မြန်မာတွေ ခံတွင်းတွေ့တဲ့ ချဉ်ပေါင်ရွက်နှင့် ရွှေချဉ်ပေါင်၏ ကျန်းမာရေးလျို့ဝှက်ချက်များ
ချဉ်ပေါင်ရွက်ဟာ ၁၂ရာသီလုံး တွေ့ရတဲ့ အရွက်တစ်မျိုး ဖြစ်ပြီး ခံတွင်းကို မြိန်စေပါတယ်။ မြန်မာတို့ ကြိုက်နှစ်သက်တဲ့ အရွက်တစ်မျိုးဖြစ်တာကြောင့် မျက်နှာပွင့်တဲ့ အရွက်ဆိုလည်း မမှားပါဘူး။ ချဉ်ပေါင်ရွက်ဟာ စျေးချိုတဲ့အပြင် မျိုးစုံ လုပ်ပြီး စားသုံးနိုင်ပါတယ်။ ချဉ်ပေါင်ဟင်း၊ ချဉ်ပေါင်ကြော်၊ ချဉ်ပေါင်ဟင်းချို၊ ချဉ်ပေါင်ပေါင်း တို့အပြင် အသားနဲ့လည်း တွဲပြီး ချက်ပြုတ် စားကြပါတယ်။
ချဉ်ပေါင်ပင်ဟာလည်း တစ်ပင်လုံး အသုံးချလို့ ရတဲ့ အပင်မျိုး ဖြစ်ပါတယ်။ ချဉ်ပေါင်မှာ အမျိုးအစားတွေ ရှိပါသေးတယ်။ ကုလားချဉ်ပေါင်၊ ကုလားချဉ်ပေါင်ငယ်၊ တောချဉ်ပေါင်၊ ချဉ်ပေါင်ကြီး (သို့) ချဉ်ပေါင်ခါး၊ ရွှေဘိုချဉ်ပေါင်၊ ဓာတ်ချဉ်ပေါင်၊ ကိုင်းချဉ်ပေါင်၊ ချဉ်ပေါက်လက်ကြား၊ ချဉ်ပေါင်ဖြူ ဆိုပြီး အခေါ်အဝေါ် အမျိုးမျိုး ခေါ်တွင်ကြပါတယ်။ ချဉ်ပေါငမျိုးမှာ အနီနဲ့ အဖြူဆိုပြီး ရှိပါသေးတယ်။
ချဉ်ပေါင်ရွက်ဟာ ချဉ်သော အရသာ ရှိပြီး ပူသော ဂုဏ်သတ္တိ ရှိပါတယ်။ အစာကြေဖို့ ခဲယဉ်းပေမယ့် ဝမ်းမီးကို တောက်စေပါတယ်။ အူသိမ်၊ အူမတို့ကို အကျိုးပြုပါတယ်။ ဆီးရွှင်ပြီး အဆိပ်အတောက်ကိုလည်း ပြေစေပါတယ်။ သွေး၊လေ၊ သလိပ်တို့ကို ကြေစေနိုင်တဲ့ အပြင် ဝမ်းကိုက်ရောဂါ၊
လိပ်ခေါင်းရောဂါ၊ လေနာ၊ သည်းခြေနာတို့ကို သက်သာစေနိုင်ပါတယ်။ ဗီတာမင်စီ ပေါများစွာ ပါဝင်တဲ့အတွက် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ သွားကျန်းမာရေးနဲ့ အဆုတ်ကိုလည်း ကူညီပေးနိုင်ပါတယ်။
ချဉ်ပေါင်ရွက်ကို သွေးတိုးသမားတွေ သတိထားပြီး စားသင့်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေလည်း ဆင်ခြင်ပြီးမှာ စားဖို့ အကြံပြုပါရစေ။ချဉ်ပေါင်ရွက်ကို ကန်စွန်းရွက်၊ မျှစ်၊ ပဲ၊ အာလူးတို့နဲ့ ရောပြီး ချက်စားကြပါတယ်။ မျှစ်နဲ့ ရောကြော်တဲ့ ချဉ်ပေါင်ရွက်ကြော်ဟာ ခံတွင်းကို မြိန်စေပါတယ်။
ဝက်သားချဉ်ပေါင် ဆိုတဲ့ ဟင်းလျာကလည်း ဝက်သားကြိုက်သူတွေ အတွက်တော့ အကောင်းဆုံး ဟင်းတစ်ခွက်ပါပဲ။ စျေးချိုပြီး ကောင်းကျိုးများတဲ့ ချဉ်ပေါင်ကို မကြာမကြာ စားပေးသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
ရွှေချဉ်ပေါင်၏ ကျန်းမာရေး လျို့ဝှက်ချက်များ
ချဉ်ပေါင်ရွက် ကို ချဉ်ပေါင်ကြော်၊ ဟင်းချို၊ ချဉ်ရည်ဟင်း စသည့် ထမင်းမြိန်ဟင်းလျာများ အဖြစ်စားလေ့ ရှိကြပါတယ််။ အသားထူတဲ့ အနီရောင် ချဉ်ပေါင်ဖူးတို့ကို ကြော်၍ သော်လည်းကောင်း၊ ချဉ်ရည်ဟင်း အဖြစ်ပါ ချက်စားနိုင်ပါတယ််။ တချို ့အရပ်ဒေသ များမှာ အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ကို နေပူပူတွင် အခြောက်လှန်းပြီး လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။
ချဉ်ပေါင်ဖူး နှင့် ချဉ်ပေါင်ပွင့်တို့ကိို ထန်းလျက် (သို ့မဟုတ်) သကြားဖြင့် ယိုထိုး၍ သော်လည်းကောင်း၊ အနောက်နိုင် ငံများတွင် Jam၊ သကြားရည် အနှစ်၊ ရှာလကာရည် စသည်ဖြင့် စားသုံ ြကြပါတယ််။ ချဉ်ပေါင်ဖူးယို က အနံ ့အရသာ ပိုစူးတာကြောင့့်၊ ၄င်းကို ဇီးယို ထက်ပို၍ လူကြိုက်များ ကြပါတယ်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ ဆား အနည်းငယ် တို ့ဖြင့် ရောကြိုပြီး ဆူလာပါက အအေးခံ ၍ ဖျော်ရည် အဖြစ် သောက်သုံး နိုင်ပါတယ်။
ချဉ်ပေါင် နှင့် မြန်မာ့ဆေးစွမ်း..
မြန်မာပြည်တွင် (က) ချဉ်ပေါင်ခါး(ခ) ချဉ်ပေါင်ဖြူ(ဂ) ချဉ်ပေါင်နီလက်ချား ဟူ၍ သုံးမျိုးရှိပါတယ်။
(က) ချဉ်၍ အနည်းငယ် ငံသော ချဉ်ပေါင်ခါးဟာ သုံးပေမှ ငါးပေ အထိမြင့်ပြီး၊ နူးညံ့သော ဆူး နှင့်အမွှေး များ ပါရှိပါတယ်။ အရွက်ပေါ်မှာ လေးခု၊ ငါးခုအကွဲ များရှိပြီး အစိပ်အပိုင်းတိုင်းမှာ ခွေးသွားစိပ်များ ပါ ရှိပါတယ်။ အပွင့်ကဝါ၍ အစေ့မည်းပါတယ်။
(ခ) အပူဓာတ် ရှိ၍ အချဉ်ပေ့ါသော ချဉ်ပေါင်ဖြူပင်က နှစ်ပေ မှ သုံးပေအထိမြင့်ပြီး အရွက်မှာ အစွန်း သုံးခု (သို ့မဟုတ်) ငါးခုစီ ပါရှိနေပါတယ်။ အပွင့်မှာ အဖြူရောင် ဖြစ်ပြီး တစ်ပင်လုံး ဖြူဖွေးသော အမွှေးနုများပါ ရှိပါတယ်။
(ဂ) ချဉ်၍ အပူဓာတ်ရှိသော ချဉ်ပေါင် နီလက်ချားပင်က တစ်မိုက်သာသာ ခန် ့မြင့်ပြီး၊ အရွက်မှာ ဥသဏ္ဍာန် ရှိ၍ အဖျားချွန်းကာ အရွက် ပါးလျ ပါတယ်။ အပွင့်ကဝိုင်း၍ ဖြူပါတယ်။ အသီး မှာ ဆီးသီးအလတ် စားအရွယ်ခန် ့ရှိကာ နုစဉ် အစိမ်းရောင်ဖြစ်ပြီး၊ မှည့်လျှှင်ဝါသွားတတ်ပါတယ်။
မြန်မာ့ဆေးကျမ်းများတွင်
(က) ချဉ်ပေါင်ခါး ကို အစာကြေဆေး၊ နှုတ်မြိန်ဆေး၊ သွေးဝမ်း/မြင်းသ ရိုက်နာ ပျောက်ဆေး၊ ဝဖြိုး ဆေး၊ ကာမ အားတိုးဆေး၊ နားကိုက်ပျောက်ဆေး၊ လည်ချောင်းနာပျောက်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဆစ်လွဲ နာကျင် ပျောက်ဆေး၊ ဝမ်းနှုတ်ဆေး၊ သည်းခြေရောဂါ နှင့် နှာစေးချောင်းဆိုးပျောက်ဆေးအဖြစ် ဆေးဝါးများဖော်စပ်ရာတွင် သုံးလေ့ရှိပါတယ််။
(ခ) ချဉ်ပေါင်ဖြူ ကို ဝမ်းပျက်ခြင်း အတွက် ဆေးဖော်လေ့ ရှိကြပါတယ်။
(ဂ) ချဉ်ပေါင်နီ လက်ချားကို ဆီးရွှင်ေ ဆး၊ ရေငတ် ပျောက်ဆေး..၊ နှုတ်မြိန်ခံတွင်း ကောင်းဆေး၊ သည်းခြေရောဂါ၊ မူးဝေခြင်း၊ လေနာရောဂါ၊ နူနာရောဂါ၊ အဆုတ်ရောဂါ၊ အသားအ ရေညိုခြင်း၊ သားသည်မိခင်များ နို ့ရည်လိုက်ဆေး အဖြစ် ဆေး ၀ါးဖော်စပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး။၉၆ ပါးသော ဝေဒနာများအတွက် အောက်ပါဆေးမြီး တိုများဖြင့်လည်း ကုသ ပျောက်ကင်းနိုင်ပါတယ်။
(၁) ချဉ်ပေါင်ခါး အပွင့် ၁၂ ပွင့်ကို သကြား ၂ပဲသားနှင့် ရောကြိတ်၍ ငရုတ်ကောင်း အနည်းငယ် ရောထည့် သောက်ပေးခြင်းဖြင့် အပူလွန်၍ အချဉ်ပြန်သော အစာမကျေခြင်း ရောဂါ ပျောက်ကင်းစေနိုင် ပါတယ်။
(၂) နာကျင်ကိုင်ခဲသော ဝေဒနာများအတွက် ချဉ်ပေါင် ခါးပင်အစေ့ကို အမှုန် ့ပြု၍ ထိုအမှုန် ့၂-ပဲသားကို နှမ်းဆီ လ္ဘက်စားဇွန်း ၂-ဇွန်း ရောစပ်လိမ်းပေးနိင်ပါတယ်။.
(၃) ချဉ် ပေါင်နီအရွက် နှင့် ချဉ်ပေါင်သီး တို ့ကို နေရိပ်မှာ အခြောက်လှမ်းပြီး၊ ရေနွေးဆူဆူမှာ သင့်ရုံထည့်၍ သကြားနှင့်ရောစပ် သောက် ပေးခြင်းဖြင့် ဆီးရောဂါ နှင့် ရေငတ် အာခြောက်ခြင်းကို သက်သာစေပါတယ်။
(၄) ချဉ်ပေါင်ခါး ပင် အစေ့ကို လှော်၍အမှုန် ့ပြုပါ။ ထိုအမှုန် ့ ၁ပဲသားကို ရေနွေးနှင့် နေ့စဉ် သောက်ပေး ပါက အစာမကြေ ဝမ်းပျက်ရောဂါကို ပျောက်ကင်းစေပါတယ်။
(၅) ဗိုက်နာပြီး အကျိ အချွဲများနှင့် ဝမ်းသွားပါက၊ ချဉ်ပေါင်ခါး (သို့မဟုတ်) ချဉ်ပေါင်ဖြူ (သို ့မဟုတ်) ချဉ်ပေါင်နီ လက်ချားတိုု့၏ အမြစ်သွေး ရည် ၁ဇွန်းကို တစ်နေ ့ ၂ ကြိမ်သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။
(၆) ချဉ်ပေါင်နီ လက်ချား အရွက်ကို ထမင်းနှင့် ရောကြိတ်ပြီး၊ ပြည်တည်နာ၊ အနာစိမ်း၊ ခွေးကို်က်နာ၊ ကြောင်ကိုက်နာ၊ အနာအို၊ အနာဆွေးများပေါ် အုံပြီး အဝတ် နှင့် စည်းထားပေးခြင်းဖြင့် အနာရင်းခြင်း၊ ငန်းမန်းလိုက်ခြင်းမရှိဘဲ အမြန်ဆုံး သက်သာ ပျောက်ကင်းစေပါတယ်။
ချဉ်ပေါင် နှင့် သိပ္ပံဆေးစွမ်း
(၁) အူသိမ်၊ အူမတို ့ကို ကောင်းကျိုးပြုပါတယ်။
(၂) ချဉ်ပေါင်ရွက် ထဲမှာ Hydroxy နှင့် Amino အက်ဆစ် များကြွယ်ဝစွာ ပါရှိ သောကြောင့် ဆီးအား ကောင်းစေပါတယ််။ ဆီးရွှင်၍ ဝမ်းသက်စေပါတယ်။
(၃) Vitamin C နှင့် သတ္တုဓာတ်တို ့ အမြောက်အ များပါရှိသောကြောင့် ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း၊ ဆဲလ်များ သေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ကို ကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကို နုုပျိုစေခြင်း၊
ကင်ဆာ ရောဂါများ ဖြစ်နိုင်ချေ အလား အလာ နည်းပါးစေနိုင်ခြင်း၊ အဆုတ်ကို ကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေ ါ်နှာစေး ချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည် ယိုနှာပိတ်ခြင်းတို ့မှလဲ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။
(၄) Calcium ဓာတ် အမြောက်အများ ပါရှိ သဖြင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြော အဖွဲ ့အ စည်း များနှင် ့ကြွက်သားများ ဖွဲ ့စည်းမှုကို တိုးတက် ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်း မှကာကွယ်ပေးခြင်း၊ ခြေလက်များ တဆစ်ဆစ် နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို ့ကိုသက်သာပျောက် ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ ့ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါတယ်။
(၅) ချဉ်ပေါင်ပန်းပွင့် များဟာ နှလုံးရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။
(၆) ချဉ်ပေါင်ဖူး ၏ အစေ့မှ လဲ အဆီထုတ်ယူနိုင်ပါတယ်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာ အမျိုး မျိုးတို ့ကို လိမ်းပေးခြင်းဖြင့်ရောင် ကိုင်းခြင်းကိုသက်သာစေပြီး၊အနာများလဲ ကျက်စေပါတယ်။
(၇) ခြေလည်ပင်း ပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့်သက်သာ ပျောက်ကင်းနိုင်ပါတယ်။
(၈) ချဉ် ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကို သက်သာေ ပျာက် ကင်းစေပါတယ််..။ လူကိုလန်းဆန်းစေနိုင်ပါတယ်။
(၉) ချဉ်ပေါင် အစေ့ပြုတ်ရည်ကို သောက် သုံးခြင်းဖြင့် အစာနင်ခြင်း နှင့် အစာမကျေခြင်းတို့ကို သက်သာ ပျောက်ကင်းစေ နိုင်ပါ တယ််။
(၁၀) ချဉ်ပေါင်ရွက် ကို လ္ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အေ လး ချိန်ကျစေ ပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါတယ်။ ကင်ဆာရောဂါ အမျိုးမျိုးတို့ကိုလဲဟန့်တား ကာကွယ် ပေးနိုုင်ပါတယ်။
(၁၁) ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည် ကိုသောက်ေ ပးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါတယ်။သတိပြုရန် သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ ချဉ်ပေါင် က သွေးပေါင်ချိန်တက် နိုင် ပါတယ်။ ချောင်းဆိုးရင်ကြပ် ဝေဒနာသည် များနှင့်လည်းမသင့်တော်ပါ။
ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ စျေးနှုန်းလဲမကြီးသော မိမိတို ့လက်တကမ်းမှာ ၁၂-လ ရာသီပတ် လုံး အလွယ်က တူရရှိနိုင် သော ချဉ်ပေါင်ရွက် တို ့ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဒူးနာအတွက် ချဉ်ပေါင်ရွက်ရိုးနီအား ထောင်းပြီး စည်းအုံပေးပါက သက်သာစေပါသည်။
Credit to MyFood Myanmar