတ်လုပ် ကာ ..ရောင်းချမယ်ဆိုလျှင် ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ဦးမော့လာနိုင်ပါတယ်။ကျောက်မျက် တူးဖော်မှုနဲ့

အရိုင်းတင်ပို့ခြင်းကို ကန့်သတ် ခွင့်ပြုသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပြောင်းလဲလာမည့် ကျောက်စိမ်း ဥပဒေတွေကလည်း နိုင်ငံသူ/ သားတွေ အတွက် အကျိုးရှိပြီး သယံဇာတ ပြုန်းတီးခြင်းမှလည်း

ကာကွယ်နိုင်မယ်၊ နိုင်ငံအတွက်လည်း အကျိုးမယ် ဈေးကွက်လည်း ဖွံ့ဖြိုးတည်ငြိမ်လာမယ်ဆိုရင် အကောင်းဆုံးပါ။ခရက်ဒစ်..