လက္ထပ္ဖို႔ရည္႐ြယ္ထားတဲ့ ခ်စ္သူက ဒီအေၾကာင္းအရာေတြ မေျပာဘူးဆိုရင္ေတာ့…
အေပ်ာ္တြဲတဲ့ရည္းစားေတြဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ ကိုယ္သာတကယ္ လက္ထပ္ဖို႔ရည္႐ြယ္ထားတဲ့ ခ်စ္သူရွိေနမယ္ဆိုရင္ေတာ့
သူ႔အေနနဲ႔ ကိုယ့္ကို ဘယ္ေလာက္ထိ စိတ္ဝင္စားမႈရွိေနလဲ၊ မရွိေနလဲဆိုေတာ ဒီအခ်က္ (၅) ခ်က္တည္းနဲ႔ စမ္းစစ္ႏိုင္ပါတယ္။
(၁) အနာဂတ္
လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားတဲ့ခ်စ္သူမွန္ရင္ ပုံမွန္အတိုင္းဆို သင္နဲ႔ပတ္သက္တဲ့ အနာဂတ္အေၾကာင္းကိစၥေတြကို ေျပာကိုေျပာရမွာပါ။
ဒါေပမဲ့ သူ႔ဖက္က သင္နဲ႔ပတ္သက္တဲ့ အနာဂတ္အေၾကာင္းအရာေတြကို သင့္ကိုခဏခဏေျပာရမွာပါပဲ။ တိုင္ပင္ရမယ္၊ တီးတိုးရမယ္။ ဒါေပမဲ့ သူ႔ဖက္က အဲလိုေတြတစ္ခါမွမေျပာဘူးဆိုရင္ေတာ့ သတိထားသင့္ပါတယ္။
(၂) ပိုကၦံကိစၥ
ပိုက္ဆံဆိုတာ အခ်စ္ေရးနဲ႔မပသက္ဆိုင္ဘူးဆိုေပမယ့္လို႔ ရည္ရွည္လက္တြဲမယ့္ စုံတြဲေတြမွာေတာ့ ပိုက္ဆံကိစၥကို ေျပာကိုေျပာသင့္ပါတယ္။
ရွိျခင္းမရွိျခင္း ကိစၥတိုင္းကို ေပးသိထားသင့္ၿပီး…အသုံးစရိတ္ကိုလည္း တိုင္ပင္ခြဲျခမ္းျခင္းဟာ လက္ထပ္မယ့္စုံတြဲေတြအတြက္ ႀကိဳတင္ေလ့က်င့္ၿပီးသားျဖစ္ႏိုင္ပါတယ္။
(၃) အလုပၠိေစၥၾတ
လက္ထပ္မယ့္စုံတြဲေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ တြဲေနတုန္းမွာတင္ grow လုပ္ႏိုင္ရပါမယ္။ ဆိုလိုခ်င္တာ တစ္ေယာက္ရဲ႕အလုပ္ကိစၥေတြကို တစ္ေယာက္ ေထာက္ပံ့ႏိုင္ရမယ္၊
စိတ္ဓာတ္က်တဲ့အခ်ိန္မွာ အားေပးႏိုင္ရမယ္ စသျဖင့္ေပါ့..။ ဒါေပမဲ့ ဒီလိုေတြ မရွိေနဘူးဆိုရင္ေတာ့ သင္တို႔ရဲ႕အနာဂတ္ဟာ ေမွးမွိန္ေနဦးမွာပါပဲ။
(၄) မိသားစုအေၾကာင္း
သူဟာ သူ႔ရဲ႕မိသားစုအေၾကာင္းေတြကို မေျပာဘဲ တမင္ကို ထိန္ခ်န္ထားမယ္၊ လက္ထပ္မယ္ေျပာတာေတာင္မွပဲ သင့္ကို သူ႔ရဲ႕အသိုင္းအဝိုင္းနဲ႔ ေပးမသိဘူးဆိုရင္လည္း သူ႔ကိုယုံလို႔မရေသးပါဘူး။
(၅) ပြင့္ပြင့္လင္းလင္းမရွိျခင္း
ေယာက္်ားေလးေတြဟာ သူတို႔ရဲ႕ အေမွာင္ဖုံးလႊမ္းတဲ့ ဖက္ေတြကို ျပေလ့မရွိပါဘူး။ ပုံမွန္ပါပဲ။
ဒါေပမဲ့လို႔ သူဟာ သူ႔ရဲ႕ စိတ္ဓာတ္က်ျခင္းေတြ၊ ဝမ္းနည္းျခင္းေတြ စတာေတြကို လက္ထပ္မယ့္သူအေရွ႕မွာေတာင္မွပဲ မေဖာ္ျပဘဲ အၿမဲတမ္းဟန္ေဆာင္ေနတာဟာလည္း
သင္တို႔ရဲ႕ ဆက္ဆံေရးကို အေကာင္းဆုံးအေျခအေနကို ေရာက္ေစမွာမဟုတ္ပါဘူး…။
Credit-ပႏၷီ
Unicode Version
လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူက ဒီအကြောင်းအရာတွေ မပြောဘူးဆိုရင်တော့…
အပျော်တွဲတဲ့ရည်းစားတွေဆိုရင်တော့ ကိစ္စမရှိပေမယ့် ကိုယ်သာတကယ် လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိနေမယ်ဆိုရင်တော့
သူ့အနေနဲ့ ကိုယ့်ကို ဘယ်လောက်ထိ စိတ်ဝင်စားမှုရှိနေလဲ၊ မရှိနေလဲဆိုတော ဒီအချက် (၅) ချက်တည်းနဲ့ စမ်းစစ်နိုင်ပါတယ်။
(၁) အနာဂတ်
လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ချစ်သူမှန်ရင် ပုံမှန်အတိုင်းဆို သင်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းကိစ္စတွေကို ပြောကိုပြောရမှာပါ။
ဒါပေမဲ့ သူ့ဖက်က သင်နဲ့ပတ်သက်တဲ့ အနာဂတ်အကြောင်းအရာတွေကို သင့်ကိုခဏခဏပြောရမှာပါပဲ။ တိုင်ပင်ရမယ်၊ တီးတိုးရမယ်။ ဒါပေမဲ့ သူ့ဖက်က အဲလိုတွေတစ်ခါမှမပြောဘူးဆိုရင်တော့ သတိထားသင့်ပါတယ်။
(၂) ပိုက္ဆံကိစ္စ
ပိုက်ဆံဆိုတာ အချစ်ရေးနဲ့မပသက်ဆိုင်ဘူးဆိုပေမယ့်လို့ ရည်ရှည်လက်တွဲမယ့် စုံတွဲတွေမှာတော့ ပိုက်ဆံကိစ္စကို ပြောကိုပြောသင့်ပါတယ်။
ရှိခြင်းမရှိခြင်း ကိစ္စတိုင်းကို ပေးသိထားသင့်ပြီး အသုံးစရိတ်ကိုလည်း တိုင်ပင်ခွဲခြမ်းခြင်းဟာ လက်ထပ်မယ့်စုံတွဲတွေအတွက် ကြိုတင်လေ့ကျင့်ပြီးသားဖြစ်နိုင်ပါတယ်။
(၃) အလုပ္ကိစ္စေတြ
လက်ထပ်မယ့်စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် တွဲနေတုန်းမှာတင် grow လုပ်နိုင်ရပါမယ်။ ဆိုလိုချင်တာ တစ်ယောက်ရဲ့အလုပ်ကိစ္စတွေကို တစ်ယောက် ထောက်ပံ့နိုင်ရမယ်၊
စိတ်ဓာတ်ကျတဲ့အချိန်မှာ အားပေးနိုင်ရမယ် စသဖြင့်ပေါ့..။ ဒါပေမဲ့ ဒီလိုတွေ မရှိနေဘူးဆိုရင်တော့ သင်တို့ရဲ့အနာဂတ်ဟာ မှေးမှိန်နေဦးမှာပါပဲ။
(၄) မိသားစုအကြောင်း
သူဟာ သူ့ရဲ့မိသားစုအကြောင်းတွေကို မပြောဘဲ တမင်ကို ထိန်ချန်ထားမယ်၊ လက်ထပ်မယ်ပြောတာတောင်မှပဲ သင့်ကို သူ့ရဲ့အသိုင်းအဝိုင်းနဲ့ ပေးမသိဘူးဆိုရင်လည်း သူ့ကိုယုံလို့မရသေးပါဘူး။
(၅) ပွင့်ပွင့်လင်းလင်းမရှိခြင်း
ယောက်ျားလေးတွေဟာ သူတို့ရဲ့ အမှောင်ဖုံးလွှမ်းတဲ့ ဖက်တွေကို ပြလေ့မရှိပါဘူး။ ပုံမှန်ပါပဲ။
ဒါပေမဲ့လို့ သူဟာ သူ့ရဲ့ စိတ်ဓာတ်ကျခြင်းတွေ၊ ဝမ်းနည်းခြင်းတွေ စတာတွေကို လက်ထပ်မယ့်သူအရှေ့မှာတောင်မှပဲ မဖော်ပြဘဲ အမြဲတမ်းဟန်ဆောင်နေတာဟာလည်း
သင်တို့ရဲ့ ဆက်ဆံရေးကို အကောင်းဆုံးအခြေအနေကို ရောက်စေမှာမဟုတ်ပါဘူး..။
Credit- ပန္နီ