“မင်္ဂလာပါ ပရိသတ်ကြီးရေ” ယခုဖော်ပြပေးမှာကတော့ မိဘနဲ့သားသမီးကြားမှာ စိတ်အခန့်မသင့်လို့ မိဘကိုပြန်ပြီးတော့ အော်မိပြောမိတာတွေရှိတတ်ကြပါတယ်။
ဒါပေမယ့် အဲ့ဒီလို ပြန်ပြောတတ်တာတွေက တစ်ခါတစ်လေမှာ ဘာမှမဖြစ်ပေမယ့် မသိသာကြပေမယ့် မိဘတွေကို လုံးဝ မပြောသင့်တဲ့စကားဆိုတာမျိုးလည်း ရှိပါသေးတယ်။
ကိုယ်တွေက မသိလိုမသိဘာသာ ဒီအတိုင်း အမှတ်တမဲ့ပြောလိုက်တဲ့ စကားတွေ ဆိုပေမယ့် ကိုယ်တွေကို တကယ်ချစ်ပြီး တကယ်ဂရုစိုက်ပေးကြတဲ့ မိဘတွေကိုတော့ မပြောသင့်တဲ့စကား (၇) မျိုးရှိပါတယ်။
အထူသဖြင့် ကိုးလလွယ် ဆယ်လဖွားပေးတဲ့.. မာတာမိခင်ကိုပေါ့။ ခံစားချက်အတိုင်း အမှန်အတိုင်း ထုတ်ပြောပြတာဟာ ကောင်းပေမယ့် မိဘတွေနဲ့ပတ်သတ်ရင်တော့ အမြဲတမ်းလိုလို တုန့်ပြန်ပြောဆိုတာဟာ လုံးဝမကောင်းပါဘူး။
ကျေးဇူးရှင် မိဘနှစ်ပါးလည်းဖြစ် လက်ဦးဆရာလည်း ဖြစ်တာမို့ မိဘတွေကို စကားပြောဆိုတဲ့ အခါမှာ အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
မိဘတွေကို လုံးဝမပြောသင့်တဲ့ စကားလေးတွေကတော့..
(၁) မုန်းတယ် ဆိုတဲ့စကားကို လုံးဝလုံးဝ မပြောသင့်ပါဘူး။
ဒီစကားက သာမန်လူတွေ ကြားတဲ့အခါမှလည်း ခံစားရခက်သလို ကိုယ်တွေကို ကျွေးမွေးပြုစုတဲ့ မိဘနှစ်ပါးဆိုရင် ဘယ်လောက်တောင်ခံစားလိုက်ရမလဲ။
ဒါ့ကြောင့် ဒီစကားကို မပြောမိအောင် ရှောင်ရှားရပါမယ်။
(၂) ဘာဖြစ်လို့များ မွေးခဲ့တာလဲလို့ လုံးဝ မပြောသင့်ပါဘူး
ဘယ်လိုအခြေနေ ဘယ်လိုဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေပါစေ သင်ဟာ သူတို့ရဲ့ သွေးသားတစ်ခုပါ။ သင့်ကို ရင်နှင့်အမျှချစ်တဲ့ မိဘနှစ်ပါးကို သဘောထားမတိုက်ဆိုင်တာနဲ့ ဒီလိုစကား လုံးဝ မပြောသင့်ပါဘူး။
(၃) သင့်ကို ဘယ်တော့မှ အားမပေးဘူးလို့ မပြောသင့်ပါဘူး..။
သင့်ကို အားမပေးဘူးဆိုတာဟာ သင်ရွေးချယ်တဲ့လမ်း သင်လုပ်တဲ့အလုပ်ကို မသိနားမလည်တဲ့အတွက်ကြောင့်ဖြစ်စေ တခြားသော အားမပေးရတဲ့ အကြောင်းရင်းတစ်ခု ရှိနေလို့ပါ။
ဒါကို မိဘတွေဘက်ကနေ ပြန်တွေးပြီး နာလည်ပေးကာ သင်ရွေးထားတဲ့ လမ်းကို ပြန်စဉ်းစားသင့်ပါတယ်။
(၄) သင်ကလွဲရင် သင့်ရဲ့ညီအကိုမောင်နှမတွေကိုပဲ ချစ်တယ် သူတို့ကိုပဲပိုချစ်နေတယ်လို့ မပြောသင့်ပါဘူး။
ဘာကြောင့်လဲဆိုတော့ မိဘတွေက သသမီးအကုန်လုံးကို တန်းတူချစ်တာပါ။ သင့်ကို ချစ်ကြောင်း ထုတ်မပြတတ်လို့ မရှင်းပြတတ်လို့သာ ဘာမှမပြောကြတာပါ။
သင့်ကို စိတ်ပူလို့ မေတ္တာဒေါသကြောင့် ဆူလိုက်မိတိုင်း သင်စိတ်ဆိုးသွားတဲ့နောက်ပိုင်း စိတ်ပူနေတတ်ကြတာ မိဘတွေပါပဲ။ဒါကြောင့် သင့်ကိုချစ်တယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ပါ။
(၅)ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ် ဆိုတဲ့စကားကိုလည်း လုံးဝမပြောသင့်ပါဘူး။ မိဘတွေက သားသမီးတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြသလို သားသမီးတွေကလည်း မိဘတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး။
မိဘ ဆိုတာ သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်ကြတာပါ။ ဘဝပေးအခြေနေမကောင်းလို့ ဆင်းရဲတာရှိသလို ငွေကြေးချမ်းသာပေမယ့်လည်း စိတ်ဆင်းရဲနေကြရတဲ့သူတွေ ရှိကြပါတယ်။
ဘယ်သူမှ ပြည့်စုံတဲ့သူ မရှိကြပါဘူး။ ဒါကြောင့် ဒီစကားဟာ သင့်မိဘကို နာကျင်စေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် လုံးဝ မပြောမိအောင် ရှောင်ရှားသင့်ပါတယ်။
(၆) မိဘတွေကို ဝိုင်းကူရတာ / ထောက်ပံ့ရတာ ပင်ပန်းတယ်လို့ လုံးဝ မငြီးပါနဲ့..။
သင့်ကို ငယ်ရွယ်စဉ်ကတည်းက အခုချိန် အသက်အရွယ်အထိ ပြုစုစောင့်ရှောက်လာတာ ပင်ပန်းတယ်ဆိုပြီး တစ်ချက်တောင် မငြီးခဲ့တာ သင့်မိဘတွေပါပဲ။
ဒါ့ကြောင့် သင်ရဲ့မိဘကို ထောက်ပံ့ကူညီပေးတာဟာ ပင်ပန်းတယ်ဆိုပြီး လုံးဝမငြီးသင့်ပါဘူး။
(၇) မိဘတွေအနား မနေချင်ဘူးလို့ လုံးဝ မပြောသင့်ပါဘူး။
မိဘတွေ အသက်အရွယ်ရလာတဲ့အခါ အားကိုးစရာဆိုလို့ ဒီသားသမီးတွေပဲရှိတာပါ။ ဒီစကားကို မပြောသင့်တာဟာ မိဘတွေကို အားငယ် အထီးကျန်စေလို့ပါပဲ။
မိဘတွေ အသက်ကြီးလာတဲ့အခါ သည်းခံရတာတွေ ပြုစုရတာတွေ များလာမှာပါ..။
စိတ်ဆိုးတဲ့အခါ စကားမပြောတာတွေ မသိချင်ယောင်ဆောင်တာတွေ ရှောင်တာတွေ အဆက်အသွယ်မလုပ်တာတွေဟာ ကြာလာရင် မိဘမရှိတဲ့တစ်နေ့ကျမှ သင်သားသမီးရတဲ့အခါမှ နောင်တရနေပါလိမ့်မယ်။
မိဘတွေ အသက်ကြီးလာတဲ့အခါ အထီးကျန်ရင် သားသမီးတွေကိုပဲ မျှော်နေတတ် တမ်းတနေတတ်ကြတာပါပဲ။ ဒါကြောင့် ဒီစကားတွေကို လုံးဝမပြောမိအောင် ရှောင်ရှားသင့်ပါတယ်။
ပြုစုကျွေးမွေးရတာ ထောက်ပံ့ရတာ ဝိုင်းကူပေးတာတွေကို လုံးဝ မငြီးတွားသင့်ပါဘူး။ စာဖတ်ပရိသတ်ကြီးအားလုံး ကိုယ့်မိဘအပေါ် သားသမီးတာဝန် ကျေပွန်နိုင်တတ်ကြပါစေ။
Credit – မူရင်းရေးသားသူအား လေးစားစွာဖြင့်