ၾကားသိရသမွ်

ရင်ကွဲနာကျပြီး သေဆုံးသွားခဲ့ရတဲ့ ကမ္ဘာ့ချစ်စရာအကောင်းဆုံး ခွေးလေး Boo အကြောင်း

ကမ္ဘာပေါ်က ချစ်စရာကောင်းတဲ့ ခွေးလေးတွေအများကြီးရှိပေမယ့် ပိုမေရေနီယန် အမျိုးအစားခွေးလေး ဘူးကတော့ အခြားခွေးလေးတွေထက် ပိုပြီး ကမ္ဘာ့ချစ်စရာအကောင်းဆုံးခွေးလေးလို့တောင် သတ်မှတ်ခံထားရတဲ့ခွေးလေးပဲဖြစ်ပါတယ်။

ဘူးကတော့ အမေရိကန်က သူ့ရဲ့သခင်တွေက ဘူးရဲ့ချစ်စရာဓာတ်ပုံလေးတွေကို လူမှုကွန်ယက်ပေါ်.. ပျံ့နှံ့လာခဲ့ရာမှစပြီး ကမ္ဘာပေါ်က လူတော်တော်များများရဲ့ အချစ်တော်ခွေးလေးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဘူးဟာ သူ့ရဲ့အဖော်ဖြစ်တဲ့ ဘတ်ဒီရဲ့အမေရိကန်က သခင်တွေလက်ထဲမှာ အတူတူကြီးပြင်းလာခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်မှာတော့ဘူးရဲ့အဖော်ခွေးလေး ဘတ်ဒီ ဟာ သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီအချိန်ကစပြီး ဘူးဟာ နေ့ရက်တိုင်းလိုလို တကောင်တည် း..အထီးကျန်နေတဲ့ပုံရိပ်တွေနဲ့ ပဲဖြစ်သန်းခဲ့သလို သူ့ကိုကြည့်လိုက်ရင်လည်း အမြဲလိုလိုကြေကွဲနေတဲ့ ပုံစံကိုပဲတွေ့မြင်ခဲ့ရပါတယ်။

သခင်တွေက သူ့ကိုပျော်ရွှင်အောင်လုပ်ပေးပေမယ့်လည်း ဘူးရဲ့ပြောက်ဆုံးသွားတဲ့ ပျော်ရွှင်မှုတွေကတော့ ပြန်ပေါ်လာခဲ့ခြင်းမရှိတော့ပါဘူး။

တရက်ပြီးတရက် ကြေကွဲမှုတွေနဲ့ဖြတ်သန်းလာခဲ့ရတဲ့ ခွေးလေးဘူးကတော့ နောက်ဆုံးမှာ ဝမ်းနည်းပူဆွေးမှုတွေပြင်းထန်ပြီး နှလုံးကွဲကြေကာ သေဆုံးခဲ့ရပြီပဲဖြစ်ပါတယ်။

ဘူးဟာ သူ့ရဲ့အဖော် ဘတ်ဒီ လေးရဲ့သေဆုံးမှုကနေ စတင်ခဲ့တဲ့ သူ့ရဲ့ကြေကွဲမှုတွေကို တနှစ်လောက် တောင့်ခံထားခဲ့ပေမယ့်.. အခုအချိန်မှာတော့ ခံနိုင်ရည်မရှိတော့ဘဲ ဘဝသစ်မှာစောင့်ကြိုနေတဲ့ ဘတ်ဒီရဲ့နောက်ကို လိုက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ဘူးလေးရဲ့သခင်ဖြစ်သူကလည်း ဘူးကကျနော်တို့နဲ့ နောက်ထပ်တနှစ်အတူတူဆက်ရှိနေခဲ့ပြီးတော့ အခုချိန်မှာတော့ဘူးနဲ့ဘတ်ဒီတို့ဟာကောင်းရာမွန်ရာ နေရာတခုမှာ ပြန်လည်တွေ့ဆုံနိုင်ပြီ ဖြစ်တာကြောင့် ဒါဟာ သူတို့အတွက် ကောင်းမွန်တဲ့ အခြေအနေတရပ်လည်း ဖြစ်ပါတယ်။

ဘူးသေဆုံးမှုက ကျနော်တို့မိသားစုအတွက် အသည်းကွဲစရာဖြစ်ပေမယ့် ဘူးက သူခံစားနေရတဲ့ဝေဒနာကိုထပ်မခံစားရတာတွေကိုတွေးမိလိုက်ရင်ဒါကို ကျေနပ်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ခွေးလေးတစ်ကောင်ဆိုပေမယ့် ကိုယ့်ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရချိန်ကစပြီးနေ့ရက်တိုင်းကိုဝမ်းနည်းပူဆွေးမှုတွေနဲ့ဖြတ်သန်းရင်း နောက်ဆုံးအသက်ပါသေဆုံးသွားခဲ့ရတဲ့ ခွေးလေး ဘူး ရဲ့အဖြစ်အပျက်ကတော့ အရမ်းသနားစရာကောင်းလှပါတယ်။

crd