အေထြအေထြဗဟုသုတ

သင်ကအရင်ဘဝဟောင်းသိုက်ကလာတယ်လို့သိရှိနိုင်မည့်အချက်များ..

မိမိကိုယ်ကိုသိုက်ကလာတယ်လို့သံသယရှိနေသူများအတွက်သိုက်ဆက်များအကြောင်းသိုက်ဆက်မှန်ရင်အမဲသားမစားပါနဲ့အကုသိုလ်ဖြင့်အသက်မွေးခြင်းရှောင်ပါဘာသာရေးအလေးထားလုပ်မချမ်းသာတဲ့သူမရှိပါဘူးဗျာမွေးရာပါ

အစောင့်ကောင်းတွေပါလာတတ်သည် အသန့်အရှင်းအလှအပကြိုက်တတ်သည်မာန်ရှိပြီးမာနမရှိသူမျာအိမ်မက်ထဲသို့အပြင်မှာအစောင့်အရှောက်တွေကိုသိနိုင်မြင်နိုင်သည်ဆိုင်းသံဗုံသံကြားကဝမ်းနည်းပျော်ရွှင်သလိုလိုဖြစ်တတ်ပါသည်

အတိတ်ဘဝမှာလင်ယောင်္ကျားသို့ဇနီးသားသမီးကျန်ခဲ့ရင်အိမ်ထောင်ပြုဖို့ခဲယဉ်းတတ်ပါတယ်အိမ်ထောင်ပြုသော်လည်းသားသမီးမထွန်းကားတတ်သလိုအိမ်ထောင်ရေးအဆင်မပြေကြပါလူချစ်လူခင်ပေါများတတ်သည်

အစွဲအလမ်းကြီးတတ်သည်ဘာသာရေးအလှူဒါနကောင်းမူကုသိုလ်လည်းဝန်မလေးတတ်ပေသနားကြင်နာတတ်သလိုမုန်းပြီဆိုကလှည့်မကြည့်တတ်ပေခေါင်းတခြမ်းအမြဲကိုက်တတ်သည်တစုံတခုဖြစ်ပျက်မည်ကိုကြိုသိနေတတ်ပြီးပြောလိုက်ရင်မှန်နေတတ်သည်

အတိတ်ဘဝမှာလင်ယောင်္ကျားမိန်းမကျန်ခဲ့သူများက အိမ်မက်ထဲလာရောက်ပေါင်းသင်းတတ်ပြီး..အတွေ့အထိခံစားမူမှာ အပြင်လက်တွေ့ထက်ပိုသာယာတတ်ကြသည်အိမ်မက်ထဲလူရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရဘဲဝိုးတဝါးသာမြင်ရတတ်သည်

အချို့သောသူတို့မှာတခါတရံဝင်ပူးကပ်စီးပြီးသူတို့ဖြစ်ချင်တာတွေကိုပြောပြတတ်ကြပါသည်အမဲသားစားခြင်းအကုသိုလ်ဖြင့်အသက်မွေးကြလျှင်ဒုက္ခမျိုးစုံတွေစီးပွားအိမ်ထောင်ပျက်စီးတာများသည်မျက်နှာပြင်ကသူများထက်ထူးခြာတတ်ပြီးရုပ်ပြောင်းတတ်တယ်

တခါတရံငေးငိုင်နေပြီးတစ်နေရာရာတခုခုလွမ်းမောနေသလို အထက်ပါသိုက်ဆက်နီးသူများမှာ အကုသိုလ်ကင်းပြီး ဘာသာတရားအလေးထားယုံကြည်စွာ လုပ်ကြလျှင်ထူးထူးချမ်းသာသူများဖြစ်ကြပါလိမ့်မယ်ဘုရားရှိရင်နဂါးရှိတယ်သိုက်ဆက်မှန်သမျှဘာသာရေးသာများများလုပ်ပေးပါ

မိမိကိုယ်မိမိသိုက်ဆက်လို့ထင်နေမြင်နေပြီလို့ စိတ်ကယူဆနေရင်ရည်မှန်းပီး မေတ္တာပို့အမျှဝေပဌာန်းဆက်နီးလာရင် သူတို့ကိုယ်တိုင် အသိပေးလာလိမ့်မယ်အဲ့ဒီအခါကျမှဆရာကောင်းသေချာရွေးချယ်ပြီးမေးမြန်းစေလိုပါသည်ပဌာန်းဆက်မှန်သမျှ

မိမိသိုက်ဆက်ကိုယ်တိုင်တွေ့ရှိကြပြီးပျော်ပျော်ပါးပါးသာသနာပြုနိုင်ကြကာနောင်ပွင့်မည့်အရိမေတ္တယျမြတ်စွာဘုရားကြီးအားဦးစွာဖူးမျှော်ကြပီးကျွတ်တမ်းဝင်နိုင်ကြပါစေမိမိတို့ဝေနေကြ၃၁ဘုံလဲအမျှပေးဝေပါသံသရာအမျိုးတွေအတွက်

အောက်ပါအတိုင်းသီးသန့်ဝေပေးပါကထူးခြားလာလိမ့်မည် သီးသန့်အမျှပေးခိုင်းခြင်းဟာ အများစု၃၁ဘုံလိုဝေလိုက်တော့အများကတိုးဝှေ့လုယက်ပြီးအမျှကိုယူရတယ်တိုးနိုင်လုနိုင်သူသာရပြီးမိမိအမျိုးတွေထဲမလုမတိုးနိုင်သူတွေမရပါဘူး

ဒါကြောင့်မိမိသံသရာကဆွေတော်မျိုးတော်များအတွက်သီးသန့်ပေးဝေလိုက်တော့အခြားသူများကဝင်လုမရတော့ဘူးမိမိပေးသောအမျှရကြသောအခါသူတို့မှာလဲကံမ္မသိဒ္ဓီဘုန်းတန်ခိုးတွေရသွားပြီးမိမိကိုအရင်ထက်ပိုစောင့်ရှောက်သွားနိုင်သလို

ကျွတ်လွတ်သွားနိုင်ပါသောကြောင့်သီးသန့်အမျှဝေခိုင်းခြင်းဖြစ်ပါသည် သံသရာအစမှယခုဘဝထိအောင်တော်စပ်ခဲ့ကြပြီးမကျွတ်လွတ်သေးသောဆွေတော်မျိုးတော်များသိုက်နန်းရှင်အပေါင်းနှင့်လက်ရှိဘဝတွင်စောင့်ရှောက်နေကြကုန်သော

နာမ်လောကမှပုဂ္ဂိုလ်အပေါင်းတို့အားမိမိသံသရာအစမှယခုဘဝယခုချိန်အထိ ပြုခဲ့သောဒါနကုသိုလ်သီလကုသိုလ်ဘာနာကုသိုလ်တို့အား..အမျှပေးဝေသင့်ပါသည်သိုက်ဆက်မှန်ရင်အမဲသားမစားပါနဲ့အကုသိုလ်ဖြင့်အသက်မွေးခြင်းရှောင်ပါ ဘာသာရေးအလေးထားလုပ်မချမ်းသာတဲ့သူမရှိပါဘူးဗျာ..။