ၾကားသိရသမွ်

ခရီးသည်ဖုန်းမေ့ကျန်ခဲ့တာကို ငွေညှစ်ပြီးပြန်ရွေးခိုင်းခဲ့တဲ့ Taxi DD – 9569

ယခုတစ်ခါဖော်ပြပေးမှာကတော့ Taxi ပေါ်မှာ ဖုန်းမေ့ကျန်ခဲ့ရာ ငွေညှစ် အတောင်းခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်အပျက်ပါ။”ညီမနဲ့ ညီမသူငယ် ချင်းတို့နှစ်ယောက် လှည်းတန်းဦးထွန်းလင်းခြံနားက Taxi ဂိတ်မှာ ပုံပါအတိုင်း Taxi DD – 9569 ကားသမားကို ငှားစီးခဲ့ပါတယ်။

ညီမတို့ Junction Square အရှေ့မှာဆင်းပါတယ်။ ဆင်းခါနီးဖုန်းဆက်ပြီး အထုပ်တွေကများတော့ ဖုန်းကိုသတိမထားမိပဲ ဘေးမှာချထားခဲ့မိတယ်။နောက်တေ့ာ Center ထဲဝင်တော့မှ ဖုန်းရှာမတွေ့တာနဲ့ Taxi ပေါ်ကျန်ခဲ့တယ် ထင်လို့ ဆက်တိုက် ဆက်တာ ဝင်ပေမယ့် ဖုန်းမကိုင်ပါဘူး..။

အဲ့ဒါနဲ့ ညီမတို့လည်း လှည်းတန်းနားကသူ့ဂိတ်ကိုလိုက်သွားပြီး.. ဂိတ်ကသူနဲ့သိတဲ့ကားသမားကို ဖုန်းပါသွားတာ သေချာ/မသေချာ ph ဆက်ပြီးလှမ်းမေးခိုင်းတေ့ာ ကားထဲမှာလည်း စစ်ပြီးပြီ မတွေ့ဘူးလို့ ပြောပါတယ်။

အဲ့လိုနဲ့ ညီမတို့ Map ကနေ Location လှမ်းထောက်တော့ တာမွေဘက်မှာတွေ့လို့ တာမွေအထိလိုက်သွားခဲ့ပေမယ့် သူက sim card ထုတ်လိုက်လို့လားမသိ Location က တာမွေမှာတင်ရပ်သွားပါတယ်။ အဲ့လိုနဲ့ ညီမတို့လည်းပြန်လှည့်ခဲ့ပါတယ်။ည ၈ နာရီကျော်လောက်ရောက်တော့ ညီမတို့ဆီ တက္ကစီသမားဆက်သွယ်လာပါတယ်။

သူ့ကားသိမ်းတော့မှ ဖုန်းကိုတွေ့တယ်လို့ပြောပါတယ်။ ဒီညသူမှော်ဘီရောက်နေလို့ မနက်ဖြန်မှ ဖုန်း လာပေးမယ်လို့ပြောပါတယ်။သေချာတာတစ်ခုကတော့ သူလိမ်ပြောနေတာပါပဲ ကားသိမ်းတော့မှတွေ့တယ်ဆိုရင် သူ့ကားထဲမှာတစ်ချိန်လုံးရှိနေတဲ့ ဖုန်းက သူ့အလိုလို စက်ပိတ်သွားစရာအကြောင်းမရှိပါဘူး။

ဖုန်းကလည်း Silent မလုပ်ထားသလို အားအပြည့်ရှိပါတယ်။ ဖုန်း က iPhone ဖြစ်တဲ့အတွက်ကြောင့် password မသိရင် ဘာမှလုပ်လို့မရပါဘူး။အစကလူကောင်းပုံစံနဲ့ပြန်ပေးမလိုလိုပြောပြီး ..နောက်မနက်ရောက်တော့ ဒုတိယပုံကအတိုင်း ညီမတို့ဆီငွေ ၅သိန်း တောင်းပါတယ်။ ညီမတို့လည်းအဲ့လောက်မရှိတော့ သူနဲ့စျေးညှိလိုက်တာ ၃သိန်း လို့ သူတောင်းပါတယ်။

ညီမတို့မှာ ၂ သိန်းပဲ ရှိတေ့ာ ၂ သိန်းနဲ့ညှိခဲ့ပေမယ့် မရခဲ့ပါဘူး။ နောက်တေ့ာ သူချိန်းတဲ့နေရာကို ညီမတို့ သွားခဲ့ပါတယ်။ သူ့ကားထဲဝင်ခိုင်းပြီး ငွေကို သူ့ Wave ထဲလွှဲခိုင်းပါတယ်။ ငွေလွှဲပြီးတော့ ဖုန်းပြန်ရခဲ့ပါတယ်။တကယ်ဆိုသူများပစ္စည်းကို ပြန်မပေးပဲ ငွေညှစ်တော င်းတာမလုပ်သင့်ပါဘူး။ လူတိုင်းမှာ ကိုယ့်အခက်ခဲနဲ့ကိုယ်ရှိတာ မှန်ပေမယ့်လည်း ဒါမျိုးကတော့ မလုပ်သင့်ပါဘူး။

လှည်းတန်း ဦးထွန်းလင်းခြံနားက သူ့ Taxi ဂိတ်ကလူတွေက​တော့ “ဂိတ်ကကားထဲမှာပစ္စည်းတစ်ခုခုကျန်ခဲ့ရင် ကျွန်တော်တို့ဂိတ်ကပြန်ရပါတယ် ပြန်ပေးပါတယ်” လို့ပြောခဲ့ပေမယ့် ညီမတို့ကိုတော့ ငွေတောင်ညှစ်တောင်းခဲ့ပါတယ် 🙂”

အထက်ပါ အဖြစ်အပျက်ကို ကာယကံရှင်ကိုယ်တိုင် ပုံနဲ့တကွ Facebook ပေါ်တင်လိုက်ရာမှာတော့ ၅ သိန်းနဲ့ပြန်ရွေးခိုင်းတဲ့ တက္ကစီသမားကို ဝေဖန်အပြစ်တင်နေကြလျက် ရှိပါတယ်။ယခုလက်ရှိ Taxi ဆွဲနေတဲ့ ကားသမားတစ်ဦးကလည်း

“အဲ့လိုကောင်တွေရှိနေလို့ ကျွန်တော်တို့ Taxi သမားတွေက တစ်ဦးတစ်ယောက် မကောင်းရုံနဲ့ Taxi သမားတွေ Taxi သမားတွေလို့ ပြောခံရတယ်။ ကျွန်တော်တို့အနေနဲ့ဆို ကိုယ့်ကို ထမင်းကြွေးနေတဲ့ ကိုယ်ရဲ့ခရီးသည်ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္”

ခရီးသည္ဖုန္းေမ့က်န္ခဲ့တာကို ေငြညွစ္ၿပီးျပန္ေ႐ြးခိုင္းခဲ့တဲ့ Taxi DD – 9569

ယခုတစ္ခါေဖာ္ျပေပးမွာကေတာ့ Taxi ေပၚမွာ ဖုန္းေမ့က်န္ခဲ့ရာ ေငြညွစ္ အေတာင္းခံခဲ့ရတဲ့ ေကာင္မေလးတစ္ေယာက္ရဲ႕ အျဖစ္အပ်က္ပါ။”ညီမနဲ႕ ညီမသူငယ္ ခ်င္းတို႔ႏွစ္ေယာက္ လွည္းတန္းဦးထြန္းလင္းၿခံနားက Taxi ဂိတ္မွာ ပုံပါအတိုင္း Taxi DD – 9569 ကားသမားကို ငွားစီးခဲ့ပါတယ္။

ညီမတို႔ Junction Square အေရွ႕မွာဆင္းပါတယ္။ ဆင္းခါနီးဖုန္းဆက္ၿပီး အထုပ္ေတြကမ်ားေတာ့ ဖုန္းကိုသတိမထားမိပဲ ေဘးမွာခ်ထားခဲ့မိတယ္။ေနာက္ေတ့ာ Center ထဲဝင္ေတာ့မွ ဖုန္းရွာမေတြ႕တာနဲ႕ Taxi ေပၚက်န္ခဲ့တယ္ ထင္လို႔ ဆက္တိုက္ ဆက္တာ ဝင္ေပမယ့္ ဖုန္းမကိုင္ပါဘူး။

အဲ့ဒါနဲ႕ ညီမတို႔လည္း လွည္းတန္းနားကသူ႕ဂိတ္ကိုလိုက္သြားၿပီး ဂိတ္ကသူနဲ႕သိတဲ့ကားသမားကို ဖုန္းပါသြားတာ ေသခ်ာ/မေသခ်ာ ph ဆက္ၿပီးလွမ္းေမးခိုင္းေတ့ာ ကားထဲမွာလည္း စစ္ၿပီးၿပီ မေတြ႕ဘူးလို႔ ေျပာပါတယ္။

အဲ့လိုနဲ႕ ညီမတို႔ Map ကေန Location လွမ္းေထာက္ေတာ့ တာေမြဘက္မွာေတြ႕လို႔ တာေမြအထိလိုက္သြားခဲ့ေပမယ့္ သူက sim card ထုတ္လိုက္လို႔လားမသိ Location က တာေမြမွာတင္ရပ္သြားပါတယ္။ အဲ့လိုနဲ႕ ညီမတို႔လည္းျပန္လွည့္ခဲ့ပါတယ္။ည ၈ နာရီေက်ာ္ေလာက္ေရာက္ေတာ့ ညီမတို႔ဆီ တကၠစီသမားဆက္သြယ္လာပါတယ္။

သူ႕ကားသိမ္းေတာ့မွ ဖုန္းကိုေတြ႕တယ္လို႔ေျပာပါတယ္။ ဒီညသူေမွာ္ဘီေရာက္ေနလို႔ မနက္ျဖန္မွ ဖုန္း လာေပးမယ္လို႔ေျပာပါတယ္။ေသခ်ာတာတစ္ခုကေတာ့ သူလိမ္ေျပာေနတာပါပဲ ကားသိမ္းေတာ့မွေတြ႕တယ္ဆိုရင္ သူ႕ကားထဲမွာတစ္ခ်ိန္လုံးရွိေနတဲ့ ဖုန္းက သူ႕အလိုလို စက္ပိတ္သြားစရာအေၾကာင္းမရွိပါဘူး။

ဖုန္းကလည္း Silent မလုပ္ထားသလို အားအျပည့္ရွိပါတယ္။ ဖုန္း က iPhone ျဖစ္တဲ့အတြက္ေၾကာင့္ password မသိရင္ ဘာမွလုပ္လို႔မရပါဘူး။အစကလူေကာင္းပုံစံနဲ႕ျပန္ေပးမလိုလိုေျပာၿပီး ေနာက္မနက္ေရာက္ေတာ့ ဒုတိယပုံကအတိုင္း ညီမတို႔ဆီေငြ ၅သိန္း ေတာင္းပါတယ္။ ညီမတို႔လည္းအဲ့ေလာက္မရွိေတာ့ သူနဲ႕ေစ်းညွိလိုက္တာ ၃သိန္း လို႔ သူေတာင္းပါတယ္။

ညီမတို႔မွာ ၂ သိန္းပဲ ရွိေတ့ာ ၂ သိန္းနဲ႕ညွိခဲ့ေပမယ့္ မရခဲ့ပါဘူး။ ေနာက္ေတ့ာ သူခ်ိန္းတဲ့ေနရာကို ညီမတို႔ သြားခဲ့ပါတယ္။ သူ႕ကားထဲဝင္ခိုင္းၿပီး ေငြကို သူ႕ Wave ထဲလႊဲခိုင္းပါတယ္။ ေငြလႊဲၿပီးေတာ့ ဖုန္းျပန္ရခဲ့ပါတယ္။တကယ္ဆိုသူမ်ားပစၥည္းကို ျပန္မေပးပဲ ေငြညွစ္ေတာ င္းတာမလုပ္သင့္ပါဘူး။ လူတိုင္းမွာ ကိုယ့္အခက္ခဲနဲ႕ကိုယ္ရွိတာ မွန္ေပမယ့္လည္း ဒါမ်ိဳးကေတာ့ မလုပ္သင့္ပါဘူး။

လွည္းတန္း ဦးထြန္းလင္းၿခံနားက သူ႕ Taxi ဂိတ္ကလူေတြက​ေတာ့ “ဂိတ္ကကားထဲမွာပစၥည္းတစ္ခုခုက်န္ခဲ့ရင္ ကြၽန္ေတာ္တို႔ဂိတ္ကျပန္ရပါတယ္ ျပန္ေပးပါတယ္” လို႔ေျပာခဲ့ေပမယ့္ ညီမတို႔ကိုေတာ့ ေငြေတာင္ညွစ္ေတာင္းခဲ့ပါတယ္ 🙂”

အထက္ပါ အျဖစ္အပ်က္ကို ကာယကံရွင္ကိုယ္တိုင္ ပုံနဲ႕တကြ Facebook ေပၚတင္လိုက္ရာမွာေတာ့ ၅ သိန္းနဲ႕ျပန္ေ႐ြးခိုင္းတဲ့ တကၠစီသမားကို ေဝဖန္အျပစ္တင္ေနၾကလ်က္ ရွိပါတယ္။ယခုလက္ရွိ Taxi ဆြဲေနတဲ့ ကားသမားတစ္ဦးကလည္း

“အဲ့လိုေကာင္ေတြရွိေနလို႔ ကြၽန္ေတာ္တို႔ Taxi သမားေတြက တစ္ဦးတစ္ေယာက္ မေကာင္း႐ုံနဲ႕ Taxi သမားေတြ Taxi သမားေတြလို႔ ေျပာခံရတယ္။ ကြၽန္ေတာ္တို႔အေနနဲ႕ဆို ကိုယ့္ကို ထမင္းေႂကြးေနတဲ့ ကိုယ္ရဲ႕ခရီးသည္ကို အေကာင္းဆုံး ဝန္ေဆာင္မႈ ေပးတယ္” လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။Crd