ပုံသဏၭာန္
အပင္ တစ္ႏွစ္ခံႏြယ္ပင္မ်ိဳးျဖစ္၍ ေသးသြယ္ေသာ အကိုင္းအခက္မ်ားတြင္ အေမြးမ်ား ရွိသည္။ အပင္ႀကီးရင့္လာေသာအခါ ေျပာင္ေခ်ာ၏ အရြက္ ရြက္လႊဲထြက္သည္။ သုံးရြက္ႁမႊာေပါင္းျဖစ္၍ ေအာက္ႏွစ္ရြက္သည္ လိပ္ျပာေတာင္ပုံသဏၭာန္ရွိၿပီး ရြက္ရင္း ရြဲ႕ေစာင္းေနသည္။
ထိပ္ရြက္ႁမႊာသည္ ေဘးရြက္ႁမႊာ ႏွစ္ခုထက္ေသးငယ္ၿပီး ရြက္ထိပ္ရြက္ရက္းသြယ္၍ အလယ္ပိုင္း က်ယ္သည္။ အရြက္ထက္ေအာက္ မ်က္ႏွာျပင္ႏွင့္ရြက္ညႇာတြင္ အေမြးမ်ားရွိသည္။ ရြက္ႁမႊာမ်ား၏ ရြက္ညႇာရင္းတြင္ ရြက္စြယ္၂ ခုရွိ၏။
အပြင့္ ပဲပုစြန္ပြင့္ႏွင့္တူ၏ ။ ပြင့္ညႇာတို၍ ပန္းခိုင္ေအာက္ဘက္သို႔ ငိုက္က်ေနသည္။ အပြင့္ ခရမ္းေရာင္ျဖစ္သည္။ ပြင့္ခ်ပ္ အညိဳေရာင္ေပၚတြင္ အနက္စက္ကေလးမ်ား ရွိ၍ မီးခိုးေရာင္ အေမြးကေလးမ်ား ရွိ၏။
အသီး ညိဳဝါေရာင္ရွိ၏ ။ အသီးေတာင့္မွာ ၂ လက္မ ၃ လက္မ ရွည္၍ ထိပ္ဘက္တြင္ ေကာက္ေန၏ အေစ့အိမ္ေဘးတြင္ ယားယံေစေသာ အေမြးမ်ား ရွိသည္။ အေစ့ ၅-၆ေစ့ ခန႔္ပါသည္။ တပို႔တြဲလ တေပါင္းလတြင္သီးသည္။ အေစ့ ဘဲဥပုံျဖစ္သည္။ ျပားခ်ပ္ေနသည္။ အညိဳေရာင္တြင္ အနက္စက္မ်ား ပါရွိ၏ ။
အသုံးျပဳနိုင္သည့္ အစိတ္အပိုင္းမ်ား အျမစ္ ၊ အေစ့ ၊ အသီး ၊ အရြက္
ျမန္မာနိုင္ငံတြင္ ေတြ႕နိုင္ေသာေနရာမ်ားမွာျမန္မာနိုင္ငံ အႏွံ့အျပားတြင္ ေပါက္ေရာက္သည္။ ေပါက္ေရာက္ပုံ။ ။ သဘာ၀အေလ်ာက္ ေပါက္ေရာက္သည္။
အသုံးဝင္ပုံ/ အာနိသင္။ ။ ျမန္မာေဆးက်မ္း မ်ား အလိုအရ ေခြးေလွးယားသည္ ခ်ိဳခါးေသာ အရသာ ရွိ၏ ။ ေအးေသာဂုဏ္သတၱိရွိ၏ ။ ေလ ၊ သည္းေျခကို နိုင္၏ ။ အေစ့သည္ သုက္ကိုပြားေစ၏ ။ အားကို ျဖစ္ေစ၏ ၊ ၀ၿဖိဳးေစ၏ ၊ သန္ပိုးမ်ားကို နိုင္၏
အာ႐ုံေၾကာမ်ားကို အားရွိေစ၏ ၊ အျမစ္သည္ အေၾကာမ်ားကို အားရွိေစ၏။ ဆီးရႊင္ေစ၏။ အေစ့အိမ္၌ ကပ္ေနေသာ အေမႊးမ်ားသည္ သန္ပိုးမ်ားကို က်ေစ၍ ေသြးေလတို႔ကို ႂကြေစနိုင္သျဖင့္ ထုံက်င္ေနေသာေနရာတို႔၌ လိမ္းေပးရ၏
အသုံးျပဳပုံ- အျမစ္
၁ ။ ေခြးေလွးယားျမစ္မႈန႔္ အနည္းငယ္ကို ေရႏွင့္ေရာေသာက္ေသာ္ ေသြးဝမ္းက်ေရာဂါ ေပ်ာက္၏။
၂ ။ ေခြးေလွယားျမစ္ကို သုံးခြက္တစ္ခြက္တင္ျပဳတ္၍ ပ်ားရည္ႏွင့္ ေရာေသာက္ ေသာ္ ကာလဝမ္းေရာဂါ ေပ်ာက္၏ ။
၃ ။ ေခြးေလွယားျမစ္ကို ႀကိတ္၍ ေရဖ်ဥ္းရွိေသာဗိုက္တြင္ လိမ္းေပးျခင္း ၊ အတုံးငယ္ကေလးမ်ားျပဳ၍ ေျခဆစ္လက္ဆစ္တို႔၌ ခ်ည္ေႏွာင္ေပးျခင္းျဖင့္ ေရဖ်ဥ္းေရာဂါေပ်ာက္ေစ၏။
၄ ။ ေခြးေလွယားျမစ္ ႀကိတ္ရည္ကို ေန႔စဥ္ေသာက္သုံးေသာ္ ေလေရာဂါ လက္ေမာင္းသိမ္ေရာဂါ ေပ်ာက္ေစ၏ ။
၅ ။ ေခြးေလွယားျမစ္မႈန႔္ကို ဆီႏွင့္ ခ်င္ၿပီး အဆီကို စစ္ယူ၍ လိမ္းေပးေသာ္ ဆင္ေျခေထာက္ေရာဂါ ေပ်ာက္၏
အေစ့
၁ ။ ေခြးေလွယားေစ့မႈန႔္ကို ေရႏွင့္ ေရာေသာက္ေသာ္ ဆီးခ်ဳပ္ေရာဂါ ေပ်ာက္၏ ။
၂ ။ ေခြးေလွယားေစ့အႏုကို ဟင္းအျဖစ္ ေၾကာ္ခ်က္စားေသာ္ ေသြးအန္ ေသြးလၽွံေရာဂါ ေပ်ာက္၏ ။
၃ ။ ေခြးေလွယားေစ့ကို ေထာပတ္ႏွင့္ ေၾကာ္ခ်က္စားေသာ္ လူကို ၀ေစ၍ အားကို တိုးေစသည္။
၄ ။ ေခြးေလွယားေစ့ကို ႀကိတ္၍ ကင္းကိုက္ရာ၌ အုံေပးေသာ္ ကင္းဆိပ္ေပ်ာက္၏ ။
၅ ။ ေခြးေလွယားေစ့သည္ အားတိုးေဆး၊ ကာလသားေရာဂါေပ်ာက္ေဆး ၊ ေလငန္းေရာဂါေပ်ာက္ေဆးအျဖစ္လည္း သုံး၏ ။
၆ ။ ေခြးေလွယားေစ့ကို အမႈန႔္ျပဳ၍ ႏြားနို႔ေသာက္လၽွင္ သုက္အားကို အထူးပြားေစ၏ ။ အမ်ိဳးသမီးမ်ား နို႔ထြက္ေစ၏ ။
၇ ။ ေခြးေလွယားေစ့ႏွင့္ ေခြးေလွယားျမစ္ကို ဆတူအမႈန႔္ျပဳ၍ ယင္းအမႈန႔္ႏွင့္ သၾကားဆတူေရာၿပီး ႏြားနို႔ႏွင့္ ေန႔စဥ္ေသာက္ပါက က်န္းမာ၀ၿဖိဳးၿပီး သုက္အားကို အလြန္အမင္း ေကာင္းေစပါသည္။
အသီး
၁ ။ အသီးေတာင့္ကို သန္က်ေဆးအျဖစ္ သုံး၏ ။
အရြက္
၁ ။ ေခြးေလွယားရြက္ကို ျပဳတ္တို႔လၽွင္ အမ်ိဳးသမီး သားသည္ မိခင္မ်ား နို႔ထြက္မ်ားေစ၏ ။ ေသြးအန္ ၊ ေသြးက်ေရာဂါ ကို ကာကြယ္နိုင္၏ ။ ေယာက်ာ္းမ်ား ဒူလာပါဒရက္ေရာဂါေပ်ာက္ေစ၏။
Credit – မူရင္းေရးသူ
unicode..
ပုံသဏ္ဌာန်
အပင် တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်၍ သေးသွယ်သော အကိုင်းအခက်များတွင် အမွေးများ ရှိသည်။ အပင်ကြီးရင့်လာသောအခါ ပြောင်ချော၏ အရွက် ရွက်လွှဲထွက်သည်။ သုံးရွက်မြွှာပေါင်းဖြစ်၍ အောက်နှစ်ရွက်သည် လိပ်ပြာတောင်ပုံသဏ္ဌာန်ရှိပြီး ရွက်ရင်း ရွဲ့စောင်းနေသည်။
ထိပ်ရွက်မြွှာသည် ဘေးရွက်မြွှာ နှစ်ခုထက်သေးငယ်ပြီး ရွက်ထိပ်ရွက်ရက်းသွယ်၍ အလယ်ပိုင်း ကျယ်သည်။ အရွက်ထက်အောက် မျက်နှာပြင်နှင့်ရွက်ညှာတွင် အမွေးများရှိသည်။ ရွက်မြွှာများ၏ ရွက်ညှာရင်းတွင် ရွက်စွယ်၂ ခုရှိ၏။
အပွင့် ပဲပုစွန်ပွင့်နှင့်တူ၏ ။ ပွင့်ညှာတို၍ ပန်းခိုင်အောက်ဘက်သို့ ငိုက်ကျနေသည်။ အပွင့် ခရမ်းရောင်ဖြစ်သည်။ ပွင့်ချပ် အညိုရောင်ပေါ်တွင် အနက်စက်ကလေးများ ရှိ၍ မီးခိုးရောင် အမွေးကလေးများ ရှိ၏။
အသီး ညိုဝါရောင်ရှိ၏ ။ အသီးတောင့်မှာ ၂ လက်မ ၃ လက်မ ရှည်၍ ထိပ်ဘက်တွင် ကောက်နေ၏ အစေ့အိမ်ဘေးတွင် ယားယံစေသော အမွေးများ ရှိသည်။ အစေ့ ၅-၆စေ့ ခန့်ပါသည်။ တပို့တွဲလ တပေါင်းလတွင်သီးသည်။ အစေ့ ဘဲဥပုံဖြစ်သည်။ ပြားချပ်နေသည်။ အညိုရောင်တွင် အနက်စက်များ ပါရှိ၏ ။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ အမြစ် ၊ အစေ့ ၊ အသီး ၊ အရွက်
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများမှာမြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ/ အာနိသင်။ ။ မြန်မာဆေးကျမ်း များ အလိုအရ ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏ ။ အေးသောဂုဏ်သတ္တိရှိ၏ ။ လေ ၊ သည်းခြေကို နိုင်၏ ။ အစေ့သည် သုက်ကိုပွားစေ၏ ။ အားကို ဖြစ်စေ၏ ၊ ဝဖြိုးစေ၏ ၊ သန်ပိုးများကို နိုင်၏
အာရုံကြောများကို အားရှိစေ၏ ၊ အမြစ်သည် အကြောများကို အားရှိစေ၏။ ဆီးရွှင်စေ၏။ အစေ့အိမ်၌ ကပ်နေသော အမွှေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင်သဖြင့် ထုံကျင်နေသောနေရာတို့၌ လိမ်းပေးရ၏
အသုံးပြုပုံ- အမြစ်
၁ ။ ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနှင့်ရောသောက်သော် သွေးဝမ်းကျရောဂါ ပျောက်၏။
၂ ။ ခွေးလှေယားမြစ်ကို သုံးခွက်တစ်ခွက်တင်ပြုတ်၍ ပျားရည်နှင့် ရောသောက် သော် ကာလဝမ်းရောဂါ ပျောက်၏ ။
၃ ။ ခွေးလှေယားမြစ်ကို ကြိတ်၍ ရေဖျဉ်းရှိသောဗိုက်တွင် လိမ်းပေးခြင်း ၊ အတုံးငယ်ကလေးများပြု၍ ခြေဆစ်လက်ဆစ်တို့၌ ချည်နှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါပျောက်စေ၏။
၄ ။ ခွေးလှေယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးသော် လေရောဂါ လက်မောင်းသိမ်ရောဂါ ပျောက်စေ၏ ။
၅ ။ ခွေးလှေယားမြစ်မှုန့်ကို ဆီနှင့် ချင်ပြီး အဆီကို စစ်ယူ၍ လိမ်းပေးသော် ဆင်ခြေထောက်ရောဂါ ပျောက်၏
အစေ့
၁ ။ ခွေးလှေယားစေ့မှုန့်ကို ရေနှင့် ရောသောက်သော် ဆီးချုပ်ရောဂါ ပျောက်၏ ။
၂ ။ ခွေးလှေယားစေ့အနုကို ဟင်းအဖြစ် ကြော်ချက်စားသော် သွေးအန် သွေးလျှံရောဂါ ပျောက်၏ ။
၃ ။ ခွေးလှေယားစေ့ကို ထောပတ်နှင့် ကြော်ချက်စားသော် လူကို ဝစေ၍ အားကို တိုးစေသည်။
၄ ။ ခွေးလှေယားစေ့ကို ကြိတ်၍ ကင်းကိုက်ရာ၌ အုံပေးသော် ကင်းဆိပ်ပျောက်၏ ။
၅ ။ ခွေးလှေယားစေ့သည် အားတိုးဆေး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါပျောက်ဆေးအဖြစ်လည်း သုံး၏ ။
၆ ။ ခွေးလှေယားစေ့ကို အမှုန့်ပြု၍ နွားနို့သောက်လျှင် သုက်အားကို အထူးပွားစေ၏ ။ အမျိုးသမီးများ နို့ထွက်စေ၏ ။
၇ ။ ခွေးလှေယားစေ့နှင့် ခွေးလှေယားမြစ်ကို ဆတူအမှုန့်ပြု၍ ယင်းအမှုန့်နှင့် သကြားဆတူရောပြီး နွားနို့နှင့် နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါသည်။
အသီး
၁ ။ အသီးတောင့်ကို သန်ကျဆေးအဖြစ် သုံး၏ ။
အရွက်
၁ ။ ခွေးလှေယားရွက်ကို ပြုတ်တို့လျှင် အမျိုးသမီး သားသည် မိခင်များ နို့ထွက်များစေ၏ ။ သွေးအန် ၊ သွေးကျရောဂါ ကို ကာကွယ်နိုင်၏ ။ ယောကျာ်းများ ဒူလာပါဒရက်ရောဂါပျောက်စေ၏။
Credit – မူရင်းရေးသူ