ဘဝရဲ့လက်တွဲဖော် ရွေးချယ်တဲ့အခါ ဒီလိုလူမျိုးကို ရွေးချယ်ပါ…
လူတစ်ဦးတစ်ယောက်ကို မိမိ ဘဝတစ်သက်လုံးအတွက် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တဲ့အခါ မိမိတစ်ယောက်တည်းအပေါ် သိပ်ချစ်ပြီးချစ်နေတုန်းအချိန် အနစ်နာခံမှု၊ ဘာမဆိုလုပ်ပေးမှု၊ကိုယ်တစ်ယောက်တည်းအပေါ် ချစ်နေတုန်း ကောင်းခြင်း၊ ယုယခြင်း၊ ရိုးသားခြင်းလောက်နဲ့ ဘဝရဲ့ လက်တွဲဖော်ဆိုပြီး ရွေးချယ်လို့ မရနိုင်ပါဘူး …။
ဘာလို့လဲဆိုတော့… လူဆိုတာ မိမိသဘောကျနေတဲ့အချိန်၊ မိမိသိပ်ချစ်နေတဲ့အချိန်၊ မိမိချစ်နေသောသူကို အရာရာအကောင်းပဲမြင်ပြီး အရာရာခွင့်လွှတ်ပေးတတ်ကြတာ သဘာဝဖြစ်ပါတယ် …။
ကိုယ်နဲ့ အဆင်မပြေသော တစ်နေ့မှာ… ကိုယ့်အပေါ်မှာ ကြမ်းတမ်းသော အပြုအမူ၊ ရိုင်းစိုင်းသော အပြောအဆို၊ ရက်စက်သော လုပ်ရပ်တွေနဲ့ ထာဝရ ရန်သူကြီးတွေဖြစ်နေကြတာ လောကမှာ မြင်နေကြရမှာပါ …။
အဲ့တာကြောင့်…လူတစ်ယောက်ကို ဘဝအတွက်တစ်သက်လုံး ရွေးချယ်တဲ့အခါ – ကိုယ်နဲ့ လက်တွဲမဲ့သူက တစ်ခြားသူတစ်ဦးပေါ်
– တကယ် ကိုယ်ချင်းစာတရားရှိရဲ့လား ၊
– တကယ် စိတ်ကောင်း စေတနာကောင်း ရှိရဲ့လား ၊
– ပင်ကိုရိုးသားဖြူစင်သောစိတ် ရှိရဲ့လား ၊
– စကားပြောတာဆိုတာကအစ ရိုးသားယဉ်ကျေးသိမ်မွေ့မှု တကယ်ရှိရဲ့လား ၊
– သဘောထားကြီးမှု၊ နားလည်ခွင့်လွတ်တတ်မှု ရှိရဲ့လား ၊
– ကိုယ့်အပေါ်အရမ်းကောင်းတယ်၊ သူများပေါ်မှာကိုယ်လောက်မကောင်းပေမယ့် ..ပုံမှန်စိတ်ကောင်းစိတ်မြတ် ရှိရဲ့လား၊ ဆိုတာ စဉ်းစားရပါလိမ့်မယ် …။
ဒီလိုလူနဲ့ ဘဝတစ်သက်လုံးလက်တွဲမှ၊ ရေရှည်မှာ စိတ်ချမ်းသာမှုရမှာ ဖြစ်တယ်။ မိမိတစ်ယောက်တည်း အပေါ် ကောင်းတာလောက်နဲ့ ဘဝမှာလက်တွဲမိရင်တော့
ဘဝမှာ ပြင်လို့မရတဲ့ “နောင်တတရားတွေ” က မိမိကို စောင့်ကြိုနေလိမ့်ပါမယ်။ ဒါကြောင့် …ဘဝတစ်သက်တာအတွက် လက်တွဲဖော်ကို ကိုယ့်အပေါ်ချစ်မိနေတုန်း
ကောင်းခြင်းလောက်နဲ့ မရွေးချယ်ကြပါနဲ့ လို့ တိုက်တွန်းလိုက်ရပါတယ်နော် ။ ။
Credit; မေတ္တာဖြင့်အရှင်ဇနက – မန္တလေးစာသင်သား (ဓမ္မလက်ဆောင်)
Zawgyi
ဘဝရဲ႕လက္တြဲေဖာ္ ေ႐ြးခ်ယ္တဲ့အခါ ဒီလိုလူမ်ိဳးကို ေ႐ြးခ်ယ္ပါ ။
လူတစ္ဦးတစ္ေယာက္ကို မိမိ ဘဝတစ္သက္လုံးအတြက္ ဘဝလက္တြဲေဖာ္အျဖစ္ ေ႐ြးခ်ယ္တဲ့အခါ မိမိတစ္ေယာက္တည္းအေပၚ သိပ္ခ်စ္ၿပီးခ်စ္ေနတုန္းအခ်ိန္ အနစ္နာခံမႈ၊ ဘာမဆိုလုပ္ေပးမႈ၊ကိုယ္တစ္ေယာက္တည္းအေပၚ ခ်စ္ေနတုန္း ေကာင္းျခင္း၊ ယုယျခင္း၊ ႐ိုးသားျခင္းေလာက္နဲ႔ ဘဝရဲ႕ လက္တြဲေဖာ္ဆိုၿပီး ေ႐ြးခ်ယ္လို႔ မရႏိုင္ပါဘူး …။
ဘာလို႔လဲဆိုေတာ့… လူဆိုတာ မိမိသေဘာက်ေနတဲ့အခ်ိန္၊ မိမိသိပ္ခ်စ္ေနတဲ့အခ်ိန္၊ မိမိခ်စ္ေနေသာသူကို အရာရာအေကာင္းပဲျမင္ၿပီး အရာရာခြင့္လႊတ္ေပးတတ္ၾကတာ သဘာဝျဖစ္ပါတယ္ …။
ကိုယ္နဲ႔ အဆင္မေျပေသာ တစ္ေန႔မွာ… ကိုယ့္အေပၚမွာ ၾကမ္းတမ္းေသာ အျပဳအမူ၊ ႐ိုင္းစိုင္းေသာ အေျပာအဆို၊ ရက္စက္ေသာ လုပ္ရပ္ေတြနဲ႔ ထာဝရ ရန္သူႀကီးေတြျဖစ္ေနၾကတာ ေလာကမွာ ျမင္ေနၾကရမွာပါ …။
အဲ့တာေၾကာင့္…လူတစ္ေယာက္ကို ဘဝအတြက္တစ္သက္လုံး ေ႐ြးခ်ယ္တဲ့အခါ – ကိုယ္နဲ႔ လက္တြဲမဲ့သူက တစ္ျခားသူတစ္ဦးေပၚ
– တကယ္ ကိုယ္ခ်င္းစာတရားရွိရဲ႕လား ၊
– တကယ္ စိတ္ေကာင္း ေစတနာေကာင္း ရွိရဲ႕လား ၊
– ပင္ကို႐ိုးသားျဖဴစင္ေသာစိတ္ ရွိရဲ႕လား ၊
– စကားေျပာတာဆိုတာကအစ ႐ိုးသားယဥ္ေက်းသိမ္ေမြ႕မႈ တကယ္ရွိရဲ႕လား ၊
– သေဘာထားႀကီးမႈ၊ နားလည္ခြင့္လြတ္တတ္မႈ ရွိရဲ႕လား ၊
– ကိုယ့္အေပၚအရမ္းေကာင္းတယ္၊ သူမ်ားေပၚမွာကိုယ္ေလာက္မေကာင္းေပမယ့္.. ပုံမွန္စိတ္ေကာင္းစိတ္ျမတ္ ရွိရဲ႕လား..၊ ဆိုတာ စဥ္းစားရပါလိမ့္မယ္ …။
ဒီလိုလူနဲ႔ ဘဝတစ္သက္လုံးလက္တြဲမွ၊ ေရရွည္မွာ စိတ္ခ်မ္းသာမႈရမွာ ျဖစ္တယ္။ မိမိတစ္ေယာက္တည္း အေပၚ ေကာင္းတာေလာက္နဲ႔ ဘဝမွာလက္တြဲမိရင္ေတာ့
ဘဝမွာ ျပင္လို႔မရတဲ့ “ေနာင္တတရားေတြ” က မိမိကို ေစာင့္ႀကိဳေနလိမ့္ပါမယ္..။ ဒါေၾကာင့္ ..ဘဝတစ္သက္တာအတြက္ လက္တြဲေဖာ္ကို ကိုယ့္အေပၚခ်စ္မိေနတုန္း
ေကာင္းျခင္းေလာက္နဲ႔ မေ႐ြးခ်ယ္ၾကပါနဲ႔ လို႔ တိုက္တြန္းလိုက္ရပါတယ္ေနာ္ ။
Credit; ေမတၱာျဖင့္အရွင္ဇနက – မႏၲေလးစာသင္သား (ဓမၼလက္ေဆာင္)